Showing posts with label Business Finance. Show all posts
Showing posts with label Business Finance. Show all posts

Sunday, July 11, 2010

Average Total Assets

ညီလေးတို့ရေ

ညီလေးတို့တွက်ထားတဲ့ ratio တွေကို ပြန်စစ်ကြည့်တဲ့အခါ Total Asset Turnover Ratio တွက်တဲ့အခါသုံးတဲ့ Average Total Assets တွေ မှားနေတာကို တွေ့ရတယ်။


asset turnover (or) sales-to-assets ratio ဟာ ကုမ္ပဏီရဲ့ assets တွေကို ဘယ်လောက် ခက်ခက်ခဲခဲ အသုံးချနေသလဲဆိုတာကို ပြသတယ်။

Asset Turnover Ratio = Sales / Average total assets


ဥပမာ - Asset Turnover Ratio = 1.10 ဆိုရင် assets တစ်ဒေါ်လာတိုင်းမှာ အရောင်း $1.10 ထုတ်လုပ်တယ်ပေါ့။

assets ဟာ တစ်နှစ်တာအတွင်းမှာ ပြောင်းလဲဖို့ ဖြစ်တန်ချေများတာကြောင့် နှစ်တစ်နှစ်ရဲ့ အစ နဲ့ အဆုံးက average of assets ကိုသုံးတယ်ဆိုတာ သတိပြုပါ။

အဲဒါ Efficiency Ratios တွေအကြောင်းပြောတုန်းက ပြောပြီးခဲ့ပြီးသားကို ပြန်ပြောပြတာနော်။

အဲဒီတော့ မှတ်ရလွယ်အောင် Average Total Assets ကို နှစ် (၂) နှစ်အတွင်းက စုစုပေါင်း assets တွေရဲ့ ပျမ်းမျှပမာဏအဖြစ် တွက်ချက်တယ်လို့ပဲ မှတ်ကြပါစို့။

Total assets (current year) + Total assets (previous year) ÷ 2.

Monday, July 5, 2010

Cost of Revenue, Cost of Sales, Cost of Goods Sold (COGS)

ညီလေးတို့ရေ

Cost of goods sold (COGS) ဆိုတာ ကုန်ပစ္စည်းတစ်ခုကို ထုတ်လုပ်ဖို့၊ ဖန်တီးဖို့ ဒါမှမဟုတ် ရောင်းချဖို့ အလို့ငှာ ကုမ္ပဏီတစ်ခုက ကုန်ကျတဲ့ စရိတ်ပဲဖြစ်တယ်။ အဲဒီမှာ ကုန်ကြမ်းဝယ်ယူတဲ့ ဈေးနှုန်းတွေပါသလို အဲဒီကုန်ကြမ်းကို ကုန်ချောဖြစ်အောင် ပြောင်းလဲရတဲ့ ကုန်ကျစရိတ်တွေလည်း ပါဝင်တယ်။ Cost of goods sold (COGS) ကို cost of revenue (ဒါမှမဟုတ်) cost of sales လို့လည်း သိကြတယ်။

အချို့သော ရင်းနှီးမြှုပ်နှံသူတွေ အလွန်အမင်း အောင်မြင်ကြတဲ့ အကြောင်းခြင်းရာတွေအနက်က တစ်ခုကတော့ သူတို့ဟာ profits နဲ့ cost of goods sold ကြားက တိကျတဲ့ ဆက်နွယ်နေမှုကို သိကြလို့ပဲဖြစ်တယ်။

Gross Profit

ညီလေးတို့ရေ

gross profit ဆိုတာ revenue ကို ဖြစ်ပေါ်စေတဲ့ ကုန်ကျစရိတ် နုတ်လိုက်ပြီးတဲ့ စုစုပေါင်း revenue ပဲ။

sales ထဲက cost of goods sold ကို နုတ်ထားတာပေါ့။

လစာတို့၊ ဝင်ငွေခွန်တို့၊ မီးတာခတို့၊ ရေခတို့၊ ရုံးခန်းခတို့ စတဲ့ တစ်ခြားကုန်ကျစားရိတ်တွေ မပေးဖူးဆိုရင် gross profit ဟာ စီးပွားရေးလုပ်ငန်းတစ်ခုက ဘယ်လောက်များများ ငွေဝင်အောင်ရှာနိုင်တယ်ဆိုတာ ပြောတာပဲ။

Total Revenue - Cost of Goods Sold (COGS) = Gross Profit

Gorss Profit Margin

ညီလေးတို့ရေ

gross profit margin ဆိုတာ ကုန်စည်ထုတ်လုပ်မှုဖြစ်စဉ်အတွင်းမှာ ကုမ္ပဏီရဲ့ ကုန်ထုတ်လုပ်မှုနဲ့ ဖြန့်ဖြူးမှု efficiency အတိုင်းအတာတစ်ခုဖြစ်တယ်။ gross profit ဟာ ရောင်းချပြီးတဲ့ ကုန်စည်ရဲ့ ကုန်ကျစားရိတ် နုတ်အပြီး ကျန်တဲ့ အရောင်းရဲ့ ရာခိုင်နှုန်းကို ပြောပြတယ်။

သူ့ပြိုင်ဖက်ကုမ္ပဏီထက် gross profit margin ပိုမြင့်မားတဲ့ ကုမ္ပဏီဟာ ပိုပြီး ထိရောက်မှုရှိတာပေါ့။ ရင်နှီးမြှုပ်နှံသူတွေဟာ ပြိုင်ဖက်တွေထက် efficiency ratings ပိုမြင့်မားတဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် ပေးဖို့ ရည်သန်ကြတယ်။ ဘာကြောင့်လဲဆိုတော့ overhead costs ကို ထိန်းချုပ်ထားသရွေ့ အဲဒီစီးပွားရေးလုပ်ငန်းတွေဟာ သင့်တော်တဲ့ အမြတ်ကို ထုတ်လုပ်နိုင်စွမ်း ရှိနိုင်လောက်လို့ပဲ။ (overhead ဆိုတာ rent, utilities စတာတွေကို ရည်ညွှန်းတယ်)

Gross Profit Margin = Gross Profit ÷ Total Revenue

Effective Annual Interest Rate

ညီလေးတို့ရေ

effective annual interest rate: Interest rate that is annualized using compound interest.

ဒါကြောင့် effective annual interest rate ကို annually compounded rate လို့လည်း ခေါ်တယ်။

annual percentage rate(APR): Interest rate that is annualized using simple interest. compound interest ရဲ့ သက်ရောက်မှုကို အသိအမှတ်မပြုဘူး။

effective annual rate ဆိုတာ ရင်နှီးမြှုပ်နှံထားတဲ့ ဘဏ္ဍာငွေဟာ တစ်နှစ်ပတ်လည်မှာ ကြီးပွားလာမယ့် နှုန်းပဲဖြစ်တယ်။ အဲဒါဟာ တစ်နှစ်အတွင်းမှာရှိတဲ့ ကာလအပိုင်းအခြားတွေရဲ့ အရေအတွက် အတွက် ပေါင်းစပ်ထားတဲ့ ကာလအပိုင်းအခြားမှာ အတိုးရဲ့နှုန်းထားနဲ့ ညီမျှတယ်။

Inflation & the Time Value of Money

ညီလေးတို့ရေ

ကုန်စည်နဲ့ ဝန်ဆောင်မှုတွေရဲ့ ဈေးနှုန်းတွေဟာ စဉ်ဆက်မပြတ် ပြောင်းလဲနေတယ်။ အလုံးစုံ အထွေထွေ ဈေးနှုန်းမှာမြင့်တက်လာမှုကို inflation လို့ခေါ်တယ်။

စီးပွားရေးပညာရှင်တွေဟာ ဈေးနှုန်းရဲ့ ယေဘူယျ level ကို ခြေရာကောက်ဖို့ price indexes အမျိုးမျိုးသုံးကြတယ်။ Consumer Price Index, CPI ကတော့ လူသိအများဆုံးပေါ့။

တစ်ချို့နိုင်ငံအနည်းငယ်မှာတော့ ဈေးနှုန်းထိုးကျတဲ့ deflation ကိုတောင် တွေ့ကြုံနေကြတာမျိုးလည်း ရှိပြန်တယ်။


Current or Normal Dollars vs Constant or Real Dollars



Current or Normal Dollars ဟာ အဲဒီနေ့ရဲ့ ဒေါ်လာ (အစစ်အမှန်) အရေအတွက်ကိုညွှန်းပြီး Constant or Real Dollars က Purchasing Power ရဲ့ ပမာဏကို ညွန်းတယ်။


Nominal Interest Rate



ရင်းနှီးမြှုပ်နှံထားတဲ့ ငွေရဲ့ တိုးပွားတဲ့ နှုန်းပေါ့။

ဘဏ်မှာပိုက်ဆံအပ်ထားပြီး အဲဒီနှစ်အတွက် Nominal Interest Rate ၆ % ရတယ်ဆိုပါစို့။ အဲဒီနှစ်မှာ Inflation rate ကလည်း ၆% ဆို ဘာအမြတ်အစွန်းမှ မရှိဘူး။ ဒီဥပမာမှာ Nominal Interest Rate က ၆ %၊ ဒါပေမယ့် Real Interest Rate က သုညပဲ။


Real Interest Rate



ရင်းနှီးမြှုပ်နှံမှုတစ်ခုရဲ့ Purchasing Power တိုးတက်တဲ့ နှုန်းပေါ့။ အကြမ်းအားဖြင့် လူပိန်းပြောပြောရရင် ဘဏ်မှာပိုက်ဆံအပ်ထားပြီး အဲဒီနှစ်အတွက် Nominal Interest Rate ၆ % ရတယ်ဆိုပါစို့။ အဲဒီနှစ်မှာ Inflation rate က ၂% ဆိုရင် Real Interest Rate က ၄% လို့ ဆိုကြပါတော့။ အတိအကျတော့ အဲသလိုမဟုတ်ဘူး။ ဒါက နားလည်လွယ်အောင် သဘောတရားပြောတာ။

real interest rate ≈ nominal interest rate - inflation rate

Current Dollar Cash Flows must be discounted by Nominal Interest Rate; Real Dollar Cash Flow must be discounted by Real Interest Rate

Level Cash Flows: Perpetuities & Annuities

ညီလေးတို့ရေ

သတ်မှတ်ထားတဲ့ အချိန်ကာလ အတိုင်းအတာတစ်ခု အတွင်းမှာ ညီတူညီမျှ ပမာဏကို လစဉ် ပေးချေသွားရတာမျိုးကို annuity လို့ခေါ်တယ်။ ဥပမာ - နှစ်သုံးဆယ် ချေးငွေဆိုရင် ညီတူညီမျှ ပမာဏ ပေးဆပ်ငွေပေါင်း ၃၆၀ ပေါ့။ ၄ နှစ်ချေးငွေဆို ၄၈ ကြိမ်ပေါ့။

အဲ အချိန်အပိုင်းအခြား ကန့်သတ်ချက်မရှိဘဲ ထာဝရပေးဆပ်နေတာမျိုးကို perpetuity လို့ ခေါ်တယ်။

annuity factor = Present Value of a $1 annuity


Annuity is equivalent to the different between an immediate and a delayed perpetuity.


Perpetuity နဲ့ annuity ပုံသေနည်းတွေက ပထမဦးဆုံး ပေးချေမှုကို အချိန်ကာလတစ်ခုရဲ့ အဆုံး (နှစ်ကုန်)မှာ ဖြစ်ပေါ်တယ်လို့ ယူဆတယ်။

အဲ မကြာခဏဆိုသလို ငွေပေးချေမှုကို ချက်ချင်းစတင်တာတွေရှိတယ်။ အဲသလို ချက်ချင်းစတဲ့ Level Stream of Cash Flow ကို annuity due လို့ခေါ်တယ်။

Future Value & Present Value

ညီလေးတို့ရေ



Future Value



ရင်းနှီးမြှုပ်နှံမှုတစ်ခုဟာ အတိုးရရှိပြီးတဲ့နောက် ကြီးထွားလာမယ့် ပမာဏပေါ့။


Present Value



အနာဂတ်ကာလမှာရှိမယ့် cash flow ရဲ့ ဒီကနေ့တန်ဖိုးပေါ့။

Present Value ကို တွက်ချက်တဲ့ တွက်နည်းကို discounted cash-flow (DCF) calculation လို့ ခေါ်သကွ။ Discounted Cash Flow ဆိုတာ အနာဂတ်မှာရှိမယ့် Cash Flow ရဲ့ Present Value ရဲ့ အခေါ်အဝေါ်တစ်မျိုးပါပဲ။ Present Value ကိုတွက်ချက်ရာမှာ သုံးတဲ့ အတိုးနှုန်း (r) ကို discount rate ခေါ်သဗျာ။ နောင်နှစ် (t) မှာရမယ့် $1 ရဲ့ Present Value, 1 / (1+r)t ကို discount factor လို့ခေါ်တယ်။

present value ကို တွက်တဲ့အခါ အမြဲတမ်း compound interest ကိုသုံးတယ်။

Market Value Added & EVA

ညီလေးတို့ရေ



market value added



ကုမ္ပဏီရဲ့ equity ရဲ့ market value နဲ့ book value တို့ရဲ့ အချိုးဟာ shareholders တွေ ထည့်ဝင်ခဲ့တဲ့ ငွေထက် သူတို့ရဲ့ရင်းနှီးမြှုပ်နှံ
မှု တန်ဖိုးဟာ ဘယ်လောက် သာလွန်နေသလဲဆိုတာကို ညွန်ပြတယ်။

equity တွေရဲ့ book value ဟာ shareholders တွေဆီက ထည့်ဝင်လာတဲ့ (ဒါမှမဟုတ်) သူတို့ကိုယ်စား ထိန်းသိမ်း ပြန်လည်မြှုပ်နှံလိုက်တဲ့ စုစုပေါင်းပမာဏနဲ့ ညီမျှတယ်။


market value က book value ထက်မြင့်မားတာကို ရင်းနှီးမြှုပ်နှံသူတွေကြိုက်တယ်။

ကုမ္ပဏီရဲ့ equity တွေရဲ့ market value နဲ့ book value ကြားက ခြားနားချက်ကို market value added လို့ ခေါ်တယ်။


အဲဒီအရာဟာ ကုမ္ပဏီ ထပ်ပေါင်းလိုက်တဲ့ တန်ဖိုးရဲ့ ဒေါ်လာအရေအတွက်ကို တိုင်းတာတယ်။


residual income/ economic value added or EVA



Investors တွေ လိုအပ်တဲ့ return ကို ရနေသလားဆိုတာကို သိမြင်ဖို့ ကုမ္ပဏီရဲ့ return on assets cost of capital ကို မကြာခဏ နှိုင်းယှဉ်တယ်။ ကုန်ကျစားရိတ်အားလုံးနုတ်အပြီးမှာ profit ဘယ်လောက်ရရှိသလဲဆိုတာကို သိမြင်ဖို့ profit ထဲကနေ cost of capital ကို ထုတ်ယူတာဟာလည်း အသုံးဝင်တယ်။

ကုမ္ပဏီ (သို့) ဌာနတစ်ခုခုရဲ့ အသုံးပြုခဲ့တဲ့ cost of capital ကို ထုတ်နုတ်အပြီး အသားတင် profitကို residual income/ economic value added or EVA လို့ ခေါ်တယ်။

Du Pont System

ညီလေးတို့ရေ


The Decomposition of performance measures into component ratios is usually called the Du Pont System


အဲဒီ နည်းလမ်းကို လူသိများအောင်လုပ်ခဲ့တဲ့ ဓာတုဗေဒကုမ္ပဏီကို အသိအမှတ်ပြုတဲ့အနေနဲ့ အဲသလိုခေါ်တာ။

ဒီစနစ်ဟာ ကုမ္ပဏီရဲ့ return on assets and equity ကိုရှင်းပြရအောင် ratios တွေကို ဆက်စပ်ဖို့ အသုံးဝင်တဲ့နည်းလမ်းဖြစ်တယ်။

ပုံသေနည်းကဖော်ပြတာကတော့

Return on Equity ဟာ ကုမ္ပဏီရဲ့ leverage ratio, asset turnover, operating profit margin, debt burden တွေက မွေးဖွားလာတာဖြစ်တယ်။


Return on Assets ဟာ ကုမ္ပဏီရဲ့ asset turnover နဲ့ operating profit margin တို့က မွေးဖွားလာတာဖြစ်တယ်။

Sunday, July 4, 2010

Prfitability Ratios

ညီလေးတို့ရေ

Shareholders တွေက ကုမ္ပဏီထဲမှာ သူတို့ရင်းနှီးမြှုပ်နှံထား
တဲ့ တစ်ဒေါ်လာတိုင်းဟာ အမြတ်အစွန်းဘယ်လောက် ဖြစ်ပေါ်နေတယ်ဆိုတာ သိချင်ကြတာပေါ့။ Profit Margin ဟာ အရောင်းတစ်ဒေါ်လာက ထုတ်လုပ်ပေးတဲ့ အမြတ်အစွန်းကို ပြောပြတယ်။

Profit Margin



Profit margin = net income / sales


တကယ်လို့ ကုမ္ပဏီတွေဟာ အကြွေးနဲ့ တစ်စိတ်တစ်ပိုင်း ကြားကန်ထားတယ်ဆိုရင် အမြတ်အစွန်းကို debtholders နဲ့ shareholders တွေကြားမှာ ခွဲခြမ်းရတယ်။

Operating profit margin = net income + interest / sales


Return on Assets (ROA)



မကြာခဏဆိုသလိုပဲ ကုမ္ပဏီတစ်ခုရဲ့စွမ်းဆောင်ရည်ကို net income နဲ့ total assets တို့ရဲ့ အချိုးနဲ့ တိုင်းတာတယ်။

Return on assets = (net income + interest) / average total assets


assets ဟာ မူလစားရိတ် (depreciation နုတ်ပြီး) အခြေခံပေါ်မှာ တန်ဖိုးသတ်မှတ်တယ်။ High return on assets ဟာ အဲဒီ assets ကို ဒီနေ့ဝယ်ပြီး High return ပြန်ရမယ်လို့ အမြဲတမ်း မဆိုလိုဘူး။ Low return ကလည်း တစ်ခြားတစ်နေရာရာမှာ အသုံးချတာပိုကောင်းတယ်လို့ မဆိုလိုဘူး။ ဒါပေမယ့် searching questions အချို့ မေးမြန်းသင့်တယ်လို့ အကြံပေးတယ်။


Return on Equity (ROE)



Profitability ရဲ့ အခြားအတိုင်းအတာတစ်ခုကတော့ return on the shareholders' equity ကို အာရုံစိုက်တယ်။

Return on equity = net income / average equity


Payout Ratio



dividends တွေအဖြစ် ပေးလိုက်တဲ့ earnings ရဲ့ proportion ကို တိုင်းတာတယ်။

Payout ratio = dividends / earnings

Dividends အဖြစ် မပေးတဲ့ earnings ကို ထိန်းသိမ်းထားတယ် ဒါမှမဟုတ် စီးပွားရေးထဲမှာ ပြန်ပျိုးလိုက်တယ်။ အဲသလို ပြန်လည်ရင်းနှီးမြှုပ်နှံလိုက်တဲ့ earnings ရဲ့ proportion ကို plowback ratio လို့ ခေါ်တယ်။

Plowback ratio = 1 - payout ratio = (earnings - dividends) / earnings


နှစ်စဉ်နှစ်တိုင်း earnings ကို ပြန်လည်ရင်နှီးပျိုးထောင်(plowing back)လိုက်တဲ့ အပိုင်းရဲ့ ရလဒ်အဖြစ် shareholders' equity တွေဟာ ဘယ်လောက်ထပ်ခါတလဲလဲ ကြီးထွားနေသလဲဆိုတာ မြင်နိုင်ဖို့ဆိုရင် အောက်က ပုံသေနည်းအတိုင်း တွက်ချက်ယူတယ်။

Growth in equity from plowback = plowback ratio * ROE

Efficiency Ratios

ညီလေးတို့ရေ

Turnover ratio ဟာ assets တစ်ဒေါ်လာတိုင်းမှာ ဘယ်လောက်ထုတ်လုပ်သလဲဆိုတာကို တိုင်းတာတယ်။ ဥပမာ assets တစ်ဒေါ်လာမှာ ဖြစ်ပေါ်စေတဲ့ sales (ဒါမှမဟုတ်) ရောင်းချလိုက်တဲ့ကုန်စည် တစ်ဒေါ်လာမှာ inventory level.


Asset Turnover Ratio



asset turnover (or) sales-to-assets ratio ကုမ္ပဏီရဲ့ assets တွေကို ဘယ်လောက် ခက်ခက်ခဲခဲ အသုံးချနေသလဲဆိုတာကို ပြသတယ်။

Asset Turnover Ratio = Sales / Average total assets

ဥပမာ - Asset Turnover Ratio = 1.10 ဆိုရင် assets တစ်ဒေါ်လာတိုင်းမှာ အရောင်း $1.10 ထုတ်လုပ်တယ်ပေါ့။

assets ဟာ တစ်နှစ်တာအတွင်းမှာ ပြောင်းလဲဖို့ ဖြစ်တန်ချေများတာကြောင့် နှစ်တစ်နှစ်ရဲ့ အစ နဲ့ အဆုံးက average of assets ကိုသုံးတယ်ဆိုတာ သတိပြုပါ။

တစ်ခါတစ်ရံ sales to total assets အစား၊ sales ကို fixed assets တို့ net working capital တို့ စတဲ့ သီးသန့် capital တွေနဲ့ အချိုးချပြီးတော့လည်း ကြည့်တယ်။

Sales to Average Fixed Assets = Sales / Average Fixed Assets



Average Collection Period



ဖောက်သည်က ဘယ်လောက်မြန်မြန် ငွေချေတယ်ဆိုတာကို တိုင်းတာတယ်။ account receivable ကို daily sales အနေနဲ့ ဖော်ပြတယ်။

Average collection period = average receivables / average daily sales

ဥပမာ - အဖြေက ၃၆.၄ ရက်ဆို ဖောက်သည်တွေဟာ သူတို့ရဲ့ပြေစာကို ၃၆ ရက်လောက်မှာ ပေးချေကြတယ်ပေါ့။


Inventory Turnover Ratio



Inventory Turnover Ratio = cost of goods sold / average inventory


တစ်ခါတရံ inventories က ဘယ်နှစ်ရက်စာ အရောင်းကို ကိုယ်စားပြုသလဲဆိုတာကို ကြည့်ရှူတယ်။

Days' sales in inventories = average inventory / (cost of goods sold/360)

ဥပမာ - အဖြေက ၄၄.၄ ရက်ဆိုရင် ကုမ္ပဏီမှာ အရောင်းကိုထိန်းထားဖို့ ၄၄ ရက်စာ inventories အလုံအလောက်ရှိတယ်ပေါ့။

Liquidity Ratio

ညီလေးတို့ရေ

မင်းတို့ဟာ ဖောက်သည်ကို credit ထပ်တိုးပေးမယ် (ဒါမှမဟုတ်) ကာလတိုဘဏ်ချေးငွေတစ်ခု လုပ်မယ်ဆိုရင် ၊ မင်းတို့ဟာ ကုမ္ပဏီရဲ့ leverage ထက်ပိုပြီး စိတ်ဝင်စားနေကြတာပဲ။ မင်းတို့ဟာ အဲဒီဖောက်သည်ဟာ မင်းကို ငွေပြန်ဆပ်နိုင် မဆပ်နိုင် သိချင်မှာပဲ။ ဒါကြောင့် credit analysts တွေနဲ့ ဘဏ်သမားတွေဟာ liquidity နဲ့ပတ်သက်တဲ့ အတိုင်းအတာ အမြောက်အမြားကို ကြည့်ရှုကြတာပေါ့။ Liquid assets တွေဟာ ငွေသား(cash) အဖြစ် သက်သက်သာသာ မြန်မြန်ဆန်ဆန် ပြောင်းလို့ရတယ်။

ဥပမာအားဖြင့် account receivable နဲ့ inventories of finished goods တွေဟာ အများအားဖြင့် အရည်ဖျော် (ငွေသားဖြစ်အောင်ပြောင်း) လွယ်တယ်။ အခြားအစွန်းတစ်ဖက်ကဆိုရင် real estate ဟာ အရည်ဖျော်ဖို့မလွယ်ကူလောက်ဘူး။


Net Working Capital to Total Assets Ratio



Net working Capital = Current Assets - Current Liabilities

ဒါဟာ အကြမ်းအားဖြင့် ကုမ္ပဏီရဲ့ ရန်ပုံငွေအလားအလာကို တိုင်းတာတယ်။ ပုံမှန်အားဖြင့်တော့ current assets က current liabilities ထက် သာလွန်နေလေ့ရှိတယ်။ မကြာခဏဆိုသလိုပဲ Net working capital ကို proportion of total asset အဖြစ် ဖော်ပြလေ့ရှိတယ်။


Current Ratio



Current Ratio = current assets / current liabilities

ဥပမာ current ratio = 1.28 ဆိုရင် current liabilities $1 တိုင်းအတွက် current assets $1.28 ရှိတယ်ပေါ့။

current ratio မှာ ထပ်ခါတလဲလဲ ရုတ်လျော့တာဟာ တစ်ခါတရံ ပြဿနာကို အချက်ပြတာပဲ။ ဥပမာ ပေးစရာရှိတဲ့ payables တွေကို မပေးဘဲ အီလေးဆွဲနေရင် current liabilities တွေတိုးလာပြီး current ratio ကျဆင်းလာမယ်။


Quick (or Acid-Test) Ratio



Quick Ratio = (Cash+marketable securities+receivable) / current liabilities



Cash Ratio



ကုမ္ပဏီတစ်ခုရဲ့ အရည်အဖျော်လွယ်ဆုံး liquid assets တွေဟာ သူဆုပ်ကိုင်ထားတဲ့ ငွေသားနဲ့ marketable securities တွေပဲ ဖြစ်တယ်။ ဒါကြောင့် analysts တွေဟာ Cash Ratio ကိုလည်း ကြည့်ကြတယ်။

Cash Ratio = (Cash + marketable securities) / current liabilities

Income Statement

ညီလေးတို့ရေ

Income Statement ဟာ ကုမ္ပဏီရဲ့ revenues နဲ့ expenses ရယ်၊ အဲဒီနှစ်ခုကြားက ခြားနားချက် (တစ်နည်း) ကုမ္ပဏီရဲ့ profit တွေကို အကျဉ်းချုံးဖော်ပြတယ်။

interest ကို အခွန်မဆောင်မီဝင်ငွေ (pretax income) ထဲက ပေးတယ်ဆိုတာ မှတ်ထားပါ။

Net income ကို common stockholders တွေက ပိုင်ဆိုင်တယ်။

Net income ရဲ့ တစ်စိတ်တစ်ပိုင်းကို dividends အဖြစ်ပေးတယ်။

ကုမ္ပဏီတွေကြားမှာ နှိုင်းယှဉ်လေ့လာစီစစ်ဖို့ common-size income statement ကို တစ်ခါတစ်ရံ တွက်ချက်တယ်။ ဒီကိစ္စမှာ income statement ထဲက အချက်အလက်အားလုံးကို revenues ရဲ့ ရာခိုင်နှုန်းအနေနဲ့ ဖော်ပြတယ်။

Balance Sheet

ညီလေးတို့ရေ

Income Statement ဟာ အချိန်အပိုင်းအခြားတစ်ခုအတွ
င်းက လုပ်ဆောင်ချက်တွေကို အကျဉ်းချုံးဖော်စဉ်မှာ balance sheet ကတော့ ပေးထားတဲ့ အချိန်အခိုက်အတန့်က ကုမ္ပဏီရဲ့တဒင်္ဂအခြေအနေကို ဖော်ပြတယ်။

Current Assets

စာရင်းကိုင်တစ်ယောက်ဟာ နီးကပ်တဲ့အနာဂတ်မှာ ငွေကြေးအဖြစ် ပြောင်းလဲဖို့ ဖြစ်တန်ချေများတဲ့ assets တွေကို ပထမဦးဆုံး စာရင်းသွင်းတယ်။ အဲဒီထဲမှာ ငွေကြေး(cash) ကိုယ်တိုင်ရယ်၊ short-term securities, receivables ( ဖောက်သည်တွေက မပေးချေသေးတဲ့ ပြေစာတွေ)၊ raw materials, work in process, and finished goods တွေရဲ့ inventories တွေ ပါဝင်တယ်။ ဒီ assets တွေကို current assets လို့ သိကြတယ်။

Long-term Assets

Assets ရဲ့ ဒုတိယ အဓိက အုပ်စုကတော့ buildings, land, machinery and equipment စတဲ့အရာတွေဖြစ်တဲ့ long-term assets ပဲဖြစ်တယ်။ ဒီနေရာမှာ မှတ်ထားရမှာက balance sheet ဟာ အဲဒီ asset တစ်ခုချင်းစီရဲ့ ဈေးကွက်တန်ဖိုး) (market value) ကို မဖော်ပြဘူးဆိုတာပဲ။ အဲဒီအစား အဲဒီ assets ရဲ့ မူလကုန်ကျစားရိတ်ကိုပဲ စာရင်းသွင်းထားတယ်။ Plant and equipment တွေရဲ့ကိစ္စမှာ depreciation အတွက် နှစ်စဉ်အဖိုးအခကို နုတ်ပယ်တယ်။ (brand name ဟာ အဖိုးတန်တဲ့ assets တစ်ခုဖြစ်တယ်)

Current Liabilities

နီးကပ်တဲ့အနာဂတ်မှာ ကုမ္ပဏီက ပေးချေဖို့ မျှော်လင့်တဲ့ ပြေစာတွေဟာ current liabilities တွေဖြစ်တယ်။ အဲဒီထဲမှာ နောက်နှစ်အတွင်းမှာ ပြန်ပေးရမယ့် အကြွေးတွေ၊ payables (ကုမ္ပဏီက suppliers တွေပေါ်မှာ တင်ရှိနေတဲ့ ပမာဏ) တွေ ပါဝင်တယ်။

Long-term Liabilities

နှစ်ပေါင်းများစွာ ပြန်မပေးဘဲထားလို့ရတဲ့ ချေးယူထားတဲ့ပိုက်ဆံတွေဟာ long-term liabilities ဖြစ်တယ်။

ကုမ္ပဏီရဲ့ liabilities အားလုံးကို ထည့်သွင်းစဉ်းစားပြီးတဲ့အခါ ကျန်ရှိနေသေးတဲ့ assets တွေကို common stockholders တွေက ပိုင်ဆိုင်တယ်။

Shareholders' equity ဆိုတာ current and long-term liabilities ကိုနုတ်ပြီးတဲ့ assets ရဲ့ စုစုပေါင်းတန်ဖိုးပဲဖြစ်တယ်။ အဲဒါဟာ ကုမ္ပဏီက stockholders တွေဆီက မြှုပ်နှံတဲ့ဟာရယ် + stockholders တွေကိုယ်စား ပြန်ပြီးမြှုပ်နှံ၊ ထိန်းသိမ်းပြီး ပြန်လည်မြှုပ်နှံတဲ့ earnings ရယ် ပေါင်းထားတဲ့ ပမာဏနဲ့ ညီမျှတယ်။

common-size income statement ဟာ တစ်ခါတစ်ရံ အသုံးဝင်သလိုပဲ၊ common-size balance sheet ကိုလည်းပဲ တွက်ချက်နိုင်တယ်။ ဒီကိစ္စမှာတော့ အချက်အလက်အားလုံးကို total assets ရဲ့ ရာခိုင်နှုန်းအနေနဲ့ ဖော်ပြတယ်။

Leverage Ratios Share

ညီလေးတို့ရေ

ကုမ္ပဏီတစ်ခုဟာ ငွေချေးယူပြီဆိုရင် “အတိုးပေးမယ် တစ်နေ့ကျ အရင်းပြန်ဆပ်မယ်”လို့ ကတိကဝတ်ပြုတယ်။ Profits မြင့်တက်ရင် debtholders က ပုံသေအတိုးကိုပဲ ဆက်ပြီး လက်ခံယူနေတယ်။ ဒါကြောင့် shareholders တွေ စံရတယ်။။ အဲ Profits ထိုးကျရင်တော့ shareholders တွေ ခံပေတော့။ အချိန်အကြာကြီး အခက်အခဲတွေ့နေရင် တနင့်တပိုး အကြွေးယူထားတဲ့ ကုမ္ပဏီဟာ အကြွေးဆပ်နိုင်တော့မှာမဟုတ်
ဘူး။ ကုမ္ပဏီ bankrupt ဖြစ်ပြီး shareholders တွေ ရင်းနှီးမြှုပ်နှံမှုအကုန်လုံး ဆုံးရှုံးကြတယ်။ အချိန်ကောင်းတွေမှာ အကြွေးဟာ shareholders တွေရတဲ့ returns တွေကို တိုးမြှင့်ပြီး မကောင်းတဲ့အချိန်မှာတော့ လျှော့ချတာကြောင့် .. financial leverage ကို ဖန်တီးဖို့ အကြောင်းဖန်လာတယ်။ Leverage ratios က ကုမ္ပဏီဟာ financial leverage ဘယ်လောက်များများ ယူထားသလဲဆိုတာ တိုင်းတာတယ်။

Debt Ratio



Financial Leverage ကို အများအားဖြင့် long-term debt နဲ့ total long-term capital တို့ရဲ့ အချိုးဖြင့် တိုင်းတာတယ်။

Long-term debt မှာ bonds (ဒါမှမဟုတ်) တစ်ခြားခြေးယူထားခြင်းများသာ မကဘဲ the value of long-term leases ပါ ပါဝင်သင့်တယ်။ (long-term leases ဆိုတာ ရေရှည် ငှားရမ်းမှု သဘောတူညီချက်ပဲ .. ဒါကြောင့် ကုမ္ပဏီအနေနဲ့ ပုံမှန် ငှားရမ်းခပးရမယ်)။

Total long-term capital (တစ်ခါတလေ total capitalization လို့လည်း ခေါ်တယ်) = long-term debt + shareholders' equity

Long-term debt ratio = long-term debt / (long-term debt+equity)

(တကယ်လို့ Long-term debt ratio ဟာ 0.15 ဆိုရင် long-term capital ရဲ့ တစ်ကျပ်တိုင်းမှာ ၁၅ ပြားဟာ long-term debt ဖြစ်တယ်လို့ ဆိုလိုတာပဲ။)

(Debt-equity ratio = long-term debt / equity)

အဲသလိုလည်း Leverage ကို ဖော်ပြလို့ရတယ်။

Times Interest Earned Ratio



Financial Leverage အတွက် အခြားအတိုင်းအတာတစ်ခုကတော့ အတိုးပေးချေရန်ရှိမှုကို earnings က cover လုပ်တဲ့ အတိုင်းအတာပမာဏပဲဖြစ်တယ်။ ဘဏ်တွေဟာ အတိုးပေးချေရမှုထက် အများကြီးပိုလျှံနေတဲ့ earnings ရှိတဲ့ ကုမ္ပဏီကိုပဲ ငွေချေးပေးဖို့ ဦးစားပေးတယ်။ ဒါကြောင့် အတိုးနဲ့ အခွန်မပေးခင် earnings (earngings befor interests and taxes - EBIT) နဲ့ အတိုးပေးချေမှု(interest payments) တို့ရဲ့ အချိုးကို တွက်ချက်ကြတယ်။

Time interest earned = EBIT / interest payments

Time interest earned Ratio ကို interest cover ratio လို့လည်း ခေါ်တယ်။

Cash Coverage Ratio



ထွက်ငွေ တစ်ပြားတစ်ချပ်မှမှရှိဘူးဆိုရင်တောင် ကုမ္ပဏီရဲ့ earnings ကိုတွက်ချက်တဲ့အခါ depreciation ကို နုတ်တယ်။ လည်ပတ်နေတဲ့ယန္တရားမှ cash flow ဟာ အတိုး(interest) ကို cover လုပ်တဲ့ အတိုင်းအတာပမာဏကို တွက်ချက်ရတာ ပိုစိတ်ဝင်စားဖို့ကောင်းတယ်။ ဒါကို Cash Coverage Ratio ဖြင့်တိုင်းတာတယ်။

Cash Coverage Ratio = (EBIT + depreciation) / interest payments

Thursday, June 10, 2010

Gorss Profit Margin

The gross profit margin is a measurement of a company's manufacturing and distribution efficiency during the production process. The gross profit tells an investor the percentage of revenue / sales left after subtracting the cost of goods sold. A company that boasts a higher gross profit margin than its competitors and industry is more efficient. Investors tend to pay more for businesses that have higher efficiency ratings than their competitors, as these businesses should be able to make a decent profit as long as overhead costs are controlled (overhead refers to rent, utilities, etc.)

Gross Profit Margin : Gross Profit ÷ Total Revenue

Gross Profit

The gross profit is the total revenue subtracted by the cost of generating that revenue. In other words, gross profit is sales minus cost of goods sold. It tells you how much money a business would have made if it didn’t pay any other expenses such as salary, income taxes, office supplies, electricity, water, rent, etc.

Total Revenue - Cost of Goods Sold (COGS) = Gross Profit 

Cost of Revenue, Cost of Sales, Cost of Goods Sold (COGS)

Cost of goods sold (COGS for short) is the expense a company incurred in order to manufacture, create, or sell a product. It includes the purchase price of the raw material as well as the expenses of turning it into a product. Cost of goods sold (COGS) is also known as cost of revenue or cost of sales.

One of the reasons some investors are extremely successful is because they know the exact relationship between profits and cost of goods sold.