Thursday, November 29, 2012

နေစဉ်ဘဝ နေ့စဉ်အလှ (၄)

~ ကြောင်းကျိုးမဲ့ ချစ်ခြင်းမေတ္တာ ~
ဒီနေ့ တစ်နေကုန် သင့်ကိုယ်သင် အလုံးစုံ အပြည့်အဝ လက်ခံပါ။ ပြီးတော့ ဘာဖြစ်သလဲဆိုတာ ကြည့်ကြည့်ပါ။
ငါပေးလိုက်တဲ့ ချစ်ခြင်းမေတ္တာဟာ ငါ လက်ခံရရှိတဲ့ ချစ်ခြင်းမေတ္တာပါ။
အပြစ်အနာအဆာ၊ ချို့ယွင်းချက်၊ အမျက်ဒေါသတွေ၊ စိတ်ကသိကအောက်ဖြစ်စေတဲ့ အစိတ်အပိုင်းတွေနဲ့ အခုဒီနေရာ၊ ဒီအချိန်မှာ ဖြစ်ရှိနေတဲ့အတိုင်း ငါ့ကိုယ်ငါ အတိအကျ လက်ခံ၊ ချစ်ခင်တာကြောင့် အဲဒီနည်းလမ်းအတိုင်း သင့်ကို လက်ခံဖို့ ပိုမိုလွယ်ကူလာတာကို ငါ တွေ့တယ်။ ငါကိုယ်တိုင်အတွက် ဒါမှမဟုတ် အခြားသူတွေအတွက် ချစ်ခြင်းမေတ္တာအပေါ်မှာ သတ်မှတ်ချက်တွေ ထားလိုက်တဲ့အခါ၊ ငါဟာ လွတ်လွတ်လပ်လပ် ချစ်နေတာ မဟုတ်တော့ဘူး။ “အကယ်၍ ...... ဆိုရင်၊ ငါ မင်းကို ချစ်မယ်” ဟာ အချစ်မဟုတ်ပါ။ ထိန်းချုပ်ခြင်းပါ။ ဒါကြောင့် အခြားသူတွေကို ထိန်းချုပ်ဖို့ လိုအပ်ခြင်းကို လွှတ်ပစ်လိုက်ဖို့ နဲ့ သူတို့ကို သူတို့ဖြစ်ရှိနေတဲ့အတိုင်း ဖြစ်ရှိနေဖို့ လွတ်လပ်မှုပေးဖို့ ငါ လေ့လာသင်ယူတယ်။ အဲဒီအချိန်မှာ ငါတို့မှာရှိတဲ့ အသိတရား၊ ဗဟုသုတ၊ နားလည်းခြင်းတွေနဲ့ ငါတို့လုပ်နိုင်သမျှ အကောင်းဆုံးတွေကို လုပ်နေရင်း၊ ငါတို့ကိုယ်တိုင်ရဲ့ ရင်တွင်းမှာ ငြိမ်းချမ်းခြင်းကို ဖန်တီးဖို့ သင်ယူရင်း၊ ငါတို့အားလုံးဟာ ငါတို့ကိုယ်ပိုင် လမ်းကြောင်းတွေပေါ်မှာ ရုန်းကန်ကြိုးပမ်းနေကြတာကို ငါ သိမြင်တယ်။ ငါတို့ အတော်များများဟာ ကြောင်းကျိုးမဲ့ ချစ်ခြင်းမေတ္တာရဲ့ အဆင့်အတန်းမှာ အလုပ်လုပ်ကြဖို့ အသိသတိတရားကို ဖွင့်လှစ်လာကြတာကြောင့်၊ ဒီနေရာမှာ ငါတို့အတွက် ရှိနေတဲ့ စိတ်ဝိညာဉ်စွမ်းအားရဲ့ အဆင့်အတန်းအသစ်တစ်ခုထဲကို ငါတို့တွေ တံခါးခေါက်ဖွင့်လှစ်ကြလိမ့်မယ်။ ငါတို့ အသိ၊ သတိတရားကို အကြောက်တရားကနေ ချစ်ခြင်းမေတ္တာအဖြစ် အသွင်ပြောင်းဖို့ ငါတို့ကို ကူညီနေတဲ့၊ကမ္ဘာမြေကြီးကို ဖုံးလွှမ်းထားတဲ့ စိတ်စေတနာ၊ သဒ္ဓါတရား ခြုံစောင်တစ်ထည်ကို ငါမြင်တယ်။
~ ငါတို့ရဲ့ စဉ်းစားတွေးတောမှုကို ပြောင်းလဲခြင်း ~
ငါရဲ့ စဉ်းစားတွေးတောမှုကို ချစ်ခြင်းမေတ္တာနဲ့ ငါ ပြောင်းလဲတယ်။
ငါရဲ့ စဉ်းစားတွေးတောမှုကို ပြောင်းလဲတဲ့အခါ ငါ့ဘဝကို ငါပြောင်းလဲတယ်။
ငါတို့ဟာ ရောင်ခြည်အလင်းဖြစ်ကြတယ်။ ငါတို့ဟာ စိတ်ဝိညာဉ်ဖြစ်ကြတယ်။ ငါတို့ အားလုံးဟာ အံ့သြစရာကောင်းတဲ့၊ ကျွမ်းကျင်လိမ္မာ စွမ်းဆောင်နိုင်တဲ့ သက်ရှိတွေဖြစ်ကြတယ်။ ပြီးတော့ ဒါဟာ ငါတို့အတွက် “ငါတို့ရဲ့ ကိုယ်ပိုင် အစစ်အမှန်တရားကို ငါတို့ ဖန်တီးတယ်ဆိုတာကို အသိအမှတ်ပြုကြဖို့ အချိန်” ဖြစ်တယ်။ ငါတို့ရဲ့ အစစ်အမှန်တရားကို ငါတို့ရဲ့ စိတ်တွေနဲ့ ငါတို့ ဖန်တီးကြတယ်။ အကယ်၍ ငါတို့ရဲ့ အစစ်အမှန်တရားကို ငါတို့ ပြောင်းလဲချင်တယ်ဆိုရင်၊ ဒါဟာ ငါတို့အတွက် “ငါတို့ရဲ့ စိတ်တွေကို ပြောင်းလဲဖို့ အချိန်” ဖြစ်တယ်။ အသစ်ဖြစ်တဲ့၊ အပြုသဘောဆောင်တဲ့ နည်းလမ်းတွေထဲမှာ တွေးတောဖို့ ပြောဆိုဖို့ ရွေးချယ်ခြင်းအားဖြင့် ငါတို့ ဒါကို လုပ်ကြတယ်။ အကယ်၍ ငါ့ရဲ့ စဉ်းစားတွေးတောမှုကို ပြောင်းလဲမယ်ဆိုရင်၊ ငါ့ဘဝကို ငါပြောင်းလဲနိုင်မယ်ဆိုတာကို ဟိုး အချိန်တော်တော်ကြာကြာမှာ ငါ သင်ယူလေ့လာခဲ့တယ်။ ငါတို့ရဲ့ စဉ်းစားတွေးတောမှုကို ပြောင်းလဲခြင်းဟာ အမှန်တကယ်ပဲ ငါတို့ရဲ့ အကန့်အသတ်တွေကို စွန့်လွှတ်လိုက်ခြင်း ဖြစ်တယ်။ ငါတို့ရဲ့ အကန့်အသတ်တွေကို ငါတို့ စွန့်လွှတ်လိုက်တဲ့အခါ၊ ငါတို့ အနားတဝိုက်လုံးက ဘဝရဲ့ အကန့်အသတ်မဲ့မှုကို ငါတို့ စတင် သတိထားမိလာတယ်။ ငါတို့ဟာ ပြီးပြည့်စုံပြီးသား၊ အလုံးစုံဖြစ်ပြီးသား၊ ပြီးပြည့်ဝပြီးသားဆိုတာ ငါတို့ စတင် သဘောပေါက်နားလည်လာတယ်။ နေ့စဉ်နေ့တိုင်းဟာ ပိုမိုလွယ်ကူလာတယ်။
~ ပြတ်သားကြည်လင် ရှင်းလင်းတဲ့အမြင် ~
ဦးတည်ရာအရပ်တိုင်းကို ပြတ်ပြတ်သားသား ကြည်ကြည်လင်လင် ရှင်းရှင်းလင်းလင်း ချစ်ခြင်းမေတ္တာနဲ့ ငါမြင်တယ်။
ပြတ်သားကြည်လင်ရှင်းလင်းစွာ ငါမြင်တယ်။
ရည်ရွယ်ချက်၊ လားရာအမြင်တွေနဲ့ ပတ်သက်ပြီးတော့ ပြတ်သားကြည်လင် ရှင်းလင်းတဲ့အမြင် ငါ့မှာ ရှိတယ်။ ငါ့ရဲ့ အမြင့်မားဆုံးသော ကောင်းမြတ်ခြင်းနဲ့ အကြီးကျယ်အခမ်းနားဆုံးသော ပျော်ရွှင်ဝမ်းမြောက်မှုတွေအတွက် ဖြစ်တဲ့ လမ်းတွေထဲမှာ ငါ့ရဲ့ အတွင်းထဲက သိနေခြင်းက ငါ့ကို အမြဲတမ်း လမ်းညွှန်တယ်။ ခမ်သိမ်းသောအရာအားလုံး ပြီးပြည့်စုံရာ၊ အလုံးစုံဖြစ်ရာ၊ ပြည့်ဝရာ ဘဝရဲ့ အကန့်အသတ်မဲ့ခြင်းနဲ့ ငါနဲ့ဟာ ဆက်စပ်နေတယ်။ အစဉ်အမြဲ ပြောင်းလဲနေတဲ့ ဘဝရဲ့ အလယ်မှာ ငါဟာ ဗဟိုချက်မိမိ တည်ရှိနေတယ်။ အရာရာတိုင်း၊ လူတိုင်းမှာ ကောင်းမြတ်တာတွေကို ငါ စတင် မြင်လာတယ်။
~ အပျောက်အပျက်၊ အဆုံးအရှုံး~
အံ့သြဘနန်း၊ အသစ်အဆန်း အတွေ့အကြုံတွေ ငါ့ဘဝထဲကို အခု ဝင်ရောက်လာတယ်။ ငါဟာ ဘေးကင်းလုံခြုံတယ်။
ဘဝမှာ အကောင်းတွေကို ငါ အာရုံပြုတယ်။
နေရာတိုင်းမှာ၊ ပစ္စုပ္ပန်တဒင်္ဂတိုင်းမှာ အကောင်းတွေ ရှိနေတယ်ဆိုတာ၊ ပြီးတော့ အဆိုးရွားဆုံး အခြေအနေမှာတောင် အကောင်းနဲ့ပတ်သပ်တာ အနည်းငယ်ကို ရှာတွေ့နိုင်တယ်ဆိုတာ ငါ သိတယ်။ အလုပ်အကိုင်ဆုံးရှုံးခြင်း (ဒါမှမဟုတ်) ချစ်ခင်သူတစ်ယောက်ဆုံးရှုံးခြင်း (ဒါမှမဟုတ်) ကျန်းမာရေးဆုံးရှုံးခြင်းဟာ ငါ့ကို ငါရဲ့ အကြီးမားဆုံးသော အကြောက်တရားတွေနဲ့ မျက်နှာချင်းဆိုင် ခေါ်သွားတယ်။ ဒီ အကြောက်တရားတွေကို တွေ့ကြုံရတာဟာ ပုံမှန် သဘာဝပါ။ သဘာဝတရားဟာ လစ်ဟာနေတာကို စက်ဆုပ်ရွံရှာတယ်။ တစ်ခုခု ထွက်သွားတဲ့အခါ၊ အခြားတစ်စုံတစ်ခုဟာ အဲဒီ့နေရာကို ယူဖို့ ရောက်လာလိမ့်မယ်။ ဒါကြောင့် ငါဟာ အသက်ဝဝ တစ်ကြိမ် (သို့မဟုတ်) ခြောက်ကြိမ် ရှုလိုက်တယ်။ ပြီးတော့ ငါ့လိုအပ်ချက်တွေအားလုံးကို အမြဲတမ်း ကြည့်ရှုစောင့်ရှောက်စေဖို့ ဘဝကို ယုံကြည်နေလိုက်တယ်။ ငါဟာ ယုံကြည်ဖို့ သင်ယူနေတယ်။ ဘဝဟာ ငါ့ကို ချစ်တယ်။ ပြီးတော့ ဘဝဟာ ငါ့ကို ဘယ်တော့မှ နိမ့်ကျစေမှာ မဟုတ်ဘူး။ ငါ့ရဲ့ အမြင့်မားဆုံး ကောင်းခြင်းမင်္ဂလာအတွက် ဖြစ်တဲ့အရာသာ ယခု ဖြစ်ပွားနေတာ။
~ သင်ခန်းစာများ ~
သင်ခန်းစာတွေကို လွယ်ကူအောင်၊ ပျော်စရာဖြစ်အောင် ငါလုပ်လာခဲ့တယ်။
ငါဟာ သင်ယူလေ့လာဖို့ စိတ်ဆန္ဒပြင်းပြတယ်။
သင်ခန်းစာတိုင်းရဲ့ အတွင်းမှာ အမြဲတမ်း ပုန်းအာင်းနေတဲ့ ချစ်ခြင်းမေတ္တာကို ဖွေရှာဖို့ ငါ သင်ယူနေတယ်။ ငါတို့ တစ်ဦးချင်း၊ တစ်ယောက်ချင်းစီတိုင်းဟာ သင်ခန်းစာတွေကို သင်ယူဖို့ ဒီနေရာမှာ ရှိနေတာ။ ငါ့ရဲ့အတွေးတွေနဲ့ ငါ့ရဲ့အတွေ့အကြုံတွေကြားက ဆက်ဆံရေးအကြောင်းကို ငါ သင်ယူနေတယ်။ ပြီးတော့ ငါ့မှာရှိတဲ့ နားလည်ခြင်းတွေ၊ ဗဟုသုတတွေနဲ့ ငါလုပ်နိုင်တဲ့အကောင်းဆုံးကို လုပ်နေတယ်။ သင်ခန်းစာကို သင်ယူလေ့လာခြင်းဆိုတာ ပြောင်းလဲဖို့အလိုဆန္ဒရှိခြင်းနဲ့အတူ တွဲလုပ်ရမှာ။ ငါရဲ့ ပိုမိုမြင့်မားတဲ့ ဝိညာဉ်ရေးရာ အဇ္ဈတ္တဟာ ပြောင်းလဲခြင်းမဲ့တယ်။ အဆုံးမဲ့ထာဝရဖြစ်တယ်။ ဒါကြောင့် အမှန်တကယ်ပြောင်းလဲတဲ့ အရာတွေအားလုံးဟာ ယာယီဖြစ်တဲ့ လူသားအဇ္ဈတ္တပါ။ ပြောင်းလဲဖို့ ခက်ခဲတယ်လို့ ငါဟာ သင်ကြားခံခဲ့ရတယ်။ ကောင်းပြီ၊ အဲဒါကို သဘောတူဖို့ ငါရွေးချယ်နိုင်တယ် (ဒါမှမဟုတ်) ပြောင်းလဲဖို့ လွယ်ကူတယ်လို့ ယုံကြည်ဖို့ ငါရွေးချယ်နိုင်တယ် ဆိုတာ အခု ငါ သိပြီ။ ငါ ခုခံနိုင်တယ်။ ငြင်းပယ်နိုင်တယ်။ ဒေါသထွက်နိုင်တယ်။ နံရံတွေ တည်ဆောက်နိုင်တယ်။ ဒါပေမယ့် အဆုံးမှာ ဘာပဲဖြစ်ဖြစ် ငါဟာ သင်ခန်းစာကို သင်ယူမှာပါ။ ဒါဟာ သင်ယူဖို့ စိတ်ဆန္ဒပြင်းပြအောင် ကူညီပေးတယ်။
 
မှတ်ချက်။.........။ 
အခြားနိုင်ငံသား မိတ်တွေတစ်ယောက်က တစ်နေ့လျှင် ခေါင်းစဉ်တစ်ခုစီ နေ့စဉ်ကူးရေးလာခဲ့ပြီး အမှတ်တရ လက်ဆောင်ပေးသော လက်ရေးမူစာအုပ်မှ ခေါင်းစဉ်တစ်ခုချင်းစီကို နေ့စဉ် ဘာသာပြန်ဖြစ်သည့် အချို့ ဖြစ်ပါသည်။  
အင်္ဂလိပ် - မြန်မာ အဘိဓာန်ကို လှန်တတ်ရုံမျှဖြင့်သာ ညီငယ်များအတွက် လုပ်ငန်းတာဝန်တစ်ရပ်ပမာ ဖျစ်ညှစ်ဘာသာပြန်နေခြင်းမျှသာပါ။ ဒါကြောင့် မူရင်းစာရေးသူ အမှန်တကယ် ဖော်ညွှန်းလိုသော အာဘော်နှင့် ဖြောင့်ဖြောင့်ကြီး လွဲနေတာမျိုးတွေလည်း ပါကောင်းပါနိုင်ပါသည်။  ဘာမှ မမှားဖို့ဆိုတာ ဘာမှ မလုပ်မှသာ။
 
 

No comments: