Tuesday, December 4, 2012

နေစဉ်ဘဝ နေ့စဉ်အလှ (၅)

~ ခွင့်လွှတ်ခြင်း ~
ခွင့်လွှတ်ခြင်းဟာ ငါနဲ့အတူ နေရာတကာကို ငါသယ်ယူတဲ့ ဆေးကုသတဲ့ကိရိယာပါ။
ငါဟာ ခွင့်လွှတ်ဖို့ လိုလိုလားလားရှိတယ်။
ရှက်ရွံ့ခြင်း၊ ကြောက်ရွံ့ခြင်း၊ ဝေဖန်ပြစ်တင်ခြင်း၊ မကျေမနပ်စိတ်ခုနေရခြင်း၊ ပူဆွေးနောင်တရခြင်းတွေရဲ့ လေးလံတဲ့ ကုတ်အင်္ကျီကို ချွတ်လိုက်တဲ့အခါ လွတ်လပ်ခြင်းခံစားမှုကို ငါ ချစ်တယ်။ အဲဒီအခါ သူတစ်ပါးတွေအဝင်အပါ ငါ့ကိုယ်ငါ ခွင့်လွှတ်နိုင်တယ်။ ဒါဟာ ငါတို့ အားလုံးကို လွတ်လပ်အောင် လွှတ်ပေးလိုက်တယ်။ အကြောင်းအရာဟောင်းတွေ ပတ်ပတ်လည်က ပစ္စည်းတွေကို စွန့်လွှတ်လိုက်ဖို့ ငါလိုလားတယ်။ အတိတ်ထဲမှာ ကြာကြာ ဆက်နေဖို့ ငါ ငြင်းဆိုတယ်။ အဲဒီ ဝန်ထုပ်ဝန်ပိုးဟောင်းတွေကို အကြာကြီး သယ်ယူလာခဲ့ခြင်းအတွက် ငါ့ကိုယ်ငါ ခွင့်လွှတ်တယ်။ အခြားလူတွေ နဲ့ ငါ့ကိုယ်ငါ ဘယ်လိုချစ်ရမယ်ဆိုတာ မသိခြင်းအတွက် ငါ့ကိုယ်ငါ ခွင့်လွှတ်တယ်။ လူတစ်ဦးချင်းစီဟာ သူတို့ရဲ့ ကိုယ်ပိုင် အမူအရာတွေအတွက် သူတို့မှာ တာဝန်ရှိတယ်။ ပြီးတော့ သူတို့ ပေးလိုက်တဲ့အရာကို ဘဝက သူတို့ဆီ ပြန်ပေးလိမ့်မယ်။ ဒါကြောင့် ဘယ်သူ့ကိုမှ ငါက အပြစ်ပေးဖို့ မလိုဘူး။ ငါကိုယ်တိုင် အပါအဝင် ငါတို့အားလုံးဟာ ငါတို့ကိုယ်ပိုင် အသိ၊ သတိတရားရဲ့ ဥပဒေသနိယာမတွေအောက်မှာ ရှိနေကြတာ။ ငါ့စိတ်ရဲ့ မခွင့်လွှတ်သေးတဲ့ အပိုင်းတွေကို သန့်ရှင်းပစ်ဖို့ ငါ့အလုပ် ငါလုပ်ပြီးတော့ ချစ်ခြင်းမေတ္တာကို ဝင်လာဖို့ ခွင့်ပြုတယ်။ အဲဒီအခါမှာ ငါဟာ ကုသပျောက်ကင်းသွားတယ်။
 ~ ဘဏ္ဍာရေး ~
ငါဟာ ငွေရေးကြေးရေးဘဏ္ဍာရေးရာ သက်တောင့်သက်သာရှိလှတယ်။
စီးပွားရေးဆိုတာရဲ့ ဟိုးအလွန်တိုင်အောင် ငါသွားတယ်။
သတင်းစာတွေ၊ စီးပွားရေးပညာရှင်တွေ ဘာပဲပြောပြော၊ ငါ့ဝင်ငွေကို စဉ်ဆက်မပျက် ကျယ်ပြန့်တိုးပွားများပြားနေစေဖို့ ငါခွင့်ပြုတယ်။ ငါ့ လက်ရှိဝင်ငွေရဲ့ ဟိုးဟိုဘက်အလွန်တိုင် ငါ ရွေ့တယ်။ စီးပွားရေးဆိုင်ရာ ခန့်မှန်းချက်တွေရဲ့ ဟိုးဟိုဘက်အလွန်တိုင် ငါ သွားတယ်။ ငါ လုပ်နိုင်တဲ့အရာတွေ၊ ဒါမှမဟုတ် ငါ သွားနိုင်တဲ့ အကွာအဝေးတွေကို ပြောနေကြတဲ့ အပြင်ကလူတွေရဲ့ စကားကို ငါ နားမထောင်ဘူး။ ငါ့ မိဘတွေရဲ့ ဝင်ငွေအတိုင်းအတာ ဟိုးဟိုဘက်အလွန်တိုင် ငါ လွယ်လွယ်လေး သွားနိုင်တယ်။ ငွေရေးကြေးရေးဘဏ္ဍာရေးဆိုင်ရာ ငါ့ အသိသတိတရားဟာ စဉ်ဆက်မပျက် ကျယ်ပြန့်ကြီးမားနေတယ်။ လှလှပပ၊ သက်တောင့်သက်သာ၊ ချမ်းချမ်းသာသာ၊ လေးလေးနက်နက် ရှင်သန်နေထိုင်ဖို့ နည်းလမ်းအသစ်တွေ၊ အကြံညာဏ်သစ်တွေကို စဉ်ဆက်မပျက် ယူနေတယ်။ငါ့ ပါရမီတွေ၊ ငါ့ စွမ်းဆောင်ရည်တွေဟာ လုံလောက်ရုံမျှမကအောင် ကောင်းမွန်တယ်။ ပြီးတော့ အဲဒီ ငါ့ရဲ့ပါရမီတွေ၊ စွမ်းဆောင်ရည်တွေကို ကမ္ဘာကြီးနဲ့ မျှဝေရတာဟာ လေးလေးနက်နက် နှစ်သက်ပျော်ရွှင်စရာပါ။ ငါဟာ မထိုက်တန်ဘူးဆိုတဲ့ ခံစားချက်တွေရဲ့ ဟိုးဟိုဘက်အလွန်ကို ငါသွားတယ်။ ငွေရေးကြေးရေးဘဏ္ဍာရေးဆိုင်ရာမှာ အလုံးစုံ သစ်လွင်တဲ့ အဆင့်အတန်းတစ်ခုရဲ့ လက်ခံမှုထဲကို ငါ ရွေ့သွားတယ်။
~ ငွေတောင်းခံလွှာများ ~
ငါ့ရဲ့ ငွေတောင်းခံလွှာတွေဟာ ငါ့ရဲ့ပေးချေနိုင်စွမ်းရည်နဲ့ပတ်သပ်တဲ့ အခိုင်အမာအဆိုပြုချက်တွေပဲပေါ့။
ငါ့လမ်းကို ငါ လွယ်လွယ်ကူကူ ပေးချေတယ်။
ငါတို့ကို ဖန်ဆင်းခဲ့တဲ့ စွမ်းအင်ဟာ ငါတို့အတွက် အရာရာကို ဒီနေရာမှာ ထားထားပြီးသားဖြစ်တယ်။ ထိုက်တန်ဖို့၊ လက်ခံဖို့ကတော့ ငါတို့ သဘောအတိုင်းပေါ့။ အခု ငါတို့မှာ ရှိနေတာသူသမျှ ငါတို့ လက်ခံခဲ့ကြတာတွေပါ။ အကယ်၍ ငါတို့ဟာ တစ်စုံတစ်ရာကို မတူကွဲပြားစွာ သို့မဟုတ် ပိုပြီးတော့ ဒါမှမဟုတ် လျော့ပြီးတော့ လိုချင်တယ်ဆိုချင်၊ ပြစ်တင်ပြောဆိုခြင်းဖြင့် အဲဒါကို ငါတို့ မရဘူး။ ငါတို့ရဲ့ အသိသတိတရားကို ချဲ့ကားခြင်းဖြင့်သာ တစ်စုံတစ်ရာကို မတူကွဲပြားစွာ ငါတို့ ရနိုင်တာ။ သင့်ရဲ့ ငွေတောင်းခံလွှာတွေအားလုံးကို ချစ်ခြင်းအားဖြင့် ကြိုဆိုပါ။ ချက်လက်မှတ်တွေ ရေးထုတ်နေစဉ်မှာ အားရပျော်ရွှင်ပါ။ သင် ပို့ထုတ်လိုက်တဲ့အရာဟာ သင့်ဆီကို ဆတိုးပွားပြီး ပြန်လာနေတယ်ဆိုတာကို သိပါ။ ဒီကိစ္စအကြောင်း အကောင်းမြင်တဲ့ ခံစားခြင်းကို စတင်ပါ။ ငွေတောင်းခံလွှာတွေဟာ အမှန်တကယ် အံ့သြဖွယ်ရာတွေပါ။ ဒါဟာ တစ်စုံတစ်ယောက်က သူတို့ရဲ့ ဝန်ဆောင်မှု သို့မဟုတ် ကုန်ပစ္စည်းအတွက် ပေးချေဖို့ စွမ်းရည် သင့်မှာ ရှိနေတယ်ဆိုတာကို သိတာကြောင့်၊ သူတို့ရဲ့ ဝန်ဆောင်မှု သို့မဟုတ် ကုန်ပစ္စည်းကို ပေးဖို့ သင့်ကို လုံလုံလောက်လောက် ယုံကြည်တယ်ဆိုတာကို ညွှန်းဆိုတာပါ။
~ ဆက်သွယ်ပြောဆိုခြင်း ~
တစ်စုံတစ်ရာ လုပ်ဖို့ မရှိပါ။ တစ်စုံတစ်ရာ သိဖို့သာ။
ဆက်ဆံပြောဆိုခြင်းဆိုတာ ချစ်ခြင်းမေတ္တာ တေးသီ တာ။
ချစ်စရာကောင်းတဲ့ ပြောဆိုဆက်သွယ်ခြင်းဆိုတာ လူသားတွေအတွက် ပျော်စရာအကောင်းဆုံးနဲ့ စွမ်းအားအရှိဆုံး အတွေ့အကြုံတွေထဲက တစ်ခုပါ။ ဒီ စကြဝဠာထဲကို ငါ ဘယ်လို ရောက်လာသလဲ။ ငါ့ကိုယ်မှာ ငါ အလုပ်တွေအများကြီးလုပ်ခဲ့တယ်။ စာအုပ်တွေအများကြီးဖတ်ခဲ့တယ်။ “ငါတွေးတာ၊ ငါပြောတာတွေဟာ ငါဆီက ထွက်သွားတယ်။ စကြဝဠာက တုံ့ပြန်တယ်။ ပြီးတော့ ငါ့ဆီပြန်လာတယ်။” အဲ့ဒီလို ဘဝရဲ့ နိယာမတွေကို သိနားလည်လာခဲ့တယ်။ ဒါကြောင့် ငါဟာ အကူအညီတွေ စတင်တောင်းလာတယ်။ ကိုယ့်ဘာသာကိုယ် စောင့်ကြည့်တယ်။ ဘာမှ မဝေဖန်၊ မသုံးသပ်မဆုံးဖြတ်ဘဲ စောင့်ကြည့်ဖို့ ကိုယ့်ဘာသာ နေရာလွတ်ကို ခွင့်ပြုလိုက်တာကြောင့် ချစ်စရာကောင်းတဲ့ ပြောဆိုဆက်သွယ်ခြင်းမှာ ကြီးကျယ်တဲ့ တိုးတက်မှုတွေ ငါ စတင် ပြုလုပ်လာတယ်။ ငါ ဘာကို ယုံကြည်တာလဲ။ ငါ ဘာကို ခံစားတာလဲ။ ငါ ဘယ်လို တန်ပြန်တာလဲ။ ငါ ဘယ်လို ပိုချစ်နိုင်မလဲ။ နောက်ပြီးတော့ စကြဝဠာကြီးကို ငါပြောတယ်။ “ချစ်ဖို့ရာ ငါ့ကို သင်ပေးပါ။”
~ အပြစ်အနာအဆာကင်းခြင်း ~
ငါတို့ဟာ လူသားအတွေ့အကြုံရှိနေကြတဲ့ အံ့သြဖွယ်ရာ ဝိညာဉ်ရေးရာ ပုဂ္ဂိုလ်တွေ ဖြစ်ကြတယ်။
ငါဟာ အပြစ်အနာအဆာကင်းရှင်း အလုံးစုံပကတိ အပြည့်အဝဖြစ်တယ်။
“ငါ့ နှာခေါင်းကြီးက ရှည်လိုက်တာ။ ဒါမှမဟုတ် ငါ့တင်ပါးကြီးတွေက ကြီးလိုက်တာ” လို့ ဘယ် ကလေးလေးကမှ မပြောဘူး။ သူတို့ ဘယ်လို အပြစ်အနာအဆာကင်းကြတယ်ဆိုတာကို သူတို့ သိကြတယ်။ တစ်ချိန်တုန်းက ငါတို့အားလုံး အဲဒီလိုပါပဲ။ အပြစ်အနာအဆာကင်းခြင်းကို ပုံမှန် သဘာဝအဖြစ် ငါတို့ လက်ခံခဲ့ကြတယ်။ ငါတို့ အရွယ်ရောက်လာတာနဲ့အမျှ ငါတို့ရဲ့ အပြစ်အနာအဆာကင်းခြင်းကို ငါတို့ သံသယစဝင်လာပြီးတော့ အပြစ်အနာအဆာကင်းလာဖို့ ကြိုးစားခဲ့ကြတယ်။ ငါတို့ ဖြစ်ရှိနေပြီးသားဟာ မဖြစ်လာနိုင်တော့ဘူး။ ဒါကို ငါတို့ လက်ခံရုံပဲ လက်ခံနိုင်တယ်။ ပြီးတော့ ဒါကြောင့် စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ပင်ပန်းနွမ်းနယ်ခြင်းတွေကို ငါတို့ ဖန်တီးကြတယ်။ ငါတို့ ဘယ်သူမှ ဘာမှ မှားယွင်းမနေကြပါဘူး။ ဒါကြောင့် ငါတို့ဟာ ဘဝရဲ့ အလွန်ကောင်းတဲ့၊ ပုံကြီးချဲ့ထားတဲ့ ဖွင့်ဆိုဖော်ပြခြင်းတွေဖြစ်တယ် ဆိုတာရယ်၊ ငါတို့ကမ္ဘာကြီးထဲမှာ အားလုံးဟာ အမှန်တကယ်ပဲ ကောင်းမွန်စွာဖြစ်ရှိနေကြတယ်ဆိုတာရယ်ကို ထပ်မံပြီး အခိုင်အမာအတည်ပြုကြစို့၊ သိမြင်ကြစို့။
 
မှတ်ချက်။.........။ 
အခြားနိုင်ငံသား မိတ်တွေတစ်ယောက်က တစ်နေ့လျှင် ခေါင်းစဉ်တစ်ခုစီ နေ့စဉ်ကူးရေးလာခဲ့ပြီး အမှတ်တရ လက်ဆောင်ပေးသော လက်ရေးမူစာအုပ်မှ ခေါင်းစဉ်တစ်ခုချင်းစီကို နေ့စဉ် ဘာသာပြန်ဖြစ်သည့် အချို့ ဖြစ်ပါသည်။  
အင်္ဂလိပ် - မြန်မာ အဘိဓာန်ကို လှန်တတ်ရုံမျှဖြင့်သာ ညီငယ်များအတွက် လုပ်ငန်းတာဝန်တစ်ရပ်ပမာ ဖျစ်ညှစ်ဘာသာပြန်နေခြင်းမျှသာပါ။ ဒါကြောင့် မူရင်းစာရေးသူ အမှန်တကယ် ဖော်ညွှန်းလိုသော အာဘော်နှင့် ဖြောင့်ဖြောင့်ကြီး လွဲနေတာမျိုးတွေလည်း ပါကောင်းပါနိုင်ပါသည်။  ဘာမှ မမှားဖို့ဆိုတာ ဘာမှ မလုပ်မှသာ။
 

No comments: