Sunday, July 11, 2010

Average Total Assets

ညီလေးတို့ရေ

ညီလေးတို့တွက်ထားတဲ့ ratio တွေကို ပြန်စစ်ကြည့်တဲ့အခါ Total Asset Turnover Ratio တွက်တဲ့အခါသုံးတဲ့ Average Total Assets တွေ မှားနေတာကို တွေ့ရတယ်။


asset turnover (or) sales-to-assets ratio ဟာ ကုမ္ပဏီရဲ့ assets တွေကို ဘယ်လောက် ခက်ခက်ခဲခဲ အသုံးချနေသလဲဆိုတာကို ပြသတယ်။

Asset Turnover Ratio = Sales / Average total assets


ဥပမာ - Asset Turnover Ratio = 1.10 ဆိုရင် assets တစ်ဒေါ်လာတိုင်းမှာ အရောင်း $1.10 ထုတ်လုပ်တယ်ပေါ့။

assets ဟာ တစ်နှစ်တာအတွင်းမှာ ပြောင်းလဲဖို့ ဖြစ်တန်ချေများတာကြောင့် နှစ်တစ်နှစ်ရဲ့ အစ နဲ့ အဆုံးက average of assets ကိုသုံးတယ်ဆိုတာ သတိပြုပါ။

အဲဒါ Efficiency Ratios တွေအကြောင်းပြောတုန်းက ပြောပြီးခဲ့ပြီးသားကို ပြန်ပြောပြတာနော်။

အဲဒီတော့ မှတ်ရလွယ်အောင် Average Total Assets ကို နှစ် (၂) နှစ်အတွင်းက စုစုပေါင်း assets တွေရဲ့ ပျမ်းမျှပမာဏအဖြစ် တွက်ချက်တယ်လို့ပဲ မှတ်ကြပါစို့။

Total assets (current year) + Total assets (previous year) ÷ 2.

No comments: