Tuesday, December 18, 2012

နေစဉ်ဘဝ နေ့စဉ်အလှ (၈)

~ ရွေးချယ်မှု ~
ဒီမနက် အိပ်ရာထတုန်းက ငါရှိနေခဲ့တဲ့နေရာရဲ့ ဟိုးအလွန်ကို ဆန့်ထွက်ဖို့ ငါရွေးချယ်တယ်။ သစ်လွင်တဲ့တစ်စုံတစ်ရာဆီ ငါ့ကိုယ်ငါ ဖွင့်လှစ်ထားဖို့ ငါဟာ အဆင်သင့်ပဲ။
ငါရဲ့ အမြင့်မားဆုံး သတိတရားနဲ့ နေထိုင်ဖို့ ငါ ရွေးချယ်တယ်။
ပြဿနာတိုင်းမှာ အဖြေရှိတယ်ဆိုတာ သတိရဖို့ကို ငါရွေးချယ်တယ်။ ပြီးတော့ ဒီအရာဟာလည်းပဲ ငါ ကိုင်တွယ်ဖြေရှုင်းနိုင်တဲ့ တစ်စုံတစ်ရာပဲဆိုတာ သိဖို့ကို ငါရွေးချယ်တယ်။ အခြေအနေကို ဒီနည်းလမ်းနဲ့ ငါကြည့်တာကြောင့်၊ လက်တလောပြဿနာဟာ ငါ့အတွက် ယာယီပါ။ ဒါဟာ ငါ အလုပ်လုပ်နေတဲ့ တစ်စုံတစ်ရာပါ။ ငါဟာ လူကောင်းတစ်ယောက်ဖြစ်တယ်။ ငါ့အတွက် ငါ ဝမ်းနည်းခံစား မနေတော့ဖို့ ငါရွေးချယ်တယ်။ စကြဝဠာကြီးက ပေးကမ်းရမယ့် အကောင်းတွေဆီကို ဖွင့်လှစ်ထားဖို့၊ သင်ခန်းစာတွေကို သင်ယူလေ့လာဖို့ ငါလိုလားတယ်။ ပြောင်းလဲဖို့ လိုလိုလားလားရှိဖို့ကို ငါရွေးချယ်တယ်။ အခြင်းအရာတွေကို ဘယ်လိုအဖြေရှာတွက်ချက်ရမယ်ဆိုတာကို ငါ အမြဲတမ်းသိနေမှာ မဟုတ်ဘူးဆိုတဲ့ အချက်အလက်အမှန်ကို ငါလက်ခံတယ်။ ငါဟာ သိမြင်နိုင်တယ်။ ယုံကြည်နိုင်တယ်။ အရာရာတိုင်းဟာ အကောင်းဆုံးအတွက် အဆင်ပြေနေကြတယ်။ အားလုံးအဆင်ပြေတယ်။
~ သဘောပေါက်နားလည်ခြင်း ~
ပိုပိုပြီးနားလည်သဘောပေါက်လာလေလေ၊ ငါ့ကမ္ဘာဟာ ပိုပိုပြီးကျယ်ပြန့်လာလေလေ။
ငါဟာ ငါ့ရဲ့သဘောပေါက်နားလည်ခြင်းကို စဉ်ဆက်မပျက် မြှင့်တင်နေတယ်။
ငါဟာ ဆိုဆုံးမသင်ယူလွယ်သူဖြစ်တယ်။ ငါဟာ ငါ့အတွင်းထဲက အလွန်ကောင်းမြတ်သန့်စင်တဲ့ ဉာဏ်ပညာဆီ ငါ့ရဲ့ သတိသမ္ပဇဉ်ကို နေ့စဉ်နေ့စဉ် နည်းနည်းပိုပိုတိုးပြီး ဖွင့်လှစ်တယ်။ အသက်ရှင်နေထိုင်နေရတာကို ငါ ဝမ်းသာတယ်။ ပြီးတော့ ငါ့ဆီကို ရောက်လာခဲ့ပြီးတဲ့ ကောင်းမြတ်ခြင်းတွေအတွက် ကျေးဇူးအရမ်းတင်တယ်။ ငါ့အတွက်၊ ဘဝဟာ ပညာရေးပဲ။ ငါဟာ ငါ့စိတ်နဲ့ ငါ့နှလုံးသားကို ကလေးလေးတစ်ယောက်ဖွင့်လှစ်သလို နေ့စဉ်နေ့တိုင်း ဖွင့်လှစ်တယ်။ ပြီးတော့ အသစ်သော ရင်တွင်းအသိတွေ၊ အသစ်သော လူတွေ၊ အသစ်သော မြင်သိပုံရှုထောင့်တွေ၊ ငါ့အတွင်းထဲနဲ့ ငါ့ဝန်းကျင်မှာ ဖြစ်ပျက်နေတာတွေကို နားလည်သဘောပေါက်ဖို့ အသစ်သော နည်းလမ်းတွေကို ငါ ရှာဖွေတွေ့ရှိတယ်။ ငါ့ရဲ့ လူသားစိတ်ဟာ အမြဲတမ်းပဲ ပထမဦးဆုံးမှာတင် သဘောပေါက်ချင်မှ ပေါက်နိုင်မယ်။ နားလည်သဘောပေါက်ခြင်းဆိုတာ မြောက်မြားစွာသော ချစ်ခြင်းမေတ္တာတွေ၊ စိတ်ရှည်သည်းခံမှုတွေ လိုတဲ့ပုံပဲ။ ဂြိုဟ်ကမ္ဘာကြီးအပေါ် ဟောဒီနေရာက မယုံကြည်နိုင်လောက်စရာ ဘဝကျောင်းထဲမှာ ပြောင်းလဲခြင်းတွေအားလုံးနဲ့ သက်တောင့်သက်သာလွယ်လွယ်ကူကူ ပိုပိုပြီး ခံစားရအောင် ငါ့ရဲ့ စိတ်စွမ်းရည်အသစ်တွေက ငါ့ကို ကူညီနေတယ်။
~ ထိန်းချုပ်မှုအာဏာ ~
သင့်မှာ ထိန်းချုပ်မှုအာဏာ အမြဲရှိတဲ့ တစ်ခုတည်းသော အရာဟာ သင့်ရဲ့ ယခု လောလောလတ်လတ် တွေးတောနေခြင်းပါ။ ယခု သင်တွေးနေတဲ့ အရာ၊ သင့်ရဲ့ လတ်တလောအတွးဟာ သင့်ရဲ့ထိန်းချုပ်မှုအာဏာအာက်မှာ အလုံးစုံရှိနေတာ။
ဘဝဖြစ်စဉ်ကို စိတ်ချယုံကြည်ခြင်းအားဖြင့် ငါ့ကိုယ်ပိုင် လုံခြုံစိတ်ချမှုကို ငါ ဖန်တီးတယ်။
အကယ်၍ သင့်မှာ ထိန်းချုပ်မှုအာဏာမရှိဘူးလို့ သင်ခံစားရတဲ့ တစ်စုံတစ်ရာ ဖြစ်ပျက်လာရင်၊ အပြုသဘောဆောင်တဲ့ ဖော်ပြချက်တစ်ခုကို ချက်ချင်းပဲ အတည်ပြုပြောဆိုပါ။ အဲဒီ ကွက်လပ်ကလေးကို ဖြတ်ပြီး သင် ရွေ့မသွားမချင်း သင့်ကိုယ်သင် အဲဒါကို ထပ်ခါ ထပ်ခါ ဆက်ပြောနေပါ။ အရာကိစ္စတွေဟာ မှန်ကန်နေတယ်လို့ မခံစားရတဲ့အခါ၊ “အားလုံးအဆင်ပြေတယ်။ အားလုံးအဆင်ပြေတယ်။ အားလုံးအဆင်ပြေတယ်” လို့ သင့်ကိုယ်သင် ပြောပါ။ အရာကိစ္စတွေကို ထိန်းချုပ်ဖို့ ပြင်းပြတဲ့ဆန္ဒကို ခံစားရတဲ့အခါတိုင်း “ဘဝဖြစ်စဉ်ကို ငါ ယုံကြည်တယ်” လို့ ပြောနိုင်ပါတယ်။ ငလျင် ဒါမှမဟုတ် အခြားသော သဘာဝကပ်ဆိုးတွေကျရောက်နေတဲ့ အတောအတွင်းမှာ “ငါဟာ ကမ္ဘာမြေကြီးရဲ့ ရွေ့လျားမှုရယ် ကမ္ဘာမြေကြီးရယ်နဲ့ စည်းချက်ညီ ကာရန်ကျ ညီညွှတ်မျှတနေတယ်” လို့ သင့်ကိုယ်သင် ပြောတာဟာ ကူညီကောင်းကူညီနိုင်ပါတယ်။ ဒီနည်းလမ်းမှာ၊ ဘဝရဲ့စီးဆင်းမှုနဲ့ ညီညွတ်နေတာကြောင့် ဖြစ်ပျက်သမျှ အရာရာတိုင်းဟာ အဆင်ပြေပါတယ်။
~ တီထွင်ဖန်တီးမှုစွမ်းရည် ~
ငါရဲ့ တီထွင်ဖန်တီးမှုစွမ်းရည်ကို ငါ အခု အသိအမှတ်ပြုတယ်။ အလေးထားဂုဏ်ပြုတယ်။
ငါ့ဘဝကို တစ်နေ့ချင်းစီမှာ ငါဖန်တီးတယ်။
စကြဝဠာရဲ့ တီထွင်ဖန်တီးမှုစွမ်းရည်ဟာ ငါ့ကို ဖြတ်ပြီး တစ်နေကုန်လုံး စီးဆင်းနေတယ်။ ငါဟာ အဲဒီတီထွင်ဖန်တီးမှုစွမ်းရည်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ သိဖို့ဟာ အဲဒီမှာ ပါဝင်ဆောင်ရွက်ဖို့ ငါလုပ်ဆောင်ရမှာ အကုန်ပဲ။ တီထွင်ဖန်တီးမှုစွမ်းရည်ဟာ ဝိုင်အသစ်၊ ရုပ်ရှင်၊ ဝတ္ထု၊ ပန်းချီကား ဒါမှမဟုတ် စီးပွားရေးလုပ်ငန်းအသစ် ပုံသဏ္ဍာန်အနေနဲ့ လာရင် အသိအမှတ်ပြုဖို့ လွယ်ကူတယ်။ ငါ့ကိုယ်တိုင်ရဲ့အကြောင်း ငါရဲ့တကယ့်စိတ်နေသဘောထားတွေကို၊ သူငယ်ချင်းတွေနဲ့ ငါရဲ့ဆက်ဆံရေးတွေကို၊ ငါဘဏ်စာရင်းကို၊ ငါရဲ့လက်ရှိအလုပ်အကိုင်ကို၊ ငါ့မိဘတွေနဲ့ သူတို့ရဲ့ အိုဟောင်းနေတဲ့ ပုံသဏ္ဍာန်တွေကို ငါရဲ့ စိတ်ခံစားမှုတုံ့ပြန်မှုတွေကို ရွေးချယ်ခြင်းကနေ၊ ငါ့ရဲ့ခန္ဓာကိုယ်ထဲက ကလာပ်စည်းအသစ်တွေရဲ့ ယေဘူကျအကျဆုံး၊ သာမန်တီထွင်ဖန်တီးမှုကနေ တဒင်္ဂကခဏတိုင်းမှာ ငါရဲ့ ဘဝတစ်ခုလုံးကို ငါဟာ ဖန်တီးနေတယ်။ ငါရဲ့ စွမ်းအားအရှိဆုံးလက်ဆောင်တွေအနက်က တစ်ခုကတော့ ငါရဲ့စိတ်ကူးပုံဖော်ခြင်းဖြစ်တယ်။ ငါနဲ့ ငါ့ပတ်ပတ်လည်က လူတိုင်းဆီ ဖြစ်ပျက်နေတဲ့ ကောင်းတဲ့အရာတွေကို မြင်ဖို့ အဲဒါကို ငါ အသုံးပြုတယ်။ ငါရဲ့ ပိုမိုမြင့်မားတဲ့ငါနဲ့အတူ ငါ့ဘဝကို တွဲဖက်ဖန်တီးနေတာကြောင့် ငါဟာ ငြိမ်းချမ်းတယ်။
‎~ လုပ်ဆောင်ခြင်း ~
ငါလုပ်ဆောင်တာအကြောင်း အကောင်း ခံစားရတယ်။
ငါဟာ ဘဝနဲ့အတူ လွယ်လွယ်ကူကူ ကြောင့်ကြစိုက်ထုတ်မှုကင်းကင်း စီးဆင်းတယ်။


အတွေ့အကြုံ အမျိုးအစားအားလုံးကို ဖြတ်သန်းလျက် မတော်တဆဖြစ်လာသမျှဟာ ကံကောင်းလိုက်တာဆိုတဲ့စိတ်ထားနဲ့ ငါ စီးဆင်းသွားတယ်။ လုပ်ဆောင်ခြင်းနဲ့ပတ်သပ်လို့ မဆုံးနိုင်တဲ့ နည်းလမ်းတွေ ရှိကြတယ်။ အလုပ်နဲ့ပတ်သပ်လို့ ကြီးကျယ်တဲ့ကိုင်တွယ်ဖြေရှင်းမှုကြီးတစ်ခု လုပ်ဆောင်ပြီးသွားတယ်ဆိုရင် ငါတို့ ဝမ်းသာအားရဖြစ်တယ်။ အကယ်၍ ဘာဆိုဘာမှ မလုပ်ဆောင်မပြီးမြောက်ဘူးဆိုရင် ငါတို့ ဝမ်းသာအားရဖြစ်နေဆဲပဲ။ ငါတို့ လုပ်ဆောင်သမျှအရာရာဟာ၊ ဒီ ပစ္စုပ္ပန်တဒင်္ဂမှာ ပြီးပြည့်စုံနေတယ်။ ငါတို့ မဖြစ်မနေလုပ်ရမယ်ဆိုတာမျိုးဟာ အမှန်တကယ်တော့ ဘာမှ မရှိပါ။ လုပ်ဆောင်ဖို့ အကောင်းဆုံးဖြစ်ကောင်းဖြစ်နိုင်တာတွေ ရှိတယ်။ ဘာပဲဖြစ်ဖြစ်၊ ငါတို့မှာ အမြဲတမ်း ရွေးချယ်မှု ရှိတယ်။ ဘဝဆိုတာ စွန့်စားခန်းပါ။ ပြီးတော့ စကြဝဠာကြီးက အမြဲတမ်း ငါတို့ဘက်မှာ။

မှတ်ချက်။.........။ 
အခြားနိုင်ငံသား မိတ်တွေတစ်ယောက်က တစ်နေ့လျှင် ခေါင်းစဉ်တစ်ခုစီ နေ့စဉ်ကူးရေးလာခဲ့ပြီး အမှတ်တရ လက်ဆောင်ပေးသော လက်ရေးမူစာအုပ်မှ ခေါင်းစဉ်တစ်ခုချင်းစီကို နေ့စဉ် ဘာသာပြန်ဖြစ်သည့် အချို့ ဖြစ်ပါသည်။  
အင်္ဂလိပ် - မြန်မာ အဘိဓာန်ကို လှန်တတ်ရုံမျှဖြင့်သာ ညီငယ်များအတွက် လုပ်ငန်းတာဝန်တစ်ရပ်ပမာ ဖျစ်ညှစ်ဘာသာပြန်နေခြင်းမျှသာပါ။ ဒါကြောင့် မူရင်းစာရေးသူ အမှန်တကယ် ဖော်ညွှန်းလိုသော အာဘော်နှင့် ဖြောင့်ဖြောင့်ကြီး လွဲနေတာမျိုးတွေလည်း ပါကောင်းပါနိုင်ပါသည်။  ဘာမှ မမှားဖို့ဆိုတာ ဘာမှ မလုပ်မှသာ

No comments: