Showing posts with label Law of Attraction. Show all posts
Showing posts with label Law of Attraction. Show all posts

Sunday, November 18, 2012

စိတ်ကူးယဉ်အိပ်မက်ထဲကဘဝ လက်တွေ့ကိုယ်ထင်ပြစေသောဝ်

ဟိုးယခင် ကာလ၊ ကျွန်တော်တို့ ကြီးပြင်းခဲ့တဲ့ ဘဝမှာ ကြားဖူးနေကျ နားရည်ဝနေတဲ့ စကားပါ။

“VIP လူကြီးကား လာမယ်။ လမ်းကြောင်းရှင်းထားပါ။”

အခုလည်း “VIP လာနေတယ်။ လမ်းကြောင်းရှင်းထားပါ။” လို့ ပြောကြားပါရစေ။

ကျွန်တော်တို့ VIP ကတော့ အခြား၊ တစ်ပါးသောသူ ဟုတ်ရိုးလား။ ကျွန်တော်တို့ ကိုယ်စီကိုယ်ငှရဲ့ ဟိုးအနက်ရှိုင်းဆုံးက (နက်ရှိုင်းလွန်းလို့ မြင်ဖို့၊ သိဖို့ တော်တော်ခဲယဉ်းတဲ့) Very Important Passion (သို့မဟုတ်) Very Important Purpose ပါပဲ။

ကဲ မိတ်ဆွေ၊ “VIP လာနေတယ်။ လမ်းကြောင်းရှင်းထားပါ။”

- ။ ၁ ။ -  

ကိုယ့်ဘဝမှ ချို့ငဲ့တာ၊ မပြည့်စုံတာ၊ မလုံလောက်တာ၊ မရှိတာတွေကို အာရုံပြုမည့်အစား များပြားပေါကြွယ်အလျှံပယ်တာတွေမှာ အလေ့အကျင့်ရှိစွာ အာရုံပြုတတ်ပါစေ။
 
နည်းလမ်း ။..........။
ကိုယ့်ဘဝမှာ ရှိနေပြီးသား များပြားပေါကြွယ်အလျှံပယ်တာတွေကို နေ့စဉ်နေ့တိုင်း ကြံရွယ်စိတ်ကူး ပျော်ရွှင်မြူးဖို့ သတ်သတ်မှတ်မှတ် အချိန်တစ်ချိန်ချိန် ချန်ထားတဲ့ အစဉ်အလာတစ်ခု ပြုစုပျိုးထောင်ပါ။ ကိုယ့်ကိုယ်ကိုယ် အပြည့်အဝ ရှင်သန်နေတယ်လို့ ခံစားရတဲ့အရာ၊ ကိုယ် အူလှိုက်သည်းလှုက် စိတ်လှုပ်ရှားတဲ့အရာကို စူးစမ်းရှာဖွေပါ။ လေ့လာလိုက်စား အမိဖမ်းအရယူပါ။ စကြဝဠာကြီးက သင့်ဘက်မှာ။ ကောင်းချီးမင်္ဂလာအဖြာဖြာကို ရေတွက်ပါ။ နှလုံးသားနဲ့ ကျေးဇူးတင်ပါ။ စိတ်ခံစားမှုတွေနဲ့ အားသွင်းထားတဲ့ အပြုသဘော အကောင်းမြင်စိတ်ထားတွေကတစ်ဆင့် ကိုယ့်အလိုဆန္ဒ တောင့်တမှုအာသီသတွေကို ဆင့်ခေါ်လိုက်မယ်ဆိုရင်၊ အဲဒီအလိုဆန္ဒ တောင့်တမှုအာသီသတွေဟာ ကိုယ့်ကို စောင့်နေကြတယ်လို့လည်း တွေးထင်မျှော်လင့်ပါ။

- ။ ၂ ။ -

ကိုယ့်အလိုဆန္ဒ တောင့်တမှုအာသီသကို တိကျတဲ့ပန်းတိုင်တွေနဲ့အတူ ရုပ်လုံးဖော်ကိုယ်ထင်ပြဖို့ ရည်ရွယ်ချက်တစ်ခု ပြုစုပျိုးထောင်ပါ။ အပေါင်းလက္ခဏာဆောင်တဲ့ ရလဒ်တွေ ရယူအောင်မြင်နေတယ်ဆိုတဲ့ ခိုင်မာသေချာရေရာမှု၊ ယုံကြည်မှုတွေနဲ့ ကိုယ့်ရည်ရွယ်ချက်ကို သံလိုက်ဓာတ်အပြည့်အဝနဲ့ စွဲယူပါ။

နည်းလမ်း။..........။ ကိုယ့်ဘဝထဲကို အဲဒီ လူပုဂ္ဂိုလ်၊ အခြေအနေ၊ ဒါမှမဟုတ် အရာဝတ္ထုကို ယူဆောင်လာတဲ့ စွဲဆောင်မှုနိယာမကို ကိုယ်ကူညီနိုင်မယ့် အမျိုးအမျိုးသော နည်းလမ်းတွေအားလုံးရယ်၊ ကိုယ့်အလိုဆန္ဒတောင့်တမှုအာသီသရယ်မှာ ကိုယ့်စိတ်က လွှမ်းခြုံရစ်သိုင်းနေပါစေ။ ကိုယ့်အလိုဆန္ဒ၊ အာသီသ၊ တောင့်တမှုကို အရယူဖို့ရာ အခွင့်အလမ်းတွေအကြောင်း စိတ်ကူးအကြံညဏ်တွေ၊ တိကျတဲ့ ပန်းတိုင်တွေ ချမှတ်အကောင်အထည်ဖော်နေတာ ဘာမှ မထိခိုက်၊ မနစ်နာပါဘူး။ ဒါပေမယ့် ကိုယ့်အလိုဆန္ဒတောင့်တမှုအာသီသ ဘယ်လိုဘယ်ပုံ အကောင်အထည် ရုပ်လုံးပေါ်လာနိုင်မလဲဆိုတာမှာ အလွန်အမင်း နွံနစ်မနေပါစေနဲ့။ အဲဒီ အလိုဆန္ဒတောင့်တမှုအာသီသကို အကောင်အထည် ရုပ်လုံးပေါ်စေချင်တာ ဘာကြောင့်လဲ၊ အဲဒီအကောင်အထည် ရုပ်လုံးပေါ်လာတဲ့ အလိုဆန္ဒနဲ့ ဘာလုပ်မှာလဲ၊ အဲဒီအကောင်အထည် ရုပ်လုံးပေါ်လာတဲ့ အလိုဆန္ဒက ကိုယ့်ကို ဘယ်လိုခံစားရစေမှာလဲ .. အဲဒါတွေကို ဆင်ခြင်စဉ်းစားဖို့ သတိရပါ။ ကိုယ့်အလိုဆန္ဒတောင့်တမှုအာသီသက အခြားလူတွေကို ထိခိုက်နာကျင်စေမလား၊ မနာကျင်စေဘူးလား အဲဒါလည်း ဆင်ခြင်စဉ်းစားပါ။

- ။ ၃ ။ -

ထက်သန်ယုံကြည်တဲ့ သဒ္ဓါတရားကို ပြုစုပျိုးထောင်ပြီး လက်ခံရယူဖို့ အဆင်သင့်ဖြစ်နေပါ။ ယခုမျက်မှောက် ပစ္စုပ္ပန်တဒင်္ဂ ဒီခဏမှာ ကိုယ်လိုချင်တောင့်တ ဆန္ဒပြင်းပြအာသီသရှီနေတဲ့အရာဟာ ကိုယ့်ဆီကိုလာရာ လမ်းပေါ်မှာ ရှိနေတယ်ဆိုတာ စိတ်၊ နှလုံးသား၊ ဝိညာဉ်ထဲက သိနေပါ။ ဒါဟာ ကံပေါ်အလုံးစုံ ပုံချထားဖို့ အကြံပေးတာမဟုတ်ပါဘူး။

အပေါ်က နည်းလမ်း (၂) ကို ပြန်ကိုးကားပါ။ အဲဒီအရာကို ကိုယ့်ဘဝထဲ ဝင်လာခွင့်ပြုပါ။ ကိုယ့်ကိုယ်ကိုယ် အဲဒီအရာကို ပိုင်ဆိုင်နေတယ်လို့ မြင်ယောင်နေတာကို လေ့ကျင့်ခြင်းဖြင့် ကိုယ်လိုအင်ဆန္ဒပြင်းပြ အာသီသတောင့်တတဲ့ အရာဝတ္ထုရဲ့ ခရီးဆုံးရာအရပ်ကို ကိုယ်သတ်မှတ်နေတာကြောင့် ဖြစ်ပါတယ်။ ကိုယ်အလိုဆန္ဒ တောင့်တမှုအာသီသရှိတာကို နောက်ဆုံးမှာ ပိုင်ဆိုင်နေတဲ့ ပျော်ရွှင်မှု၊ ကျေနပ်အားရမှုတွေကို ထပ်ခါ၊ ထပ်ခါ တွေ့ကြုံခံစားနေဖို့ရာ ကိုယ့်ကိုယ့်ကိုယ် ခွင့်ပြုပါ။

- ။ ၄ ။ -

ကျေးဇူးတင်တတ်တဲ့ စိတ်ထားကို ဖွံ့ထွားပါစေ။ အခြားလူတွေ (အိမ်မွေးတိရစ္ဆာန်လေးတွေအပါအဝင်) ကို သူတို့ရဲ့ ချစ်ခြင်းမေတ္တာနဲ့ ခင်မင်မှုလက်ဆောင်တွေအတွက်မျှသာမက၊ အရင်းအမြစ် သို့မဟုတ် ဖန်ဆင်းရှင်ကိုပါ  ကျေးဇူးတင် တန်ဖိုးထားကြောင်း မကြာခဏ ဖော်ထုတ်ပြောဆိုပါ။

နည်းလမ်း။..........။ သူတော်စင် သူတော်ကောင်း အစောင့်အရှောက်အပေါင်းရဲ့ မေတ္တာလက်မှာ ခိုလှုံလို့ အစဉ်အမြဲ ထာဝရ လုံခြုံနေတယ်လို့ ခံစားရပါစေ။ စိုးရိမ်သောကဗျာပါဒဟူသမျှ ပိန်းကြာရွက်ပေါ်ကျတဲ့ ရေပမာ ကင်းစင်ဝေးကွာသွားပါစေ။ ချမ်းမြေ့ပျော်ရွှင်ကြည်လင်ငြိမ်းအေးစွာ ကျေးဇူးတရားတွေကို အစဉ်တွေးနေပါ။



ကိုးကား။.........
THE EVERYTHING ® 
LAW OF ATTRACTION BOOK by Meera Lester

Saturday, November 10, 2012

စကြဝဠာ အရောင်းစင်တာ၌ ဈေးဝယ်ခြင်းအနုပညာ

စကြဝဠာ အရောင်းစင်တာကြီးထဲမှာ ဈေးဝယ်ထွက်နေတယ် ဆိုတာ သတိရလိုက်ပါတယ်။ သဘာဝတ္တနိယာမရဲ့ ကတိကဝတ်က “တီထွင်ဖန်တီးတဲ့ စွမ်းအင်ကို မြင့်မြင့်မားမား သုံးပြီး၊ လိုချင်တဲ့တစ်စုံတစ်ရာကို ပြတ်ပြတ်သားသား ကြည်ကြည်လင်လင် စိတ်ကူးပုံဖော် ထင်မြင်၊ ချင်ခြင်းတက်နိုင်ရင် အဲဒီလိုချင်တဲ့အရာကို ညှို့ငင်စွဲယူနိုင်ပါတာ အသေအချာ”။

မိန်းမပျိုတစ်ယောက် သူလိုချင်တာကို မြင်ပြီးတဲ့နောက် “စွဲဆောင်မှုနိယာမ” နဲ့ တကူးတက တမင်တကာ အလုပ်လုပ်သွားပုံ အဆင့် (၆) ဆင့်ကို သာဓကပြပါရစေ။

“လဲ့ဖြူ” ဟာ ရွာငယ်လေးတစ်ရွာမှာ ဆင်းရဲစွာ ကြီးပြင်းခဲ့ပြီး ရန်ကုန်မှာ အလုပ်ရပါတယ်။ အဓိကအားဖြင့် အခြေခံလိုအပ်တာတော်တော်များများနဲ့ အခြားသောအရာများကို ပိုင်ဆိုင်ဖို့ အိပ်မက်မက်နေစဉ်တစ်လျောက်လုံးမှာ သူ ရယူပိုင်ဆိုင်လိုနေတဲ့အရာတစ်ခုဟာ “ရုပ်ရှင်ဇာတ်ကားတစ်ကားမှာ သရုပ်ဆောင်မင်းသမီးဝတ်ခဲ့တဲ့ စိန်စီလက်ပတ်နာရီတစ်လုံး” ပါ။

လဲ့ဖြူခမျာ မစို့မပို့ဝင်ငွေလေးနဲ့သာ ရုန်းကန်ရပ်တည်နေခဲ့ရတယ်။ ဒါပမေယ့် ရန်ကုန်ရဲ့လမ်းတွေပေါ်မှာ ဘာကိုမဆို ညှိုနှိုင်းဈေးနဲ အမြဲရနိုင်တာပဲ။ မကြာခင်မှာပဲ လက်ပတ်နာရီတွေအပါအဝင် နာမည်ကျော်ကုန်ပစ္စည်း အတုတွေရှိနေတာကို လဲ့ဖြူ ရှာတွေ့သွားတော့တာပေါ့။ မိသားစုနဲ့ တကွဲတပြား သီတင်းကျွတ်ရုံးပိတ်ရက်မှာ နားနေတုန်း အဲဒီလမ်းပေါ်က လက်ပတ်နာရီတစ်လုံးကို ဝယ်ယူဖို့ လဲ့ဖြူ ဆုံးဖြတ်ခဲ့တယ်။


အဆင့် ၁။ တောင့်တမှု၊ လိုအင်ဆန္ဒ၊ အာသီသ


အဲဒါကို ပိုင်ဆိုင်ဖို့ ကိုယ့်ကိုယ်ကိုယ် ခွင့်ပြုလိုက်တဲ့အခါ၊ စိတ်ရောကိုယ်ပါ အဲဒါအကြောင်း မကြာခဏ တွေးတောတဲ့အခါ၊ အဲဒါကို ရယူဖို့ နည်းလမ်းတွေကို စဉ်းစားတဲ့အခါ၊ ကိုယ့်ရဲ့ ကြံရွယ်ချက်အတိုင်း ရယူဖို့ လှုပ်ရှားဆောင်ရွက်
တဲ့အခါ၊ ကိုယ် ပြင်းပြင်းပြပြ လိုချင်တာဟာ သိသာထင်ရှား ပေါ်လွင်လာမှာ အသေအချာပါ။

လဲ့ဖြူဟာ တစ်နေ့မှာ တကယ့်အစစ်အမှန်လက်ပတ်နာရီကို ရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ လက်ပတ်နာရီအတုကို ဝယ်ယူခဲ့တယ်။



အဆင့် ၂၊ ကြံရွယ်ချက်


ကိုယ်က တစ်စုံတစ်ခုကို နက်နက်နဲနဲ လိုအင်ဆန္ဒပြင်းပြ တောင့်တလာတဲ့အခါ၊ အဲဒါကို ရယူပိုင်ဆိုင်ဖို့ ကြံရွယ်ချက်တစ်ခု တည်ဆောက်လိုက်တဲ့အခါ၊ ကိုယ် တောင့်တလိုချင်နေတဲ့အရာကို ရယူဖို့ နည်းလမ်းတွေကို စတင်ပြီး ဦးတည် စိတ်ကူးရှာဖွေလာတယ်။ တစ်စုံ
တစ်ခုကို ရယူဖို့ ကြံရွယ်ချက်ဟာ အများအားဖြင့် စိတ်လှုပ်ရှားမှု၊ ပျော်ရွှင်မှုကဲ့သို့သော ပြင်းထန်တဲ့ စိတ်စားချက်တွေကို မီးမွှေးပေးတယ်။ အဲဒါအတွက် အလုပ်လုပ်ဖို့ စိတ်အားတက်ကြွလာတယ်။

သူ့လက်ပတ်နာရီဟာ အတုဖြစ်သော်လည်း၊ လဲ့ဖြူဟာ အဲဒါကိုပဲ ဂုဏ်ယူဝံ့ကြွားစွာ ဝတ်ဆင်ခဲ့တယ်။ တစ်နေ့ တကယ့်အစစ်အမှန်ကို သူပိုင်ဆိုင်မယ်ဆိုတာကို လဲ့ဖြူသိနေတယ်။ အဲဒီနာရီကို ပိုင်ဆိုင်ဖို့ဆိုရင် အချိန်ပိုတွေလုပ်ရမယ်ဆိုရင်လည်း လုပ်မှာပဲ။ ဖြစ်ကောင်းဖြစ်မှာပါဆိုတာ အစား ယုတ္တိတန်တဲ့ ဖြစ်နိုင်စရာ အလားအလာတစ်ခုနေနဲ့ အဲဒီနာရီကိုပိုင်ဆိုင်ဖို့ ကြိုးကြိုးစားစား အလုပ်လုပ်ဖို့ရာ ဦးထိပ်ပန်ဆင်ခဲ့တယ်။ အဲဒီနာရီကိုပတ်ထားရင်း သူ့ကိုယ်ပိုင်ရုပ်ရှင်ဇာတ်ကားထဲက ထင်ရှားတဲ့မင်းသမီးအဖြစ် သူ့ကိုယ်သူ စိတ်ကူးပုံဖော်ခဲ့တယ်။



အဆင့် ၃။ ရယူအောင်မြင်မှု၌ သက်ဝင်ယုံကြည်ခြင်း


တောင့်တမှု၊ လိုအင်ဆန္ဒ အာသီသကို ကြံရွယ်ချက်တွေ၊ စိတ်အားထက်သန်မှုတွေနဲ့ မောင်နှံစုံဖက်လိုက်တဲ့အခါ ကိုယ်လိုအင်ဆန္ဒပြင်းပြတဲ့ အရာကို ရယူအောင်မြင်နိုင်တယ်ဆိုတာကို စတင်သက်ဝင်ယုံကြည်လာတယ်။

လက်ပတ်နာရီအတု ပျက်သွားတဲ့အခါ လဲ့ဖြူဟာ အဲဒါကို ဆက် မပတ်တော့ဘဲ၊ ရေချိုးခန်းပြတင်းပေါက်ပေါ်မှာ ကျကျနန မြင်သာအောင် တင်ထားလိုက်တယ်။ “တကယ့် စိန်အစစ်လက်ပတ်နာရီကို ငါ တတ်နိုင်မှာ မဟုတ်ပါဘူး”လို့ ဘယ်တော့မှ မပြောဘဲ၊ တကယ့်လက်ပတ်နာရီအစစ်ကို ဝတ်ဆင်တဲ့အခါ ခံစားရမယ့် ပျော်ရွှင်မှုတွေ၊ ဂုဏ်ယူဝံ့ကြွားမှုတွေနဲ့ ကိုယ့်စိတ်ကို ကိုယ် ထွေးပွေ့ခြုံလွှမ်းထားစေခဲ့တယ်။

☞ လက်ခံရယူဖို့ အဆင်သင့်ဖြစ်နေပါ - ဒါဟာ တစ်ခါတရံမှာ “ကိုယ် လိုချင်တောင့်တ၊ အာသီသပြင်းပြ ဆန္ဒရှိတဲ့ အရာအတွက် ကိုယ့်ဘဝထဲမှာ၊ ကိုယ့်အိမ်ထဲမှာ၊ ကိုယ့် စီးပွားလုပ်ငန်းထဲမှာ (ဒါမှမဟုတ်) ကိုယ့် လက်ဝတ်ရတနာဗူးထဲမှာ နေရာလွတ် ဖန်တီးခြင်း”ကို ဆိုလိုပါတယ်။ ကိုယ့် လိုအင်ဆန္ဒ၊ တောင့်တမှု၊ အာသီသကို ကိုယ့်ဆီ လာဖို့ရာ အမြဲတမ်း ပြင်ဆင်ထားပါ။



အဆင့် ၄။ အပြုသဘောဆောင် အကောင်းမြင်စိတ်ထား


တစ်စုံတစ်ခုကို ရယူပိုင်ဆိုင်ဖို့ အိပ်မက်မက်နေခြင်း နဲ့ အဲဒီအရာဟာ ကိုယ့်ဘဝထဲမှာ အကောင်အထည်ပေါ်ပေါက်ခြင်း ကြားမှာ ကာလအပိုင်းအခြားတစ်ခုဟာ အသေအချာပဲ ရှိနေမှာ ဖြစ်တာကြောင့် ကိုယ့်လိုအင်ဆန္ဒ၊ တောင့်တမှု အာသီသကို စဉ်ဆ
က်မပြတ် ခံဆောင်ထားနိုင်ရမယ်ဆိုတာကို ယုံကြည်ပါ။ ချက်ခြင်းလက်ငင်း ထင်သာမြင်သာ အကောင်အထည်ပေါ်ပေါက်လာခြင်းဆိုတာ အင်မတိအင်မတန် ဖြစ်တောင့်ဖြစ်ခဲပါ။

လဲ့ဖြူရဲ့ဘဝမှာ ရွက်ကြွေတွေလို တဖြုတ်ဖြုတ် ပြက္ခဒိန်စာရွက်တွေ ဆုတ်ဆုတ်သွားခဲ့တယ်။ ဒါပေမယ့် သူ့လက်ပတ်နာရီဟာ မှန်ကန်တဲ့အချိန်မှာ မှန်ကန်တဲ့နည်းလမ်းနဲ့ ဆိုက်ရောက်လာမယ်ဆိုတဲ့ မျှော်လင့်ချက်ကို ဘယ်တော့မှ မစွန့်လွှတ်ခဲ့ဘူး။ အဲဒီလက်ပတ်နာရီအတွက် ပေးချေခဲ့ပြီးပြီမို့၊ အဲဒါဟာ သူ့ဆီကို လာနေတဲ့ခရီးလမ်းကြောင်းပေါ်မှာ ရှိနေပြီးသားဖြစ်ပြီး၊ တကယ် မမြင်ရသေးသမျှ စောင့်စားနေရတဲ့ အကြောင်းကိစ္စမျှသာပဲလို့ လဲ့ဖြူ ယုံကြည်တယ်။ ဘယ်လိုနည်းနဲ့လဲ၊ ဘယ်တော့လဲ ဆိုတာ ဘယ်တော့မှ မမေးမြန်း၊ မစုံစမ်းခဲ့ဘူး။ ဒါပေမယ့် မူးစု၊ ပဲစု ပိုက်ဆံစုရင်း ယုံကြည်ခြင်းကို ဆက်လက်ထိန်းသိမ်းထားခဲ့တယ်။



အဆင့် ၅။ ကျေးဇူးဥပကာရ
ကိုယ့်မှာ ရှိနေပြီးသားအရာတွေကို ကျေးဇူးဥပကာရကို ခံစားဖော်ပြခြင်းဖြင့် “စွဲဆောင်မှုနိယာမ” နဲ့ ကျကျနန သေသေချာချာ တမင်တကာ အလုပ်လုပ်ဖို့ အားစိုက်ထုတ်မှုကို ပြင်းပြင်းထန်ထန် အားသန်ပါစေ။ ကိုယ် ပြင်းပြင်းပြပြ ချဉ်ခြင်းတပ် ငတ်မွတ်နေတဲ့အ
ရာ ကိုယ့်ဆီကို ယူဆောင်လို့ အလုပ်လုပ်နေတဲ့ စွမ်းအား အတွက် ကျေးဇူးတရားကို ခံစားပါ။

လဲ့ဖြူလည်း နည်းနည်းပါးပါး လမ်းချော်သွားခဲ့တယ်။ အချစ်နဲ့ အိမ်ထောင်ရေးက သူ့ဘဝထဲ ဝင်ရောက်လာတာကိုး။ သူ့ခင်ပွန်းသည်က လဲ့ဖြူရဲ့ယောက္ခမပိုင်ဆိုင်တဲ့ လက်ဝတ်ရတနာဆိုင်ကို လွှဲပြောင်းယူဖို့ ရှိတာကြောင့် အိမ်အသစ်ကို ပြောင်းခဲ့ကြတယ်။ သူ့လက်ပတ်နာရီအပျက်ကလေးကိုလည်း မှန်တင်ခုံအံဆွဲထဲမှာပဲ ပစ်ထဲ့ထားလိုက်တယ်။ အသစ်စက်စက် ခင်ပွန်းသည်၊ တစ်ဦးပေါ်တစ်ဦးထားရှိတဲ့ လေးနက်တဲ့ချစ်မေတ္တာတရား၊ သူ့အလုပ်ကနေ ခမ်းလှမ်းလှမ်းအကွာမှာသာရှိနေတဲ့ သေးငယ်သလောက် ချစ်စရာကောင်းတဲ့ အိမ်ကလေး စတဲ့ မြောက်မြားစွာသော ကောင်းချီးမင်္ဂလာတွေအတွက် ဘုရားသခင်ကို ကျေးဇူးတင်ရင်း နေ့စဉ်နဲ့အမျှ သူ့အလုပ်ဆီကို လမ်းလျှောက်သွားခဲ့တယ်။ သူတို့ဇနီးမောင်နှံမှာ လိုအပ်နေတာတွေ အများအပြားရှိသော်လည်းပဲ သူ့တို့မှာ ရှိပြီးသားတွေအတွက် ကျေးဇူးတရားကို လဲ့ဖြူ ခံစားရတယ်။ လိုအပ်တာတွေအတွက် စာရင်းစာရွက်တစ်ခု သူ့မှာ ရှိတယ်။ လက်ပတ်နာရီဟာ အဲဒီစာရွက်ထဲမှာ ပါနေတုန်းပေါ့။



အဆင့် ၆။ လက်ခံရယူခြင်း


မကြာ မကြာဆိုသလိုပဲ၊ ကျိုးပျက်နေတဲ့ လက်ပတ်နာရီလေးကို အံဆွဲထဲက ထုတ်ထုတ်ယူပြီး လဲ့ဖြူ ကြည့်ကြည့်နေဖြစ်ခဲ့တယ်။ ဈေးပေါ်ပေါ လက်ပတ်နာရီတစ်လုံးလုံး ဒါမှမဟုတ် တခြား လက်ပတ်နာရီအတုတစ်လုံးလုံးကို မဝယ်တော့ဘူး။ မှန်ကန်တဲ့ အချိန်မှာ သူ့အိပ်
မက်လက်ပတ်နာရီဟာ မလွဲမသွေ ဆိုက်ရောက်လာမယ်ဆိုတာ လဲ့ဖြူ အသေအချာ ယုံကြည်ခဲ့တယ်။

ဒုတိယအကြိမ်မြောက် မင်္ဂလာနှစ်ပတ်လည်တဲ့နေ့ မနက်ခင်းမှာ လဲ့ဖြူရဲ့အမျိုးသားက သူ့ကို အနီရောက်ဗူးတစ်ဗူး ပေးခဲ့တယ်။ အထဲမှာတော့ Cartier က စိန်စီထားတဲ့ လက်ပတ်နာရီတစ်လုံးပေါ့။ ဒါဟာ နောက်ဆုံးပေါ် အသစ်စက်စက် နာရီပုံစံတစ်ခုတစ်ခု မဟုတ်ဘူး။ ဒါပေမယ့် အဲဒါဟာ ဝယ်ယူမယ့် ပိုင်ရှင်အမှန်ကို စောင့်မျှော်နေခဲ့တာ လဲ့ဖြူယောက္ခမကြီးဆိုင်ထဲမှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ ရုပ်ရှင်ဇာတ်ကားတွေထဲမှာ ပထမဆုံးအကြိမ် မြင်ခဲ့ရကတည်းက မြင်ယောင်ပြီးနေလာခဲ့ရတဲ့ လက်ပတ်နာရီကို ဖျတ်ခနဲ အကြည့်မှာပဲ ချက်ချင်း တန်းမှတ်မိသွားခဲ့တယ်။

“ကျွန်မ အမြဲတမ်း လိုချင်ပြီးနေလာခဲ့ရတဲ့ အရာ၊ ဒါဟာ ပြီးပြည့်စုံတဲ့ လက်ဆောင်တစ်ခုပါ မောင်” လို့ ပျော်လွန်းလို့ကျတဲ့ မျက်ရည်တွေကြားကပဲ လဲ့ဖြူပြောခဲ့ပါတယ်။



ကိုးကား။..........။
THE EVERYTHING ® 
LAW OF ATTRACTION BOOK by Meera Lester