Saturday, July 10, 2010

Linking Music to Learning

ညီလေးတို့ရေ

ဂီတဟာ စိတ်ကိုငြိမ်သက်တည်ငြိမ်စေပြီး အာရုံစူးစိုက်မှုအားပိုကောင်းအောင် အထောက်အကူပြုတယ်တဲ့။

The Journal Alternative Therapies In Health And Medicine မှာ ဖော်ပြခဲ့တဲ့ ၁၉၉၉ ခုက လေ့လာမှုတစ်ခုမှာ ဂီတကုထုံးဟာ ခန္ဓာကိုယ်ထဲက melatonin ပမာဏကို တိုးပွားစေတယ်လို့ တွေ့ရှိသတဲ့။ အဲဒီ melatonin ဟိုမုန်းဟာ အဲဒီလေ့လာမှုထဲက (အစမ်းသပ်ခံတဲ့) လူနာတွေကို သက်တောင့်သက်သာ တည်တည်ငြိမ်ငြိမ် ဖြစ်အောင် ကူညီပေးတယ်လို့ ယုံကြကြတယ်။ melatonin ဟာ မှတ်သားညဏ်နဲ့ သင်ယူလေ့လာခြင်းမှာ အထောက်အကူဖြစ်တယ်လို့လည်း ယုံကြည်ကြတယ်။

ဂီတဟာ အကောင်းမြင်တတ်တဲ့ စိတ်ခံစားမှုကို လှုံ့ဆော်ပေးတယ်ဆိုတာကတော့ ခိုင်ခိုင်မာမာ သေချာတယ်တဲ့။


Source: Mind Your Body (July 1, 2010)

No comments: