Saturday, December 8, 2012

နေစဉ်ဘဝ နေ့စဉ်အလှ (၆)

~ လက်သင့်ခံခြင်း ~
ချစ်ခြင်းမေတ္တာနဲ့ လက်သင့်ခံခြင်းတို့ရဲ့ ကမ္ဘာမှာ ငါ နေထိုင်တယ်။
လက်သင့်ခံခြင်းဟာ ငါ့ဆီက လဲ့ဖြာထွက်နေတယ်။
အကယ်၍ ငါဖြစ်ရှိနေတဲ့အတိုင်း ငါ့ကို လက်သင့်ခံစေချင်တယ်ဆိုရင်၊ အခြားသူတွေဖြစ်ရှိနေတဲ့အတိုင်း သူတို့ကို ငါက လက်သင့်ခံဖို့ လိုလားဖို့ လိုအပ်တယ်။ ငါတို့မိဘတွေက ငါတို့ကို အလုံးစုံ လက်ခံတာကို ငါတို့ အမြဲတမ်း လိုချင်ကြတယ်။ ဒါပေမယ့် အချိန်တော်တော်များများမှာ ငါတို့ဟာ သူတို့ကို သူတို့ဖြစ်ရှိနေကြတဲ့အတိုင်း လက်ခံဖို့ လိုလိုလားလား မရှိကြဘူး။ လက်သင့်ခံခြင်းဟာ ငါတို့ကိုယ်ငါတို့နဲ့ သူတစ်ပါးတွေကို အပြည့်အဝဖြစ်ရှိနေဖို့ စွမ်းရည်ကို ပေးနေတယ်။ အခြားလူတွေအတွက် စံသတ်မှတ်ဖို့ဆိုတာဟာ စိတ်ကြီးဝင်မောက်မာတာပါ။ ငါတို့ဟာ ငါတို့ကိုယ်တိုင်အတွက် စံသတ်မှတ်ချက်တွေကို ချနိုင်ရုံသာ။ ပြီးတော့ ဒါတောင်မှ၊ ငါတို့က အဲဒါတွေက စံသတ်မှတ်ချက်တွေဆိုတာထက် လမ်းညွှန်ချက်တွေလို ပိုပြီးဖြစ်စေချင်ကြတယ်။ ကိုယ့်ကိုယ်ကိုယ်လက်သင့်ခံခြင်းကို ငါတို့ ပိုပြီး ကျင့်ကြံနိုင်လေလေ၊ ငါတို့ကို အလုပ်အကျွေးဆက်မပြုတော့တဲ့ အလေ့အကျင့်တွေကို စွန့်လွှတ်ဖို့ ပိုမိုလွယ်ကူလေပါပဲ။ ချစ်ခြင်းမေတ္တာရဲ့ ဝန်းကျင်ထဲမှာ ပြောင်းလဲဖို့နဲ့ ကြီးထွားဖို့ဟာ ငါတို့အတွက် လွယ်ကူလိုက်တာ။
~ တာဝန် ~
ငါဟာ ငါ့ဘဝမှာ တာဝန်ရှိတဲ့ စွမ်းအင်ခွန်အားဖြစ်တယ်။
ငါဟာ ငါ့တာဝန်တွေကို ငါ့ပင်ကိုယ်အစွမ်းအစ၊ ငါ့ဗီဇနဲ့ လက်ခံတယ်။
ငါတို့ရဲ့ အတွေ့အကြုံတွေအတွက် ငါတို့မှာ တာဝန်ရှိတယ်လို့ ပထမဦးဆုံး ကြားရတုန်းက ငါတို့ဟာ အပြစ်ပုံချခံနေရတယ်လို့ ငါတို့ထင်ကြတယ်။ ပြီးတော့ (မကောင်းတာတစ်ခုခုအတွက်) တာဝန်ယူခြင်းဟာ ငါတို့ကို မှားတယ်၊ အပြစ်ရှိတယ်လို့ ခံစားရစေတယ်။ ဘာပဲဖြစ်ဖြစ်၊ (မကောင်းတာတစ်ခုခုအတွက်) နောက်ဆက်တွဲအကျိုးဆက်လိုအပ်တဲ့ တာဝန်ယူခြင်းဆိုတာ မရှိပါဘူး။ ငါတို့မှာ တာဝန်ရှိတယ်ဆိုတာကို နားလည်ခြင်းဟာ ကြီးကျယ်တဲ့လက်ဆောင်တစ်ခု အပေးခံရခြင်းပါ။ အတွေ့အကြုံတွေကို ဖန်တီးဖို့ ကူညီတဲ့ စွမ်းအင်ဟာ အဲဒီအတွေ့အကြုံတွေကို ပြောင်းလဲလည်း ပြောင်းလဲနိုင်ပါတယ်။ ငါတို့ဟာ ငါတို့ရဲ့ အခြေအနေတွေအပေါ်မှာ ချုပ်ကိုင်နိုင်စွမ်း မဲ့နေရာကနေ ငါတို့ဘဝတွေကို အကောင်းမြင်အပြုသဘောဆောင်တဲ့ နည်းလမ်းတွေထဲမှာ ပုံသွင်းနိုင်၊ ပုံဖော်နိုင်တဲ့သူတွေဖြစ်နေခြင်းဆီကို ငါတို့ သွားကြတယ်။ ငါတို့ရဲ့ အတွေးတွေကို ထိရောက်တဲ့နည်းလမ်းတွေထဲမှာ သုံးဖို့ ငါတို့လေ့လာနေတာကြောင့်၊ ငါတို့ဟာ တန်ခိုးစွမ်းအင်ရှိသူတွေ ဖြစ်လာကြတယ်။ ဘဝကို တုံ့ပြန်ဖို့၊ အပြောင်းအလဲတွေကို ပြုလုပ်ဖို့၊ ငါတို့ဘဝအရည်အသွေးတွေ တိုးတက်ဖို့ အဲဒါက ငါတို့ကို စွမ်းအင် ပေးတယ်။
~ ပိုက်ဆံ ~
ဘဏ္ဍာရေးနယ်ပယ်မှာ ငါဟာ အမြဲတမ်း ကြွယ်ဝချမ်းသာအောင်မြင်တယ်။
ပိုက်ဆံက ငါ့ကို ချစ်ပြီးတော့၊ ငါ့ဆီကို အလွန်ချစ်ခင်နှစ်သက်မြတ်နိုးတဲ့ ခွေးပေါက်စလေးတစ်ကောင်လို လာတယ်။
ပိုက်ဆံဟာ လဲလှယ်ခြင်းနဲပတ်သက်တဲ့ ကိရိယာတစ်ခု ဖြစ်ရုံမျှသာပါ။ ပေးခြင်းနဲ့ လက်ခံခြင်းရဲ့ ပုံသဏ္ဍာန်တစ်ခုပါ။ ငါက ဘဝဆီကို ပေးတာကြောင့်၊ ပိုက်ဆံအပါအဝင် မြောက်မြားစွာသော ပုံသဏ္ဍာန်တွေအားလုံးထဲက အလျှံပယ်ပေါများကြွယ်ဝခြင်းတွေ ငါ့ဆီကို ဘဝက ပေးတယ်။ ငါဟာ အမြဲတမ်း ဘဏ္ဍာရေးအားဖြင့် လုံခြုံစိတ်ချတယ်။ ငါ့ဆီကို လာတဲ့ ပိုက်ဆံဟာ စီမံထိန်းသိမ်းကိုင်တွယ်ဖို့ရာ ပျော်ရွင်သာယာမှုပါ။ တချို့ကို စုပြီးတော့ တချို့ကို ငါသုံးတယ်။ မကောင်းမြင်တဲ့၊ ဆင်းရဲမွဲတေမှုကို အာရုံစူးစိုက်တဲ့ တွေးတောခြင်းတွေ၊ ရှက်ရွံ့လိပ်ပြာမသန့်စိတ်တွေ၊ ကျေးဇူးမကင်းတဲ့ အတွေးတွေကို ငါ အစဖျောက်ပစ်တယ်။ ငါ့မှာ လုံလောက်တဲ့ပိုက်ဆံ အမြဲတမ်း ရှိတယ်။ ဘဏ်ထဲက ငွေပမာဏကို တည်ဆောက်ရတာ ငါ့အတွက် လွယ်လိုက်တာ။ ငါရဲ့ အမှန်အကန် အရင်းအမြစ်ကို ငါ အသိအမှတ်ပြုပြီးတော့ ငါရဲ့ ငွေတောင်းခံလွှာတွေကို ချစ်ခြင်းအားဖြင့် ငါပေးချေတယ်။
~ ညှိုနှိုင်းပြင်ဆင်ခြင်း ~
ငါ့ကမ္ဘာကြီးကို ညှိုနှိုင်းပြင်ဆင်ဖို့ရာ ငါလိုအပ်သမျှအရာရာဟာ ချစ်ခြင်းမေတ္တာသာ။
င့ါကိုယ်ငါ ချစ်ခင်မြတ်နိုးခြင်းဟာ ငါရဲ့ မှော်ကြိမ်လုံးပါ။
နေ့စဉ်နေ့တိုင်း မှန်ထဲက ငါ့မျက်လုံးတွေထဲကို ကြည့်ပြီးတော့ “သင် ဖြစ်ရှိနေတဲ့အတိုင်းလေးပဲ သင့်ကို ငါချစ်တယ်” လို့ ပြောဖို့ရာ ပိုပိုလွယ်ကူလာတယ်။ ငါ့ဘဝဟာ ငါက ညှိုနှိုင်းပြင်ဆင်ခြင်းမရှိဘဲ တိုးတက်တယ်။ ငါဟာ ညှိုနှိုင်းပြင်ဆင်တဲ့သူ ဖြစ်ခဲ့ဖူးတယ်။ ငါ့ ပေါင်းသင်းဆက်ဆံရေးကို ငါ ညှိုနှိုင်းပြင်ဆင်ခဲ့တယ်။ ငါ့ ဘဏ်ငွေစာရင်းကို ငါ ညှိုနှိုင်းပြင်ဆင်ခဲ့တယ်။ ငါ့ တီထွင်ဖန်တီးမှု၊ ငါ့ ကျန်းမာရေး၊ ငါ့သူဌေးနဲ့ အရာတွေကို ညှိုနှိုင်းပြင်ဆင်ခဲ့တယ်။ ဒီလိုနဲ့ တစ်နေ့တော့ ညှို့ယူဖမ်းစား ဆွဲဆောင်ခြင်းကို ငါ ရှာဖွေတွေ့ရှိခဲ့တယ်။ အကယ်၍ ငါ့ကိုယ်ငါ တကယ်ချစ်နိုင်ရင်၊ ငါရဲ့ အစိတ်အပိုင်း တစ်ခုချင်းစီတိုင်းကို ငါ တကယ်ချစ်နိုင်ရင်၊ မယုံကြည်နိုင်လောက်တဲ့ အံ့ဖွယ်သရဲတွေ ငါ့ဘဝမှာ ဖြစ်ပျက်တယ်။ ငါ့ပြဿနာတွေဟာ ပျော်ဝင်သွားသလိုဖြစ်ပြီးတော့ ညှိုနှိုင်းပြင်ဆင်စရာ ဘာမှ မရှိတော့ဘူး။ ဒါကြောင့် ငါ့စိတ်အာရုံတွေရဲ့ စူးစိုက်မှုဟာ ပြဿာနာတွေကို ညှိုနှိုင်းပြင်ဆင်ခြင်းကနေ “ငါ့ကိုယ်ငါ ချစ်ခင်မြတ်နိုးခြင်း” နဲ့ “ငါလိုချင်တောင့်တသမျှ အရာရာနဲ့ ငါလိုအပ်သမျှ အရာရာကို ငါ့ဆီ ယူလာပေးဖို့ စကြဝဠာကြီးကို ယုံကြည်နေခြင်း”ဆီ ပြောင်းလဲသွားတယ်။
~ တစ်ကိုယ်တည်းစကား ~
ငါ့ကိုယ်ပိုင်အတွေးတွေကို ငါ ချစ်တယ်။
ငါ့ အတွင်းထဲက အပြန်အလှန်ပြောစကားတွေဟာ ကြင်ကြင်နာနာ ချစ်စရာ။
ဒီကမ္ဘာပေါ်မှာ ငါ ကပြဖို့ သူမတူတစ်မူထူးတဲ့ အခန်းကဏ္ဍ ငါ့မှာ ရှိတယ်။ ပြီးတော့ အဲဒီအလုပ်ကို လုပ်ဖို့ တန်ဆာပလာတွေလည်း ငါ့မှာ ရှိတယ်။ ငါတွေးတဲ့အတွေးတွေ၊ ငါပြောတဲ့ စကားလုံးတွေဟာ ငါရဲ့ မယုံကြည်နိုင်လောက်အောင် စွမ်းအားပြည့်ဝတဲ့ တန်ဆာပလာတွေပေါ့။ အဲဒါတွေကို ငါအသုံးပြုတယ်။ ပြီးတော့ အဲဒါတွေက ငါ့အတွက် ထုတ်လုပ်ပေးတာကို ငါ နှစ်ခြိုက်တယ်။ တရားရှုမှတ်ခြင်း၊ ဆုတောင်းခြင်း ဒါမှမဟုတ် မနက်ခင်းမှာ (၁၀) မိနစ်စာ အတည်ပြုပြောဆိုခြင်းတွဟာ အံ့သြဖွယ်ရာ။ ပြီးတော့ တစ်နေ့စာလုံး စဉ်ဆက်မပျက်ရှိနေတဲ့အခါ ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေကို ငါရတယ်။ ငါ့ဘဝကို အမှန်တကယ် ပုံသွင်းနေတာဟာ ခဏတိုင်းစီက တွေးတောခြင်းတွေဆိုတာ ငါ သတိရတယ်။ စွမ်းအားရဲ့ တည်ရာအမှတ်၊ ပြောင်းလဲခြင်းတွေကို ငါလုပ်တဲ့နေရာဟာ အမြဲတမ်း ဒီယခုနေရာ၊ ဒီယခုအချိန်ပါ။ ဒါကြောင့် တဒင်္ဂလေးမျှ၊ အခု ငါတွေးနေတဲ့ အတွေးကို ငါဖမ်းလိုက်တယ်။ ပြီးတော့ “ငါ အဲဒီအတွေးကို ငါ့အနာဂတ်ကို ဖန်တီးစေလို သလား” လို့ ငါ့ကိုယ်ငါ မေးတယ်။
 
မှတ်ချက်။.........။ 
အခြားနိုင်ငံသား မိတ်တွေတစ်ယောက်က တစ်နေ့လျှင် ခေါင်းစဉ်တစ်ခုစီ နေ့စဉ်ကူးရေးလာခဲ့ပြီး အမှတ်တရ လက်ဆောင်ပေးသော လက်ရေးမူစာအုပ်မှ ခေါင်းစဉ်တစ်ခုချင်းစီကို နေ့စဉ် ဘာသာပြန်ဖြစ်သည့် အချို့ ဖြစ်ပါသည်။  
အင်္ဂလိပ် - မြန်မာ အဘိဓာန်ကို လှန်တတ်ရုံမျှဖြင့်သာ ညီငယ်များအတွက် လုပ်ငန်းတာဝန်တစ်ရပ်ပမာ ဖျစ်ညှစ်ဘာသာပြန်နေခြင်းမျှသာပါ။ ဒါကြောင့် မူရင်းစာရေးသူ အမှန်တကယ် ဖော်ညွှန်းလိုသော အာဘော်နှင့် ဖြောင့်ဖြောင့်ကြီး လွဲနေတာမျိုးတွေလည်း ပါကောင်းပါနိုင်ပါသည်။  ဘာမှ မမှားဖို့ဆိုတာ ဘာမှ မလုပ်မှသာ။
 

No comments: