Monday, July 5, 2010

Inflation & the Time Value of Money

ညီလေးတို့ရေ

ကုန်စည်နဲ့ ဝန်ဆောင်မှုတွေရဲ့ ဈေးနှုန်းတွေဟာ စဉ်ဆက်မပြတ် ပြောင်းလဲနေတယ်။ အလုံးစုံ အထွေထွေ ဈေးနှုန်းမှာမြင့်တက်လာမှုကို inflation လို့ခေါ်တယ်။

စီးပွားရေးပညာရှင်တွေဟာ ဈေးနှုန်းရဲ့ ယေဘူယျ level ကို ခြေရာကောက်ဖို့ price indexes အမျိုးမျိုးသုံးကြတယ်။ Consumer Price Index, CPI ကတော့ လူသိအများဆုံးပေါ့။

တစ်ချို့နိုင်ငံအနည်းငယ်မှာတော့ ဈေးနှုန်းထိုးကျတဲ့ deflation ကိုတောင် တွေ့ကြုံနေကြတာမျိုးလည်း ရှိပြန်တယ်။


Current or Normal Dollars vs Constant or Real Dollars



Current or Normal Dollars ဟာ အဲဒီနေ့ရဲ့ ဒေါ်လာ (အစစ်အမှန်) အရေအတွက်ကိုညွှန်းပြီး Constant or Real Dollars က Purchasing Power ရဲ့ ပမာဏကို ညွန်းတယ်။


Nominal Interest Rate



ရင်းနှီးမြှုပ်နှံထားတဲ့ ငွေရဲ့ တိုးပွားတဲ့ နှုန်းပေါ့။

ဘဏ်မှာပိုက်ဆံအပ်ထားပြီး အဲဒီနှစ်အတွက် Nominal Interest Rate ၆ % ရတယ်ဆိုပါစို့။ အဲဒီနှစ်မှာ Inflation rate ကလည်း ၆% ဆို ဘာအမြတ်အစွန်းမှ မရှိဘူး။ ဒီဥပမာမှာ Nominal Interest Rate က ၆ %၊ ဒါပေမယ့် Real Interest Rate က သုညပဲ။


Real Interest Rate



ရင်းနှီးမြှုပ်နှံမှုတစ်ခုရဲ့ Purchasing Power တိုးတက်တဲ့ နှုန်းပေါ့။ အကြမ်းအားဖြင့် လူပိန်းပြောပြောရရင် ဘဏ်မှာပိုက်ဆံအပ်ထားပြီး အဲဒီနှစ်အတွက် Nominal Interest Rate ၆ % ရတယ်ဆိုပါစို့။ အဲဒီနှစ်မှာ Inflation rate က ၂% ဆိုရင် Real Interest Rate က ၄% လို့ ဆိုကြပါတော့။ အတိအကျတော့ အဲသလိုမဟုတ်ဘူး။ ဒါက နားလည်လွယ်အောင် သဘောတရားပြောတာ။

real interest rate ≈ nominal interest rate - inflation rate

Current Dollar Cash Flows must be discounted by Nominal Interest Rate; Real Dollar Cash Flow must be discounted by Real Interest Rate

No comments: