~ အခိုင်အမာအတည်ပြုပြောဆိုခြင်း ~
ငါဟာ ငါ့ရဲ့ အခိုင်အမာအတည်ပြုပြောဆိုခြင်းတွေကို ဉာဏ်ကြီးကြီးနဲ့ အသုံးပြုတယ်။
အစပိုင်းမှာ စကားလုံးပါ။
အစပိုင်းမှာ စကားလုံးပါ။
ငါ့မှာရှိတဲ့ အတွေးတစ်ခုချင်းစီတိုင်း နဲ့ ငါပြောတဲ့ ဝါကျတွေတိုင်းဟာ အခိုင်အမာအတည်ပြုပြောဆိုခြင်းပါ။ ဒါဟာ အပြုသဘောဆောင်ချင်ဆောင်မယ် ဒါမှမဟုတ် အပြုသဘောမဆောင်တာဖြစ်ချင်ဖြစ်မယ်။ အပြုသဘောဆောင်တဲ့ အခိုင်အမာအတည်ပြုပြောဆိုခြင်းတွေဟာ အပြုသဘောဆောင်တဲ့ အတွေ့အကြုံတွေကို ဖန်တီးပြီးတော့ အပြုသဘောမဆောင်တဲ့ အခိုင်အမာအတည်ပြုပြောဆိုခြင်းတွေဟာ အပြုသဘောမဆောင်တဲ့ အတွေ့အကြုံတွေကို ဖန်တီးတယ်။ ခရမ်းချဉ်သီးစေ့တစ်စေ့ကို စိုက်ပျိုးလိုက်ရင် ခရမ်းချဉ်သီးပင်အဖြစ်ပဲ ကြီးထွားလာမှာဖြစ်တယ်။ ဝက်သေ့ချသီးဟာ ဝက်သစ်ချပင်အဖြစ်သာ ကြီးထွားလာမှာဖြစ်တယ်။ ခွေးပေါက်စလေးဟာ ခွေးအဖြစ်သာ ကြီးထွားလာမှာဖြစ်တယ်။ အကယ်၍ ငါတို့ဟာ ငါတို့ဘဝအကြောင်း သို့မဟုတ် ငါ့တို့ကိုယ်တိုင်အကြောင်း အပြုသဘောမဆောင်တဲ့ ဖော်ပြချက်တွေကိုပဲ ဆက်တိုက် ထပ်လုပ်နေမယ်ဆိုရင်၊ ငါတို့ဟာ အပြုသဘောမဆောင်တဲ့ အတွေ့အကြုံတွေကိုသာ ဆက်လက်ထုတ်လုပ်နေတာဖြစ်တယ်။ ဘဝကို အပြုသဘောမဆောင်တဲ့နည်းလမ်းထဲမှာ ကြည့်မြင်တဲ့ ငါ့မိသားစုရဲ့ အလေ့အထကို လွန်မြောက်ကာ ငါဟာ အခု မြင့်တက်လာပြီ။ ငါ့ရဲ့ အခိုင်အမာအတည်ပြုပြောဆိုခြင်း အလေ့အကျင့်သစ်ဟာ ငါ့ဘဝထဲမှာ ငါလိုချင်တဲ့ အကောင်းတွေကိုသာ ပြောဆိုဖို့ရာ ဖြစ်တယ်။ ဒီနောက်မှာ အကောင်းတွေသာ ငါ့ဆီကိုလာမယ်။
~ အတားအဆီးများ ~
အတားအဆီးများရဲ့ ဟိုးဟိုမှာဖက် ဖြစ်နိုင်စရာတွေထဲကို ငါသွားတယ်။
ငါ့ဘဝဆီကို အတားအဆီးတွေ မရှိပါ။
အသိဉာဏ်ပညာနဲ့ လေ့လာသင်ယူခြင်းဆီသွားရာ မုခ်တံခါးတွေဟာ အမြဲတမ်း ပွင့်နေတယ်။ ငါဟာ အဲဒီမုခ်တံခါးတွေကို ဖြတ်လျှောက်သွားဖို့ရာ တိုးတိုးပြီး ရွေးချယ်နေတယ်။ အတားအဆီးတွေ၊ အပိတ်အပင်တွေ၊ အခက်အခဲတွေနဲ့ ပြဿနာတွေဟာ အတိတ်က ထွက်မြောက်ပြီး အလုံးစုံဖြစ်နိုင်ခြေတွေထဲကို ရွေ့သွားဖို့ ငါ့ကို အခွင့်အလမ်း ပေးနေတဲ့ တစ်သီးပုဂ္ဂလဆရာသမားတွေ ဖြစ်ကြတယ်။ အမြင့်မားဆုံး ကောင်းမွန်တဲ့ စိတ်ကူးပုံဖော်နိုင်စရာကို တွေးတောရင်း ငါ့စိတ်ကို ဆန့်ထုတ်ရတာကို ငါကြိုက်တယ်။ ပိုကောင်းတာကို ငါ့စိတ်က စိတ်ကူးကြံဆနိုင်တာကြောင့်၊ အတားအဆီးတွေနဲ့ အပိတ်အပင်တွေဟာ အရည်ပျော်ပျောက်ကွယ်သွားကြတယ်။ ငါ့ဘဝဟာ မျှော်လင့်ထင်မှတ်မထားဘဲ ပေါ်ပေါက်လာနေတဲ့ အံ့မခန်းလေးတွေနဲ့ ပြည့်နှက်လာနေတယ်။ ခဏ ခဏ အချိန်တော်တော်များများမှာ ထိုင်ပြီးတော့ အလွန်ကောင်းတဲ့ (ဘုရားပေးတဲ့) ဉာဏ်ပညာဆီ ဖွင့်လှစ်နေတာကလွဲရင် အပြည့်အဝ ဘာဆိုဘာမျှ မလုပ်ဖို့ ငါ့ကိုယ်ငါ ခွင့်ပြုချက်ပေးထားတယ်။ ငါ့ဟာ ဘဝရဲ့ကျောင်းသားတစ်ယောက်ဖြစ်တယ်။ အဲဒါကို ငါချစ်တယ်။
~ အလှတရား ~
လူသားတွေလိုပဲ ပန်းပွင့်တွေဟာ သူတို့ရဲ့ကိုယ်ပိုင်နည်းလမ်းတွေနဲ့ အားလုံး လှလှပပ စဉ်ဆက်မပျက် ပွင့်အာကြတယ်။
အလှတရားက ငါ့အား နှိုးဆွတယ်။ ငါ့အား ကုသတယ်။
အလှတရားက ငါ့အား နှိုးဆွတယ်။ ငါ့အား ကုသတယ်။
No comments:
Post a Comment