Saturday, December 8, 2012

နေစဉ်ဘဝ နေ့စဉ်အလှ (၆)

~ လက်သင့်ခံခြင်း ~
ချစ်ခြင်းမေတ္တာနဲ့ လက်သင့်ခံခြင်းတို့ရဲ့ ကမ္ဘာမှာ ငါ နေထိုင်တယ်။
လက်သင့်ခံခြင်းဟာ ငါ့ဆီက လဲ့ဖြာထွက်နေတယ်။
အကယ်၍ ငါဖြစ်ရှိနေတဲ့အတိုင်း ငါ့ကို လက်သင့်ခံစေချင်တယ်ဆိုရင်၊ အခြားသူတွေဖြစ်ရှိနေတဲ့အတိုင်း သူတို့ကို ငါက လက်သင့်ခံဖို့ လိုလားဖို့ လိုအပ်တယ်။ ငါတို့မိဘတွေက ငါတို့ကို အလုံးစုံ လက်ခံတာကို ငါတို့ အမြဲတမ်း လိုချင်ကြတယ်။ ဒါပေမယ့် အချိန်တော်တော်များများမှာ ငါတို့ဟာ သူတို့ကို သူတို့ဖြစ်ရှိနေကြတဲ့အတိုင်း လက်ခံဖို့ လိုလိုလားလား မရှိကြဘူး။ လက်သင့်ခံခြင်းဟာ ငါတို့ကိုယ်ငါတို့နဲ့ သူတစ်ပါးတွေကို အပြည့်အဝဖြစ်ရှိနေဖို့ စွမ်းရည်ကို ပေးနေတယ်။ အခြားလူတွေအတွက် စံသတ်မှတ်ဖို့ဆိုတာဟာ စိတ်ကြီးဝင်မောက်မာတာပါ။ ငါတို့ဟာ ငါတို့ကိုယ်တိုင်အတွက် စံသတ်မှတ်ချက်တွေကို ချနိုင်ရုံသာ။ ပြီးတော့ ဒါတောင်မှ၊ ငါတို့က အဲဒါတွေက စံသတ်မှတ်ချက်တွေဆိုတာထက် လမ်းညွှန်ချက်တွေလို ပိုပြီးဖြစ်စေချင်ကြတယ်။ ကိုယ့်ကိုယ်ကိုယ်လက်သင့်ခံခြင်းကို ငါတို့ ပိုပြီး ကျင့်ကြံနိုင်လေလေ၊ ငါတို့ကို အလုပ်အကျွေးဆက်မပြုတော့တဲ့ အလေ့အကျင့်တွေကို စွန့်လွှတ်ဖို့ ပိုမိုလွယ်ကူလေပါပဲ။ ချစ်ခြင်းမေတ္တာရဲ့ ဝန်းကျင်ထဲမှာ ပြောင်းလဲဖို့နဲ့ ကြီးထွားဖို့ဟာ ငါတို့အတွက် လွယ်ကူလိုက်တာ။
~ တာဝန် ~
ငါဟာ ငါ့ဘဝမှာ တာဝန်ရှိတဲ့ စွမ်းအင်ခွန်အားဖြစ်တယ်။
ငါဟာ ငါ့တာဝန်တွေကို ငါ့ပင်ကိုယ်အစွမ်းအစ၊ ငါ့ဗီဇနဲ့ လက်ခံတယ်။
ငါတို့ရဲ့ အတွေ့အကြုံတွေအတွက် ငါတို့မှာ တာဝန်ရှိတယ်လို့ ပထမဦးဆုံး ကြားရတုန်းက ငါတို့ဟာ အပြစ်ပုံချခံနေရတယ်လို့ ငါတို့ထင်ကြတယ်။ ပြီးတော့ (မကောင်းတာတစ်ခုခုအတွက်) တာဝန်ယူခြင်းဟာ ငါတို့ကို မှားတယ်၊ အပြစ်ရှိတယ်လို့ ခံစားရစေတယ်။ ဘာပဲဖြစ်ဖြစ်၊ (မကောင်းတာတစ်ခုခုအတွက်) နောက်ဆက်တွဲအကျိုးဆက်လိုအပ်တဲ့ တာဝန်ယူခြင်းဆိုတာ မရှိပါဘူး။ ငါတို့မှာ တာဝန်ရှိတယ်ဆိုတာကို နားလည်ခြင်းဟာ ကြီးကျယ်တဲ့လက်ဆောင်တစ်ခု အပေးခံရခြင်းပါ။ အတွေ့အကြုံတွေကို ဖန်တီးဖို့ ကူညီတဲ့ စွမ်းအင်ဟာ အဲဒီအတွေ့အကြုံတွေကို ပြောင်းလဲလည်း ပြောင်းလဲနိုင်ပါတယ်။ ငါတို့ဟာ ငါတို့ရဲ့ အခြေအနေတွေအပေါ်မှာ ချုပ်ကိုင်နိုင်စွမ်း မဲ့နေရာကနေ ငါတို့ဘဝတွေကို အကောင်းမြင်အပြုသဘောဆောင်တဲ့ နည်းလမ်းတွေထဲမှာ ပုံသွင်းနိုင်၊ ပုံဖော်နိုင်တဲ့သူတွေဖြစ်နေခြင်းဆီကို ငါတို့ သွားကြတယ်။ ငါတို့ရဲ့ အတွေးတွေကို ထိရောက်တဲ့နည်းလမ်းတွေထဲမှာ သုံးဖို့ ငါတို့လေ့လာနေတာကြောင့်၊ ငါတို့ဟာ တန်ခိုးစွမ်းအင်ရှိသူတွေ ဖြစ်လာကြတယ်။ ဘဝကို တုံ့ပြန်ဖို့၊ အပြောင်းအလဲတွေကို ပြုလုပ်ဖို့၊ ငါတို့ဘဝအရည်အသွေးတွေ တိုးတက်ဖို့ အဲဒါက ငါတို့ကို စွမ်းအင် ပေးတယ်။
~ ပိုက်ဆံ ~
ဘဏ္ဍာရေးနယ်ပယ်မှာ ငါဟာ အမြဲတမ်း ကြွယ်ဝချမ်းသာအောင်မြင်တယ်။
ပိုက်ဆံက ငါ့ကို ချစ်ပြီးတော့၊ ငါ့ဆီကို အလွန်ချစ်ခင်နှစ်သက်မြတ်နိုးတဲ့ ခွေးပေါက်စလေးတစ်ကောင်လို လာတယ်။
ပိုက်ဆံဟာ လဲလှယ်ခြင်းနဲပတ်သက်တဲ့ ကိရိယာတစ်ခု ဖြစ်ရုံမျှသာပါ။ ပေးခြင်းနဲ့ လက်ခံခြင်းရဲ့ ပုံသဏ္ဍာန်တစ်ခုပါ။ ငါက ဘဝဆီကို ပေးတာကြောင့်၊ ပိုက်ဆံအပါအဝင် မြောက်မြားစွာသော ပုံသဏ္ဍာန်တွေအားလုံးထဲက အလျှံပယ်ပေါများကြွယ်ဝခြင်းတွေ ငါ့ဆီကို ဘဝက ပေးတယ်။ ငါဟာ အမြဲတမ်း ဘဏ္ဍာရေးအားဖြင့် လုံခြုံစိတ်ချတယ်။ ငါ့ဆီကို လာတဲ့ ပိုက်ဆံဟာ စီမံထိန်းသိမ်းကိုင်တွယ်ဖို့ရာ ပျော်ရွင်သာယာမှုပါ။ တချို့ကို စုပြီးတော့ တချို့ကို ငါသုံးတယ်။ မကောင်းမြင်တဲ့၊ ဆင်းရဲမွဲတေမှုကို အာရုံစူးစိုက်တဲ့ တွေးတောခြင်းတွေ၊ ရှက်ရွံ့လိပ်ပြာမသန့်စိတ်တွေ၊ ကျေးဇူးမကင်းတဲ့ အတွေးတွေကို ငါ အစဖျောက်ပစ်တယ်။ ငါ့မှာ လုံလောက်တဲ့ပိုက်ဆံ အမြဲတမ်း ရှိတယ်။ ဘဏ်ထဲက ငွေပမာဏကို တည်ဆောက်ရတာ ငါ့အတွက် လွယ်လိုက်တာ။ ငါရဲ့ အမှန်အကန် အရင်းအမြစ်ကို ငါ အသိအမှတ်ပြုပြီးတော့ ငါရဲ့ ငွေတောင်းခံလွှာတွေကို ချစ်ခြင်းအားဖြင့် ငါပေးချေတယ်။
~ ညှိုနှိုင်းပြင်ဆင်ခြင်း ~
ငါ့ကမ္ဘာကြီးကို ညှိုနှိုင်းပြင်ဆင်ဖို့ရာ ငါလိုအပ်သမျှအရာရာဟာ ချစ်ခြင်းမေတ္တာသာ။
င့ါကိုယ်ငါ ချစ်ခင်မြတ်နိုးခြင်းဟာ ငါရဲ့ မှော်ကြိမ်လုံးပါ။
နေ့စဉ်နေ့တိုင်း မှန်ထဲက ငါ့မျက်လုံးတွေထဲကို ကြည့်ပြီးတော့ “သင် ဖြစ်ရှိနေတဲ့အတိုင်းလေးပဲ သင့်ကို ငါချစ်တယ်” လို့ ပြောဖို့ရာ ပိုပိုလွယ်ကူလာတယ်။ ငါ့ဘဝဟာ ငါက ညှိုနှိုင်းပြင်ဆင်ခြင်းမရှိဘဲ တိုးတက်တယ်။ ငါဟာ ညှိုနှိုင်းပြင်ဆင်တဲ့သူ ဖြစ်ခဲ့ဖူးတယ်။ ငါ့ ပေါင်းသင်းဆက်ဆံရေးကို ငါ ညှိုနှိုင်းပြင်ဆင်ခဲ့တယ်။ ငါ့ ဘဏ်ငွေစာရင်းကို ငါ ညှိုနှိုင်းပြင်ဆင်ခဲ့တယ်။ ငါ့ တီထွင်ဖန်တီးမှု၊ ငါ့ ကျန်းမာရေး၊ ငါ့သူဌေးနဲ့ အရာတွေကို ညှိုနှိုင်းပြင်ဆင်ခဲ့တယ်။ ဒီလိုနဲ့ တစ်နေ့တော့ ညှို့ယူဖမ်းစား ဆွဲဆောင်ခြင်းကို ငါ ရှာဖွေတွေ့ရှိခဲ့တယ်။ အကယ်၍ ငါ့ကိုယ်ငါ တကယ်ချစ်နိုင်ရင်၊ ငါရဲ့ အစိတ်အပိုင်း တစ်ခုချင်းစီတိုင်းကို ငါ တကယ်ချစ်နိုင်ရင်၊ မယုံကြည်နိုင်လောက်တဲ့ အံ့ဖွယ်သရဲတွေ ငါ့ဘဝမှာ ဖြစ်ပျက်တယ်။ ငါ့ပြဿနာတွေဟာ ပျော်ဝင်သွားသလိုဖြစ်ပြီးတော့ ညှိုနှိုင်းပြင်ဆင်စရာ ဘာမှ မရှိတော့ဘူး။ ဒါကြောင့် ငါ့စိတ်အာရုံတွေရဲ့ စူးစိုက်မှုဟာ ပြဿာနာတွေကို ညှိုနှိုင်းပြင်ဆင်ခြင်းကနေ “ငါ့ကိုယ်ငါ ချစ်ခင်မြတ်နိုးခြင်း” နဲ့ “ငါလိုချင်တောင့်တသမျှ အရာရာနဲ့ ငါလိုအပ်သမျှ အရာရာကို ငါ့ဆီ ယူလာပေးဖို့ စကြဝဠာကြီးကို ယုံကြည်နေခြင်း”ဆီ ပြောင်းလဲသွားတယ်။
~ တစ်ကိုယ်တည်းစကား ~
ငါ့ကိုယ်ပိုင်အတွေးတွေကို ငါ ချစ်တယ်။
ငါ့ အတွင်းထဲက အပြန်အလှန်ပြောစကားတွေဟာ ကြင်ကြင်နာနာ ချစ်စရာ။
ဒီကမ္ဘာပေါ်မှာ ငါ ကပြဖို့ သူမတူတစ်မူထူးတဲ့ အခန်းကဏ္ဍ ငါ့မှာ ရှိတယ်။ ပြီးတော့ အဲဒီအလုပ်ကို လုပ်ဖို့ တန်ဆာပလာတွေလည်း ငါ့မှာ ရှိတယ်။ ငါတွေးတဲ့အတွေးတွေ၊ ငါပြောတဲ့ စကားလုံးတွေဟာ ငါရဲ့ မယုံကြည်နိုင်လောက်အောင် စွမ်းအားပြည့်ဝတဲ့ တန်ဆာပလာတွေပေါ့။ အဲဒါတွေကို ငါအသုံးပြုတယ်။ ပြီးတော့ အဲဒါတွေက ငါ့အတွက် ထုတ်လုပ်ပေးတာကို ငါ နှစ်ခြိုက်တယ်။ တရားရှုမှတ်ခြင်း၊ ဆုတောင်းခြင်း ဒါမှမဟုတ် မနက်ခင်းမှာ (၁၀) မိနစ်စာ အတည်ပြုပြောဆိုခြင်းတွဟာ အံ့သြဖွယ်ရာ။ ပြီးတော့ တစ်နေ့စာလုံး စဉ်ဆက်မပျက်ရှိနေတဲ့အခါ ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေကို ငါရတယ်။ ငါ့ဘဝကို အမှန်တကယ် ပုံသွင်းနေတာဟာ ခဏတိုင်းစီက တွေးတောခြင်းတွေဆိုတာ ငါ သတိရတယ်။ စွမ်းအားရဲ့ တည်ရာအမှတ်၊ ပြောင်းလဲခြင်းတွေကို ငါလုပ်တဲ့နေရာဟာ အမြဲတမ်း ဒီယခုနေရာ၊ ဒီယခုအချိန်ပါ။ ဒါကြောင့် တဒင်္ဂလေးမျှ၊ အခု ငါတွေးနေတဲ့ အတွေးကို ငါဖမ်းလိုက်တယ်။ ပြီးတော့ “ငါ အဲဒီအတွေးကို ငါ့အနာဂတ်ကို ဖန်တီးစေလို သလား” လို့ ငါ့ကိုယ်ငါ မေးတယ်။
 
မှတ်ချက်။.........။ 
အခြားနိုင်ငံသား မိတ်တွေတစ်ယောက်က တစ်နေ့လျှင် ခေါင်းစဉ်တစ်ခုစီ နေ့စဉ်ကူးရေးလာခဲ့ပြီး အမှတ်တရ လက်ဆောင်ပေးသော လက်ရေးမူစာအုပ်မှ ခေါင်းစဉ်တစ်ခုချင်းစီကို နေ့စဉ် ဘာသာပြန်ဖြစ်သည့် အချို့ ဖြစ်ပါသည်။  
အင်္ဂလိပ် - မြန်မာ အဘိဓာန်ကို လှန်တတ်ရုံမျှဖြင့်သာ ညီငယ်များအတွက် လုပ်ငန်းတာဝန်တစ်ရပ်ပမာ ဖျစ်ညှစ်ဘာသာပြန်နေခြင်းမျှသာပါ။ ဒါကြောင့် မူရင်းစာရေးသူ အမှန်တကယ် ဖော်ညွှန်းလိုသော အာဘော်နှင့် ဖြောင့်ဖြောင့်ကြီး လွဲနေတာမျိုးတွေလည်း ပါကောင်းပါနိုင်ပါသည်။  ဘာမှ မမှားဖို့ဆိုတာ ဘာမှ မလုပ်မှသာ။
 

ညှို့ယူဖမ်းစား ဆွဲဆောင်ခြင်း



~ ပဉ္စလက်ကျင့်စဉ် အမှတ်တစ် ~
.....................................................
သင့်ရဲ့ကောင်းချီးမင်္ဂလာတွေကို ရေတွက်ပါ
......................................................

၁။ နံနက်ခင်းမှာ ပထမဦးဆုံးအရာ၊ သင် ကျေးဇူးတင်တဲ့ သင့်ဘဝထဲက ကောင်းချီးမင်္ဂလာ (၁၀) ခုကို စာရင်းပြုစုပါ။

၂။ ကောင်းချီးမင်္ဂလာတစ်ခုချင်းစီတိုင်းအတွက် သင် ကျေးဇူးတင်ရတာ ဘာ့ကြောင့်ဆိုတာကို ချရေးပါ။

၃။ သင့် စာရင်းကို သင့်စိတ်ထဲဖြစ်ဖြစ်၊ အသံထွက်ပြီးတော့ဖြစ်ဖြစ် ပြန်ဖတ်ပါ။ ကောင်းချီးမင်္ဂလာတစ်ခုချင်းစီတိုင်းရဲ့ အဆုံးကို ရောက်တဲ့အခါ၊ “ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ပါတယ်” ဆိုတဲ့ မှော်စကားလုံးတွေကို ပြောပြီးတော့ ကျေးဇူးတင်နိုင်သမျှ ကျေးဇူးတင်ပါ။

၎။ ကျန် (၂၇) ရက်အတွက် နံနက်ခင်းတိုင်းမှာ ဒီ ပဉ္စလက်ကျင့်စဉ်ရဲ့ ပထမအဆင့် (၃) ဆင့်ကို ပြန်ပြန်လုပ်ပါ။

၅။ မနက်ဖြန်ရဲ့ ပဉ္စလက်ကျင့်စဉ်ကို ဒီကနေ့ဖတ်ပါ။


~ ပဉ္စလက်ကျင့်စဉ် အမှတ်နှစ် ~
.....................
မှော်ကျောက်တုံး
.....................

၁။ ပဉ္စလက်ကျင့်စဉ် အမှတ်တစ်ရဲ့ အဆင့် (၁) ကနေ (၃) ကို ပြန်လုပ်ပါ။ သင့်ရဲ့ ကောင်းချီးမင်္ဂလာတွေကို ရေတွက်ပါ။ ကောင်းချီးမင်္ဂလာ (၁၀) ခု စာရင်းပြုစုပါ။ သင် ကျေးဇူးတင်တာ ဘာကြောင့်လဲဆိုတာ ချရေးပါ။ သင့်စာရင်းကို ပြန်ဖတ်ပါ။ ကောင်းချီးမင်္ဂလာတစ်ခုချင်းစီတိုင်းရဲ့အဆုံးမှာ “ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ပါတယ်။” ဆိုပြီးတော့ အဲဒီ ကောင်းချီမင်္ဂလာအတွက် သင် ကျေးဇူးတင်နိုင်သမျှ ကျေးဇူးတင်ပါ။

၂။ မှော်ကျောက်တုံးတစ်တုံးရှာပြီးတော့ သင့်အိပ်ရာဘေးမှာ ထားပါ။

၃။ ဒီည အိပ်ရာမဝင်ခင်၊ သင့်လက်ထဲမှာ မှော်ကျောက်တုံးကို ကိုင်ထားပြီးတော့ ဒီကနေ့ဖြစ်ပျက်ခဲ့တဲ့ အကောင်းဆုံးကို တွေးပါ။

၎။ ဒီကနေ့ ဖြစ်ပျက်ခဲ့တဲ့ အကောင်းဆုံးအတွက် “ကျေးဇူးတင်ပါတယ်” ဆိုတဲ့ မှော်စကားလုံးကိုတွေကို ပြောပါ။

၅။ နောက် (၂၆) ရက်အတွက် ညစဉ်ညတိုင်း မှော်ကျောက်တုံးကျင့်စဉ်ကို ထပ်လုပ်ပါ။

၆။ မနက်ဖြန်ရဲ့ ပဉ္စလက်ကျင့်စဉ်ကို ဒီကနေ့ ဖတ်ပါ။


~ ပဉ္စလက်ကျင့်စဉ် အမှတ်သုံး ~
.........................................
နှစ်လိုအံ့သြဖွယ် ဆက်ဆံရေးများ
..........................................

၁။ ပဉ္စလက်ကျင့်စဉ် အမှတ်တစ်ရဲ့ အဆင့် (၁) ကနေ (၃) ကို ပြန်လုပ်ပါ။ သင့်ရဲ့ ကောင်းချီးမင်္ဂလာတွေကို ရေတွက်ပါ။ ကောင်းချီးမင်္ဂလာ (၁၀) ခု စာရင်းပြုစုပါ။ သင် ကျေးဇူးတင်တာ ဘာကြောင့်လဲဆိုတာ ချရေးပါ။ သင့်စာရင်းကို ပြန်ဖတ်ပါ။ ကောင်းချီးမင်္ဂလာတစ်ခုချင်းစီတိုင်းရဲ့အဆုံးမှာ “ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ပါတယ်။” ဆိုပြီးတော့ အဲဒီ ကောင်းချီမင်္ဂလာအတွက် သင် ကျေးဇူးတင်နိုင်သမျှ ကျေးဇူးတင်ပါ။

၂။ သင့်ရဲ့ အရင်းနှီးဆုံး ဆက်ဆံရေးတွေအနက်က (၃) ခုကို ရွေးချယ်ပါ။ ပြီးတော့ အဲဒီပုဂ္ဂိုလ်တစ်ဦးချင်းစီတိုင်းရဲ့ ဓာတ်ပုံကို စုဆောင်းပါ။

၃။ သင့်ရှေ့မှာရှိနေတဲ့ ဓာတ်ပုံနဲ့၊ အဲဒီပုဂ္ဂိုလ်တစ်ဦးချင်းစီတိုင်းအတွက် သင်ကျေးဇူးအတင်ဆုံး အရာ (၅) ခုကို သင့်ဂျာနယ်ထဲမှာ ဒါမှမဟုတ် သင့်ကွန်ပြူတာထဲမှာ ချရေးပါ။

၎။ ဝါကျတစ်ကြောင်းချင်းစီတိုင်းကို “ကျေးဇူးတင်ပါတယ်” ဆိုတဲ့ မှော်စကားလုံးတွေနဲ့ စတင်ပါ။ သူတို့ နာမည် နဲ့ သင် ကျေးဇူးအထူးတင်တဲ့အရာ ပါဝင်ပါ။

၅။ ဒီကနေ့ အဲဒီ ဓာတ်ပုံ (၃) ပုံ သင်နဲ့အတူ သယ်ယူပါ (ဒါမှမဟုတ်) သင် မကြာခဏမြင်မယ့် နေရာတစ်နေရာရာမှာ ထားပါ။ အနည်းဆုံး အခါသမယ(၃) ခု၊ (၃)ချိန်မှာ ဓာတ်ပုံတွေကို ကြည့်ပြီးတော့၊ ဓာတ်ပုံထဲက ပုဂ္ဂိုလ်ရဲ့မျက်နှာဆီကို စကားပြောပါ။ ကျေးဇူးတင်ပါတယ်ဆိုတဲ့ မှော်စကားလုံးတွေနဲ့ သူတို့နာမည်ကို ပြောခြင်းအားဖြင့် သူတို့ကို ကျေးဇူးတင်ပါ။ ကျေးဇူးတင်ပါတယ် …..

၆။ မအိပ်ခင် လက်တစ်ဖက်မှာ မှော်ကျောက်တုံးကို ယူပါ။ တစ်နေ့တာအတောအတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အကောင်းဆုံးအရာအတွက် မှော်စကားလုံး “ကျေးဇူးတင်ပါတယ်” ကိုပြောပါ။


~ ပဉ္စလက်ကျင့်စဉ် အမှတ်လေး ~
....................................
နှစ်လိုအံ့သြဖွယ် ကျန်းမာရေး
....................................

၁။ ပဉ္စလက်ကျင့်စဉ် အမှတ်တစ်ရဲ့ အဆင့် (၁) ကနေ (၃) ကို ပြန်လုပ်ပါ။ သင့်ရဲ့ ကောင်းချီးမင်္ဂလာတွေကို ရေတွက်ပါ။ ကောင်းချီးမင်္ဂလာ (၁၀) ခု စာရင်းပြုစုပါ။ သင် ကျေးဇူးတင်တာ ဘာကြောင့်လဲဆိုတာ ချရေးပါ။ သင့်စာရင်းကို ပြန်ဖတ်ပါ။ ကောင်းချီးမင်္ဂလာတစ်ခုချင်းစီတိုင်းရဲ့အဆုံးမှာ “ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ပါတယ်။” ဆိုပြီးတော့ အဲဒီ ကောင်းချီမင်္ဂလာအတွက် သင် ကျေးဇူးတင်နိုင်သမျှ ကျေးဇူးတင်ပါ။

၂။ စက္ကူတစ်ရွက် ဒါမှမဟုတ် ကဒ်ပြားတစ်ပြားပေါ်မှာ “ကျန်းမာရေးရဲ့လက်ဆောင်မွန်ဟာ ငါ့ကို အသက်ရှင်သန်နေအောင် ထိန်းထားပေးနေတယ်” ဆိုတဲ့ စကားလုံးတွေကို ရေးပါ။

၃။ ဒီကနေ့ သင် မကြာခဏမြင်မယ်လို့ သင်သိတဲ့ နေရာမှာ သင်ရေးထားတဲ့ စကားလုံးတွေနဲ့ စာရွက်ကို ထားပါ။

၎။ အနည်းဆုံး အခါသမယ (၄) ခု၊ (၄) ချိန်မှာ အဲဒီစကားလုံးတွကို ဖြည်းဖြည်းလေးဖတ်ပြီးတော့ ကျန်းမာရေးရဲ့ အဖိုးထိုက်တန်တဲ့ လက်ဆောင်မွန်အတွက် သင်ကျေးဇူးတင်နိုင်သမျှ ကျေးဇူးတင်ပါ။

၆။ ဒီည သင်မအိပ်ခင်လေးမှာ လက်တစ်ဖက်မှာ မှော်ကျောက်တုံးကို ဆုပ်ကိုင်ပြီးတော့ တစ်နေ့တာအတွင်းမှာ ဖြစ်ပျက်နေတဲ့ အကောင်းဆုံးအရာအတွက် မှော်စကားလုံး “ကျေးဇူးတင်ပါတယ်” ကိုပြောပါ။


~ ပဉ္စလက်ကျင့်စဉ် အမှတ်ငါး ~
..............................
နှစ်လိုအံ့သြဖွယ် ပိုက်ဆံ
..............................

၁။ ပဉ္စလက်ကျင့်စဉ် အမှတ်တစ်ရဲ့ အဆင့် (၁) ကနေ (၃) ကို ပြန်လုပ်ပါ။ သင့်ရဲ့ ကောင်းချီးမင်္ဂလာတွေကို ရေတွက်ပါ။ ကောင်းချီးမင်္ဂလာ (၁၀) ခု စာရင်းပြုစုပါ။ သင် ကျေးဇူးတင်တာ ဘာကြောင့်လဲဆိုတာ ချရေးပါ။ သင့်စာရင်းကို ပြန်ဖတ်ပါ။ ကောင်းချီးမင်္ဂလာတစ်ခုချင်းစီတိုင်းရဲ့အဆုံးမှာ “ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ပါတယ်။” ဆိုပြီးတော့ အဲဒီ ကောင်းချီမင်္ဂလာအတွက် သင် ကျေးဇူးတင်နိုင်သမျှ ကျေးဇူးတင်ပါ။

၂။ သင့်ငယ်စဉ်ကလေးဘဝတစ်လျောက်နဲ့ အဲဒီကာလမှာ အဖိုးအခမပေးရဘဲ အထောက်အပံ့ခံခဲ့ရတဲ့ အရာတွေအားလုံးကို ထိုင်ပြီးတော့ ပြန်စဉ်းစားဖို့ မိနစ်အနည်းငယ်ယူပါ။

၃။ သင့်အတွက် ပိုက်ဆံကို သူတစ်ပါးက ပေးသွားခဲ့တာ မှတ်မိနေတာတွေတစ်ခုချင်းစီတိုင်းကို ပြန်ခေါ်ကြည့်စဉ်မှာ သက်သေသာဓကတစ်ခုချင်းစီတိုင်းရဲ့ စိတ်နှလုံးသားအကုန်လုံးနဲ့ မှော်စကားလုံး “ကျေးဇူးတင်ပါတယ်” ကို ခံစားပြီးတော့ ပြောဆိုပါ။

၎။ တစ်ကျပ်တန်ငွေစက္ကူ ဒါမှမဟုတ် အတန်သေးတစ်ရွက်ကို ယူပြီးတော့ အဲဒီငွေစက္ကူအပေါ် သင်ကပ်ထားတဲ့ စတစ်ကာပေါ်မှာ“ငါ့ဘဝတစ်လျောက်လုံး ငါပေးခဲ့ပြီးသွားတဲ့ ငွေတွေအားလုံးအတွက် ကျေးဇူးတင်ပါတယ်” လို့ ခပ်ကြီးကြီး ခပ်ထင်းထင်း စာလုံးတွေနဲ့ ရေးပါ။

၅။ ဒီကနေ့၊ သင့်ရဲ့ မှော်ငွေစက္ကူကို သင်နဲ့အတူ ယူပါ။ ပြီးတော့ အနည်းဆုံး မနက်ခင်းမှာ တစ်ကြိမ်နဲ့ နေ့လည်ခင်းမှာ တစ်ကြိမ်၊ ဒါမှမဟုတ် များချင်သလောက် အကြိမ်များများ အဲဒီမှော်ငွေစက္ကူကို ထုတ်ယူပြီးတော့ သင့်လက်ထဲမှာ ကိုင်ပါ။ သင် ရေးထားတဲ့ စကားလုံးတွေကို ဖတ်ပါ။ ပြီးတော့ သင်ပေးခဲ့ပြီးသွားတဲ့ ငွေကြေးအလျှံပယ်ပေါကြွယ်ဝမှုတွေအတွက် အစစ်အမှန် ကျေးဇူးတင်ပါ။

၆။ ဒီနေ့ပြီးသွားရင်၊ သင့်ဘဝထဲမှာ သင်ပေးခဲ့ပြီးသွားတဲ့ ငွေကြေးအလျှံပယ်ပေါများကြွယ်ဝမှုတွေအတွက် ကျေးဇူးဆက်လက်တင်နေဖို့ သင့်ကို သတိပေးဖို့ရာ အဲဒီမှော်ငွေစက္ကူကို နေ့စဉ်နေ့တိုင်း သင်မြင်မယ့် တစ်နေရာရာမှာ ထားပါ။

၇။ ဒီည သင်မအိပ်ခင် လက်တစ်ဖက်မှာ မှော်ကျောက်တုံးကို ဆုပ်ကိုင်ပါ။ တစ်နေ့တာအတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အကောင်းဆုံးအရာအတွက် မှော်စကားလုံး “ကျေးဇူးတင်ပါတယ်” ကိုပြောပါ။


~ ပဉ္စလက်ကျင့်စဉ် အမှတ်ခြောက် ~
...............................................
ပဉ္စလက်မှော်ပမာ လုပ်ငန်းဆောင်တာ
................................................

၁။ ပဉ္စလက်ကျင့်စဉ် အမှတ်တစ်ရဲ့ အဆင့် (၁) ကနေ (၃) ကို ပြန်လုပ်ပါ။ သင့်ရဲ့ ကောင်းချီးမင်္ဂလာတွေကို ရေတွက်ပါ။ ကောင်းချီးမင်္ဂလာ (၁၀) ခု စာရင်းပြုစုပါ။ သင် ကျေးဇူးတင်တာ ဘာကြောင့်လဲဆိုတာ ချရေးပါ။ သင့်စာရင်းကို ပြန်ဖတ်ပါ။ ကောင်းချီးမင်္ဂလာတစ်ခုချင်းစီတိုင်းရဲ့အဆုံးမှာ “ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ပါတယ်။” ဆိုပြီးတော့ အဲဒီ ကောင်းချီမင်္ဂလာတစ်ခုချင်းစီအတွက် ကျေးဇူးတရားကို ခံစားပါ။

၂။ ဒီကနေ့ အလုပ်မှာ ကျေးဇူးတင်စရာတစ်ခုခုကို သင်ရှာတွေ့တဲ့အခါတိုင်း သင့်နားမှာ လိုက်ပြီးမှတ်တမ်းယူနေတဲ့ ကိုယ်ပျောက်မန်နေဂျာတစ်ယောက် သင့်မှာ ရှိတယ်လို့ စိတ်ကူးပုံဖော်ပါ။ ဒီကနေ့ သင့်အလုပ်က ကျေးဇူးတင်စရာတွေ များနိုင်သမျှများများ ရှာဖွေဖို့ပဲ။

၃။ ကျေးဇူးတင်နိုင်သမျှ ကျေးဇူးတင်ပြီးတော့၊ “ ___________ အတွက် ငါ အရမ်းကျေးဇူးတင်ပါတယ်”လို့ ပြောခြင်းအားဖြင့် သင်က ကျေးဇူးတင်စရာ တစ်ခုခုကို ရှာဖွေတွေ့ရှိတဲ့အခါတိုင်း သင့်မန်နေဂျာက မှတ်တမ်းယူပါစေ။

၎။ ဒီည သင်မအိပ်ခင် လက်တစ်ဖက်မှာ မှော်ကျောက်တုံးကို ဆုပ်ကိုင်ပါ။ တစ်နေ့တာအတွင်းမှာ ဖြစ်ပျက်နေတဲ့ အကောင်းဆုံးအရာအတွက် မှော်စကားလုံး “ကျေးဇူးတင်ပါတယ်” ကိုပြောပါ။


~ ပဉ္စလက်ကျင့်စဉ် အမှတ်ခွန်နှစ် ~
..........................................................................................
အပြုသဘောမဆောင်တာတွေမှ မှော်ပဉ္စလက်ပမာ ထွက်မြောက်ရာလမ်း
...........................................................................................

၁။ ပဉ္စလက်ကျင့်စဉ် အမှတ်တစ်ရဲ့ အဆင့် (၁) ကနေ (၃) ကို ပြန်လုပ်ပါ။ သင့်ရဲ့ ကောင်းချီးမင်္ဂလာတွေကို ရေတွက်ပါ။ ကောင်းချီးမင်္ဂလာ (၁၀) ခု စာရင်းပြုစုပါ။ သင် ကျေးဇူးတင်တာ ဘာကြောင့်လဲဆိုတာ ချရေးပါ။ သင့်စာရင်းကို ပြန်ဖတ်ပါ။ ကောင်းချီးမင်္ဂလာတစ်ခုချင်းစီတိုင်းရဲ့အဆုံးမှာ “ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ပါတယ်။” ဆိုပြီးတော့ အဲဒီ ကောင်းချီမင်္ဂလာအတွက် သင် ကျေးဇူးတင်နိုင်သမျှ ကျေးဇူးတင်ပါ။

၂။ သင့်ဘဝထဲမှာ သင် အဖြေရှင်းချင်ဆုံး ပြဿနာတစ်ခု သို့မဟုတ် အနုတ်သဘောဆောင်၊ မကောင်းတဲ့ အခြေအနေတစ်ခုကို ရွေးချယ်ပါ။

၃။ အဲဒီ အနုတ်သဘောဆောင်၊ မကောင်းတဲ့ အခြေအနေအကြောင်း သင် ကျေးဇူးတင်တဲ့ (၁၀) ခု စာရင်းပြုစုပါ။

၎။ သင့် စာရင်းရဲ့ အဆုံးမှာ ပြီးပြည့်စုံတဲ့ ဖြေရှင်းချက်အတွက် “ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်” လို့ ချရေးပါ။

၅။ ဒီကနေ့အတွက်ပဲ၊ အပြုသဘောမဆောင်တဲ့အရာ၊ ဘာမှ မပြောဘဲ တစ်နေ့လုံး နေနိုင်လား ကြည့်ကြည့်ပါ။ အပြုသဘောမဆောင်တဲ့ တစ်စုံတစ်ရာကို ပြောနေ ဒါမှမဟုတ် တွေးနေတဲ့ သင့်ကိုယ်သင် သတိထားလိုက်မိရင်၊ နှစ်လိုအံ့သြဖွယ် ဘဝလိုင်းကြောင်းကို သုံးပါ။ ချက်ချင်းရပ်လိုက်ပါ။ ပြီးတော့ - “ဒါပေမယ့် -------------- အတွက် တကယ်ပဲ ကျေးဇူးတင်ပါတယ်လို့ ငါပြောရမယ်။” လို့ ပြောပါ။

၆။ ဒီည သင်မအိပ်ခင်လေးမှာ၊ လက်တစ်ဖက်မှာ မှော်ကျောက်တုံးကို ဆုပ်ကိုင်ပါ။ တစ်နေ့တာအတွင်းမှာ ဖြစ်ပျက်နေတဲ့ အကောင်းဆုံးအရာအတွက် မှော်စကားလုံး “ကျေးဇူးတင်ပါတယ်” ကိုပြောပါ။



မှတ်ချက်။..........။

Rhonda Byrne ရဲ့ The MAGIC မှ (၂၈) ရက်စာ ပဉ္စလက်ကျင့်စဉ်တွေပါ။ နီးစပ်ရာ မိတ်ဆွေအနည်းငယ်  လက်တွေ့လုပ်ဆောင်ကြရာက တစ်ယောက်စကား၊ တစ်ယောက်နားနဲ့ ကျင့်ကြံသူမိတ်ဆွေတွေ များများလာပါတယ်။ ကျင့်ကြံလိုသူမိတ်ဆွေများအနက်က အချို့က အကူအညီတောင်းတာကြောင့် တစ်ရက်ကြိုကြိုပြီး နေ့စဉ်ဘာသာပြန်ပေးဖြစ်နေတာတွေကို တစ်ပတ်စာ စုစည်းခြင်းဖြစ်ပါတယ်။ 
အင်္ဂလိပ် - မြန်မာ အဘိဓာန်ကို လှန်တတ်ရုံမျှဖြင့်သာ ကိုယ့်ထက်အင်္ဂလိပ်စာအားနည်းသူ မိတ်ဆွေအချို့အတွက် ဖျစ်ညှစ်ဘာသာပြန်ထားတာပါ။ ဒါကြောင့် မူရင်းစာရေးသူ အမှန်တကယ် ဖော်ညွှန်းလိုသော အာဘော်နှင့် ဖြောင့်ဖြောင့်ကြီး လွဲနေတာမျိုးတွေလည်း ပါကောင်းပါနိုင်ပါသည်။  ဘာမှ မမှားဖို့ဆိုတာ ဘာမှ မလုပ်မှသာ။


Tuesday, December 4, 2012

နေစဉ်ဘဝ နေ့စဉ်အလှ (၅)

~ ခွင့်လွှတ်ခြင်း ~
ခွင့်လွှတ်ခြင်းဟာ ငါနဲ့အတူ နေရာတကာကို ငါသယ်ယူတဲ့ ဆေးကုသတဲ့ကိရိယာပါ။
ငါဟာ ခွင့်လွှတ်ဖို့ လိုလိုလားလားရှိတယ်။
ရှက်ရွံ့ခြင်း၊ ကြောက်ရွံ့ခြင်း၊ ဝေဖန်ပြစ်တင်ခြင်း၊ မကျေမနပ်စိတ်ခုနေရခြင်း၊ ပူဆွေးနောင်တရခြင်းတွေရဲ့ လေးလံတဲ့ ကုတ်အင်္ကျီကို ချွတ်လိုက်တဲ့အခါ လွတ်လပ်ခြင်းခံစားမှုကို ငါ ချစ်တယ်။ အဲဒီအခါ သူတစ်ပါးတွေအဝင်အပါ ငါ့ကိုယ်ငါ ခွင့်လွှတ်နိုင်တယ်။ ဒါဟာ ငါတို့ အားလုံးကို လွတ်လပ်အောင် လွှတ်ပေးလိုက်တယ်။ အကြောင်းအရာဟောင်းတွေ ပတ်ပတ်လည်က ပစ္စည်းတွေကို စွန့်လွှတ်လိုက်ဖို့ ငါလိုလားတယ်။ အတိတ်ထဲမှာ ကြာကြာ ဆက်နေဖို့ ငါ ငြင်းဆိုတယ်။ အဲဒီ ဝန်ထုပ်ဝန်ပိုးဟောင်းတွေကို အကြာကြီး သယ်ယူလာခဲ့ခြင်းအတွက် ငါ့ကိုယ်ငါ ခွင့်လွှတ်တယ်။ အခြားလူတွေ နဲ့ ငါ့ကိုယ်ငါ ဘယ်လိုချစ်ရမယ်ဆိုတာ မသိခြင်းအတွက် ငါ့ကိုယ်ငါ ခွင့်လွှတ်တယ်။ လူတစ်ဦးချင်းစီဟာ သူတို့ရဲ့ ကိုယ်ပိုင် အမူအရာတွေအတွက် သူတို့မှာ တာဝန်ရှိတယ်။ ပြီးတော့ သူတို့ ပေးလိုက်တဲ့အရာကို ဘဝက သူတို့ဆီ ပြန်ပေးလိမ့်မယ်။ ဒါကြောင့် ဘယ်သူ့ကိုမှ ငါက အပြစ်ပေးဖို့ မလိုဘူး။ ငါကိုယ်တိုင် အပါအဝင် ငါတို့အားလုံးဟာ ငါတို့ကိုယ်ပိုင် အသိ၊ သတိတရားရဲ့ ဥပဒေသနိယာမတွေအောက်မှာ ရှိနေကြတာ။ ငါ့စိတ်ရဲ့ မခွင့်လွှတ်သေးတဲ့ အပိုင်းတွေကို သန့်ရှင်းပစ်ဖို့ ငါ့အလုပ် ငါလုပ်ပြီးတော့ ချစ်ခြင်းမေတ္တာကို ဝင်လာဖို့ ခွင့်ပြုတယ်။ အဲဒီအခါမှာ ငါဟာ ကုသပျောက်ကင်းသွားတယ်။
 ~ ဘဏ္ဍာရေး ~
ငါဟာ ငွေရေးကြေးရေးဘဏ္ဍာရေးရာ သက်တောင့်သက်သာရှိလှတယ်။
စီးပွားရေးဆိုတာရဲ့ ဟိုးအလွန်တိုင်အောင် ငါသွားတယ်။
သတင်းစာတွေ၊ စီးပွားရေးပညာရှင်တွေ ဘာပဲပြောပြော၊ ငါ့ဝင်ငွေကို စဉ်ဆက်မပျက် ကျယ်ပြန့်တိုးပွားများပြားနေစေဖို့ ငါခွင့်ပြုတယ်။ ငါ့ လက်ရှိဝင်ငွေရဲ့ ဟိုးဟိုဘက်အလွန်တိုင် ငါ ရွေ့တယ်။ စီးပွားရေးဆိုင်ရာ ခန့်မှန်းချက်တွေရဲ့ ဟိုးဟိုဘက်အလွန်တိုင် ငါ သွားတယ်။ ငါ လုပ်နိုင်တဲ့အရာတွေ၊ ဒါမှမဟုတ် ငါ သွားနိုင်တဲ့ အကွာအဝေးတွေကို ပြောနေကြတဲ့ အပြင်ကလူတွေရဲ့ စကားကို ငါ နားမထောင်ဘူး။ ငါ့ မိဘတွေရဲ့ ဝင်ငွေအတိုင်းအတာ ဟိုးဟိုဘက်အလွန်တိုင် ငါ လွယ်လွယ်လေး သွားနိုင်တယ်။ ငွေရေးကြေးရေးဘဏ္ဍာရေးဆိုင်ရာ ငါ့ အသိသတိတရားဟာ စဉ်ဆက်မပျက် ကျယ်ပြန့်ကြီးမားနေတယ်။ လှလှပပ၊ သက်တောင့်သက်သာ၊ ချမ်းချမ်းသာသာ၊ လေးလေးနက်နက် ရှင်သန်နေထိုင်ဖို့ နည်းလမ်းအသစ်တွေ၊ အကြံညာဏ်သစ်တွေကို စဉ်ဆက်မပျက် ယူနေတယ်။ငါ့ ပါရမီတွေ၊ ငါ့ စွမ်းဆောင်ရည်တွေဟာ လုံလောက်ရုံမျှမကအောင် ကောင်းမွန်တယ်။ ပြီးတော့ အဲဒီ ငါ့ရဲ့ပါရမီတွေ၊ စွမ်းဆောင်ရည်တွေကို ကမ္ဘာကြီးနဲ့ မျှဝေရတာဟာ လေးလေးနက်နက် နှစ်သက်ပျော်ရွှင်စရာပါ။ ငါဟာ မထိုက်တန်ဘူးဆိုတဲ့ ခံစားချက်တွေရဲ့ ဟိုးဟိုဘက်အလွန်ကို ငါသွားတယ်။ ငွေရေးကြေးရေးဘဏ္ဍာရေးဆိုင်ရာမှာ အလုံးစုံ သစ်လွင်တဲ့ အဆင့်အတန်းတစ်ခုရဲ့ လက်ခံမှုထဲကို ငါ ရွေ့သွားတယ်။
~ ငွေတောင်းခံလွှာများ ~
ငါ့ရဲ့ ငွေတောင်းခံလွှာတွေဟာ ငါ့ရဲ့ပေးချေနိုင်စွမ်းရည်နဲ့ပတ်သပ်တဲ့ အခိုင်အမာအဆိုပြုချက်တွေပဲပေါ့။
ငါ့လမ်းကို ငါ လွယ်လွယ်ကူကူ ပေးချေတယ်။
ငါတို့ကို ဖန်ဆင်းခဲ့တဲ့ စွမ်းအင်ဟာ ငါတို့အတွက် အရာရာကို ဒီနေရာမှာ ထားထားပြီးသားဖြစ်တယ်။ ထိုက်တန်ဖို့၊ လက်ခံဖို့ကတော့ ငါတို့ သဘောအတိုင်းပေါ့။ အခု ငါတို့မှာ ရှိနေတာသူသမျှ ငါတို့ လက်ခံခဲ့ကြတာတွေပါ။ အကယ်၍ ငါတို့ဟာ တစ်စုံတစ်ရာကို မတူကွဲပြားစွာ သို့မဟုတ် ပိုပြီးတော့ ဒါမှမဟုတ် လျော့ပြီးတော့ လိုချင်တယ်ဆိုချင်၊ ပြစ်တင်ပြောဆိုခြင်းဖြင့် အဲဒါကို ငါတို့ မရဘူး။ ငါတို့ရဲ့ အသိသတိတရားကို ချဲ့ကားခြင်းဖြင့်သာ တစ်စုံတစ်ရာကို မတူကွဲပြားစွာ ငါတို့ ရနိုင်တာ။ သင့်ရဲ့ ငွေတောင်းခံလွှာတွေအားလုံးကို ချစ်ခြင်းအားဖြင့် ကြိုဆိုပါ။ ချက်လက်မှတ်တွေ ရေးထုတ်နေစဉ်မှာ အားရပျော်ရွှင်ပါ။ သင် ပို့ထုတ်လိုက်တဲ့အရာဟာ သင့်ဆီကို ဆတိုးပွားပြီး ပြန်လာနေတယ်ဆိုတာကို သိပါ။ ဒီကိစ္စအကြောင်း အကောင်းမြင်တဲ့ ခံစားခြင်းကို စတင်ပါ။ ငွေတောင်းခံလွှာတွေဟာ အမှန်တကယ် အံ့သြဖွယ်ရာတွေပါ။ ဒါဟာ တစ်စုံတစ်ယောက်က သူတို့ရဲ့ ဝန်ဆောင်မှု သို့မဟုတ် ကုန်ပစ္စည်းအတွက် ပေးချေဖို့ စွမ်းရည် သင့်မှာ ရှိနေတယ်ဆိုတာကို သိတာကြောင့်၊ သူတို့ရဲ့ ဝန်ဆောင်မှု သို့မဟုတ် ကုန်ပစ္စည်းကို ပေးဖို့ သင့်ကို လုံလုံလောက်လောက် ယုံကြည်တယ်ဆိုတာကို ညွှန်းဆိုတာပါ။
~ ဆက်သွယ်ပြောဆိုခြင်း ~
တစ်စုံတစ်ရာ လုပ်ဖို့ မရှိပါ။ တစ်စုံတစ်ရာ သိဖို့သာ။
ဆက်ဆံပြောဆိုခြင်းဆိုတာ ချစ်ခြင်းမေတ္တာ တေးသီ တာ။
ချစ်စရာကောင်းတဲ့ ပြောဆိုဆက်သွယ်ခြင်းဆိုတာ လူသားတွေအတွက် ပျော်စရာအကောင်းဆုံးနဲ့ စွမ်းအားအရှိဆုံး အတွေ့အကြုံတွေထဲက တစ်ခုပါ။ ဒီ စကြဝဠာထဲကို ငါ ဘယ်လို ရောက်လာသလဲ။ ငါ့ကိုယ်မှာ ငါ အလုပ်တွေအများကြီးလုပ်ခဲ့တယ်။ စာအုပ်တွေအများကြီးဖတ်ခဲ့တယ်။ “ငါတွေးတာ၊ ငါပြောတာတွေဟာ ငါဆီက ထွက်သွားတယ်။ စကြဝဠာက တုံ့ပြန်တယ်။ ပြီးတော့ ငါ့ဆီပြန်လာတယ်။” အဲ့ဒီလို ဘဝရဲ့ နိယာမတွေကို သိနားလည်လာခဲ့တယ်။ ဒါကြောင့် ငါဟာ အကူအညီတွေ စတင်တောင်းလာတယ်။ ကိုယ့်ဘာသာကိုယ် စောင့်ကြည့်တယ်။ ဘာမှ မဝေဖန်၊ မသုံးသပ်မဆုံးဖြတ်ဘဲ စောင့်ကြည့်ဖို့ ကိုယ့်ဘာသာ နေရာလွတ်ကို ခွင့်ပြုလိုက်တာကြောင့် ချစ်စရာကောင်းတဲ့ ပြောဆိုဆက်သွယ်ခြင်းမှာ ကြီးကျယ်တဲ့ တိုးတက်မှုတွေ ငါ စတင် ပြုလုပ်လာတယ်။ ငါ ဘာကို ယုံကြည်တာလဲ။ ငါ ဘာကို ခံစားတာလဲ။ ငါ ဘယ်လို တန်ပြန်တာလဲ။ ငါ ဘယ်လို ပိုချစ်နိုင်မလဲ။ နောက်ပြီးတော့ စကြဝဠာကြီးကို ငါပြောတယ်။ “ချစ်ဖို့ရာ ငါ့ကို သင်ပေးပါ။”
~ အပြစ်အနာအဆာကင်းခြင်း ~
ငါတို့ဟာ လူသားအတွေ့အကြုံရှိနေကြတဲ့ အံ့သြဖွယ်ရာ ဝိညာဉ်ရေးရာ ပုဂ္ဂိုလ်တွေ ဖြစ်ကြတယ်။
ငါဟာ အပြစ်အနာအဆာကင်းရှင်း အလုံးစုံပကတိ အပြည့်အဝဖြစ်တယ်။
“ငါ့ နှာခေါင်းကြီးက ရှည်လိုက်တာ။ ဒါမှမဟုတ် ငါ့တင်ပါးကြီးတွေက ကြီးလိုက်တာ” လို့ ဘယ် ကလေးလေးကမှ မပြောဘူး။ သူတို့ ဘယ်လို အပြစ်အနာအဆာကင်းကြတယ်ဆိုတာကို သူတို့ သိကြတယ်။ တစ်ချိန်တုန်းက ငါတို့အားလုံး အဲဒီလိုပါပဲ။ အပြစ်အနာအဆာကင်းခြင်းကို ပုံမှန် သဘာဝအဖြစ် ငါတို့ လက်ခံခဲ့ကြတယ်။ ငါတို့ အရွယ်ရောက်လာတာနဲ့အမျှ ငါတို့ရဲ့ အပြစ်အနာအဆာကင်းခြင်းကို ငါတို့ သံသယစဝင်လာပြီးတော့ အပြစ်အနာအဆာကင်းလာဖို့ ကြိုးစားခဲ့ကြတယ်။ ငါတို့ ဖြစ်ရှိနေပြီးသားဟာ မဖြစ်လာနိုင်တော့ဘူး။ ဒါကို ငါတို့ လက်ခံရုံပဲ လက်ခံနိုင်တယ်။ ပြီးတော့ ဒါကြောင့် စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ပင်ပန်းနွမ်းနယ်ခြင်းတွေကို ငါတို့ ဖန်တီးကြတယ်။ ငါတို့ ဘယ်သူမှ ဘာမှ မှားယွင်းမနေကြပါဘူး။ ဒါကြောင့် ငါတို့ဟာ ဘဝရဲ့ အလွန်ကောင်းတဲ့၊ ပုံကြီးချဲ့ထားတဲ့ ဖွင့်ဆိုဖော်ပြခြင်းတွေဖြစ်တယ် ဆိုတာရယ်၊ ငါတို့ကမ္ဘာကြီးထဲမှာ အားလုံးဟာ အမှန်တကယ်ပဲ ကောင်းမွန်စွာဖြစ်ရှိနေကြတယ်ဆိုတာရယ်ကို ထပ်မံပြီး အခိုင်အမာအတည်ပြုကြစို့၊ သိမြင်ကြစို့။
 
မှတ်ချက်။.........။ 
အခြားနိုင်ငံသား မိတ်တွေတစ်ယောက်က တစ်နေ့လျှင် ခေါင်းစဉ်တစ်ခုစီ နေ့စဉ်ကူးရေးလာခဲ့ပြီး အမှတ်တရ လက်ဆောင်ပေးသော လက်ရေးမူစာအုပ်မှ ခေါင်းစဉ်တစ်ခုချင်းစီကို နေ့စဉ် ဘာသာပြန်ဖြစ်သည့် အချို့ ဖြစ်ပါသည်။  
အင်္ဂလိပ် - မြန်မာ အဘိဓာန်ကို လှန်တတ်ရုံမျှဖြင့်သာ ညီငယ်များအတွက် လုပ်ငန်းတာဝန်တစ်ရပ်ပမာ ဖျစ်ညှစ်ဘာသာပြန်နေခြင်းမျှသာပါ။ ဒါကြောင့် မူရင်းစာရေးသူ အမှန်တကယ် ဖော်ညွှန်းလိုသော အာဘော်နှင့် ဖြောင့်ဖြောင့်ကြီး လွဲနေတာမျိုးတွေလည်း ပါကောင်းပါနိုင်ပါသည်။  ဘာမှ မမှားဖို့ဆိုတာ ဘာမှ မလုပ်မှသာ။
 

Thursday, November 29, 2012

နေစဉ်ဘဝ နေ့စဉ်အလှ (၄)

~ ကြောင်းကျိုးမဲ့ ချစ်ခြင်းမေတ္တာ ~
ဒီနေ့ တစ်နေကုန် သင့်ကိုယ်သင် အလုံးစုံ အပြည့်အဝ လက်ခံပါ။ ပြီးတော့ ဘာဖြစ်သလဲဆိုတာ ကြည့်ကြည့်ပါ။
ငါပေးလိုက်တဲ့ ချစ်ခြင်းမေတ္တာဟာ ငါ လက်ခံရရှိတဲ့ ချစ်ခြင်းမေတ္တာပါ။
အပြစ်အနာအဆာ၊ ချို့ယွင်းချက်၊ အမျက်ဒေါသတွေ၊ စိတ်ကသိကအောက်ဖြစ်စေတဲ့ အစိတ်အပိုင်းတွေနဲ့ အခုဒီနေရာ၊ ဒီအချိန်မှာ ဖြစ်ရှိနေတဲ့အတိုင်း ငါ့ကိုယ်ငါ အတိအကျ လက်ခံ၊ ချစ်ခင်တာကြောင့် အဲဒီနည်းလမ်းအတိုင်း သင့်ကို လက်ခံဖို့ ပိုမိုလွယ်ကူလာတာကို ငါ တွေ့တယ်။ ငါကိုယ်တိုင်အတွက် ဒါမှမဟုတ် အခြားသူတွေအတွက် ချစ်ခြင်းမေတ္တာအပေါ်မှာ သတ်မှတ်ချက်တွေ ထားလိုက်တဲ့အခါ၊ ငါဟာ လွတ်လွတ်လပ်လပ် ချစ်နေတာ မဟုတ်တော့ဘူး။ “အကယ်၍ ...... ဆိုရင်၊ ငါ မင်းကို ချစ်မယ်” ဟာ အချစ်မဟုတ်ပါ။ ထိန်းချုပ်ခြင်းပါ။ ဒါကြောင့် အခြားသူတွေကို ထိန်းချုပ်ဖို့ လိုအပ်ခြင်းကို လွှတ်ပစ်လိုက်ဖို့ နဲ့ သူတို့ကို သူတို့ဖြစ်ရှိနေတဲ့အတိုင်း ဖြစ်ရှိနေဖို့ လွတ်လပ်မှုပေးဖို့ ငါ လေ့လာသင်ယူတယ်။ အဲဒီအချိန်မှာ ငါတို့မှာရှိတဲ့ အသိတရား၊ ဗဟုသုတ၊ နားလည်းခြင်းတွေနဲ့ ငါတို့လုပ်နိုင်သမျှ အကောင်းဆုံးတွေကို လုပ်နေရင်း၊ ငါတို့ကိုယ်တိုင်ရဲ့ ရင်တွင်းမှာ ငြိမ်းချမ်းခြင်းကို ဖန်တီးဖို့ သင်ယူရင်း၊ ငါတို့အားလုံးဟာ ငါတို့ကိုယ်ပိုင် လမ်းကြောင်းတွေပေါ်မှာ ရုန်းကန်ကြိုးပမ်းနေကြတာကို ငါ သိမြင်တယ်။ ငါတို့ အတော်များများဟာ ကြောင်းကျိုးမဲ့ ချစ်ခြင်းမေတ္တာရဲ့ အဆင့်အတန်းမှာ အလုပ်လုပ်ကြဖို့ အသိသတိတရားကို ဖွင့်လှစ်လာကြတာကြောင့်၊ ဒီနေရာမှာ ငါတို့အတွက် ရှိနေတဲ့ စိတ်ဝိညာဉ်စွမ်းအားရဲ့ အဆင့်အတန်းအသစ်တစ်ခုထဲကို ငါတို့တွေ တံခါးခေါက်ဖွင့်လှစ်ကြလိမ့်မယ်။ ငါတို့ အသိ၊ သတိတရားကို အကြောက်တရားကနေ ချစ်ခြင်းမေတ္တာအဖြစ် အသွင်ပြောင်းဖို့ ငါတို့ကို ကူညီနေတဲ့၊ကမ္ဘာမြေကြီးကို ဖုံးလွှမ်းထားတဲ့ စိတ်စေတနာ၊ သဒ္ဓါတရား ခြုံစောင်တစ်ထည်ကို ငါမြင်တယ်။
~ ငါတို့ရဲ့ စဉ်းစားတွေးတောမှုကို ပြောင်းလဲခြင်း ~
ငါရဲ့ စဉ်းစားတွေးတောမှုကို ချစ်ခြင်းမေတ္တာနဲ့ ငါ ပြောင်းလဲတယ်။
ငါရဲ့ စဉ်းစားတွေးတောမှုကို ပြောင်းလဲတဲ့အခါ ငါ့ဘဝကို ငါပြောင်းလဲတယ်။
ငါတို့ဟာ ရောင်ခြည်အလင်းဖြစ်ကြတယ်။ ငါတို့ဟာ စိတ်ဝိညာဉ်ဖြစ်ကြတယ်။ ငါတို့ အားလုံးဟာ အံ့သြစရာကောင်းတဲ့၊ ကျွမ်းကျင်လိမ္မာ စွမ်းဆောင်နိုင်တဲ့ သက်ရှိတွေဖြစ်ကြတယ်။ ပြီးတော့ ဒါဟာ ငါတို့အတွက် “ငါတို့ရဲ့ ကိုယ်ပိုင် အစစ်အမှန်တရားကို ငါတို့ ဖန်တီးတယ်ဆိုတာကို အသိအမှတ်ပြုကြဖို့ အချိန်” ဖြစ်တယ်။ ငါတို့ရဲ့ အစစ်အမှန်တရားကို ငါတို့ရဲ့ စိတ်တွေနဲ့ ငါတို့ ဖန်တီးကြတယ်။ အကယ်၍ ငါတို့ရဲ့ အစစ်အမှန်တရားကို ငါတို့ ပြောင်းလဲချင်တယ်ဆိုရင်၊ ဒါဟာ ငါတို့အတွက် “ငါတို့ရဲ့ စိတ်တွေကို ပြောင်းလဲဖို့ အချိန်” ဖြစ်တယ်။ အသစ်ဖြစ်တဲ့၊ အပြုသဘောဆောင်တဲ့ နည်းလမ်းတွေထဲမှာ တွေးတောဖို့ ပြောဆိုဖို့ ရွေးချယ်ခြင်းအားဖြင့် ငါတို့ ဒါကို လုပ်ကြတယ်။ အကယ်၍ ငါ့ရဲ့ စဉ်းစားတွေးတောမှုကို ပြောင်းလဲမယ်ဆိုရင်၊ ငါ့ဘဝကို ငါပြောင်းလဲနိုင်မယ်ဆိုတာကို ဟိုး အချိန်တော်တော်ကြာကြာမှာ ငါ သင်ယူလေ့လာခဲ့တယ်။ ငါတို့ရဲ့ စဉ်းစားတွေးတောမှုကို ပြောင်းလဲခြင်းဟာ အမှန်တကယ်ပဲ ငါတို့ရဲ့ အကန့်အသတ်တွေကို စွန့်လွှတ်လိုက်ခြင်း ဖြစ်တယ်။ ငါတို့ရဲ့ အကန့်အသတ်တွေကို ငါတို့ စွန့်လွှတ်လိုက်တဲ့အခါ၊ ငါတို့ အနားတဝိုက်လုံးက ဘဝရဲ့ အကန့်အသတ်မဲ့မှုကို ငါတို့ စတင် သတိထားမိလာတယ်။ ငါတို့ဟာ ပြီးပြည့်စုံပြီးသား၊ အလုံးစုံဖြစ်ပြီးသား၊ ပြီးပြည့်ဝပြီးသားဆိုတာ ငါတို့ စတင် သဘောပေါက်နားလည်လာတယ်။ နေ့စဉ်နေ့တိုင်းဟာ ပိုမိုလွယ်ကူလာတယ်။
~ ပြတ်သားကြည်လင် ရှင်းလင်းတဲ့အမြင် ~
ဦးတည်ရာအရပ်တိုင်းကို ပြတ်ပြတ်သားသား ကြည်ကြည်လင်လင် ရှင်းရှင်းလင်းလင်း ချစ်ခြင်းမေတ္တာနဲ့ ငါမြင်တယ်။
ပြတ်သားကြည်လင်ရှင်းလင်းစွာ ငါမြင်တယ်။
ရည်ရွယ်ချက်၊ လားရာအမြင်တွေနဲ့ ပတ်သက်ပြီးတော့ ပြတ်သားကြည်လင် ရှင်းလင်းတဲ့အမြင် ငါ့မှာ ရှိတယ်။ ငါ့ရဲ့ အမြင့်မားဆုံးသော ကောင်းမြတ်ခြင်းနဲ့ အကြီးကျယ်အခမ်းနားဆုံးသော ပျော်ရွှင်ဝမ်းမြောက်မှုတွေအတွက် ဖြစ်တဲ့ လမ်းတွေထဲမှာ ငါ့ရဲ့ အတွင်းထဲက သိနေခြင်းက ငါ့ကို အမြဲတမ်း လမ်းညွှန်တယ်။ ခမ်သိမ်းသောအရာအားလုံး ပြီးပြည့်စုံရာ၊ အလုံးစုံဖြစ်ရာ၊ ပြည့်ဝရာ ဘဝရဲ့ အကန့်အသတ်မဲ့ခြင်းနဲ့ ငါနဲ့ဟာ ဆက်စပ်နေတယ်။ အစဉ်အမြဲ ပြောင်းလဲနေတဲ့ ဘဝရဲ့ အလယ်မှာ ငါဟာ ဗဟိုချက်မိမိ တည်ရှိနေတယ်။ အရာရာတိုင်း၊ လူတိုင်းမှာ ကောင်းမြတ်တာတွေကို ငါ စတင် မြင်လာတယ်။
~ အပျောက်အပျက်၊ အဆုံးအရှုံး~
အံ့သြဘနန်း၊ အသစ်အဆန်း အတွေ့အကြုံတွေ ငါ့ဘဝထဲကို အခု ဝင်ရောက်လာတယ်။ ငါဟာ ဘေးကင်းလုံခြုံတယ်။
ဘဝမှာ အကောင်းတွေကို ငါ အာရုံပြုတယ်။
နေရာတိုင်းမှာ၊ ပစ္စုပ္ပန်တဒင်္ဂတိုင်းမှာ အကောင်းတွေ ရှိနေတယ်ဆိုတာ၊ ပြီးတော့ အဆိုးရွားဆုံး အခြေအနေမှာတောင် အကောင်းနဲ့ပတ်သပ်တာ အနည်းငယ်ကို ရှာတွေ့နိုင်တယ်ဆိုတာ ငါ သိတယ်။ အလုပ်အကိုင်ဆုံးရှုံးခြင်း (ဒါမှမဟုတ်) ချစ်ခင်သူတစ်ယောက်ဆုံးရှုံးခြင်း (ဒါမှမဟုတ်) ကျန်းမာရေးဆုံးရှုံးခြင်းဟာ ငါ့ကို ငါရဲ့ အကြီးမားဆုံးသော အကြောက်တရားတွေနဲ့ မျက်နှာချင်းဆိုင် ခေါ်သွားတယ်။ ဒီ အကြောက်တရားတွေကို တွေ့ကြုံရတာဟာ ပုံမှန် သဘာဝပါ။ သဘာဝတရားဟာ လစ်ဟာနေတာကို စက်ဆုပ်ရွံရှာတယ်။ တစ်ခုခု ထွက်သွားတဲ့အခါ၊ အခြားတစ်စုံတစ်ခုဟာ အဲဒီ့နေရာကို ယူဖို့ ရောက်လာလိမ့်မယ်။ ဒါကြောင့် ငါဟာ အသက်ဝဝ တစ်ကြိမ် (သို့မဟုတ်) ခြောက်ကြိမ် ရှုလိုက်တယ်။ ပြီးတော့ ငါ့လိုအပ်ချက်တွေအားလုံးကို အမြဲတမ်း ကြည့်ရှုစောင့်ရှောက်စေဖို့ ဘဝကို ယုံကြည်နေလိုက်တယ်။ ငါဟာ ယုံကြည်ဖို့ သင်ယူနေတယ်။ ဘဝဟာ ငါ့ကို ချစ်တယ်။ ပြီးတော့ ဘဝဟာ ငါ့ကို ဘယ်တော့မှ နိမ့်ကျစေမှာ မဟုတ်ဘူး။ ငါ့ရဲ့ အမြင့်မားဆုံး ကောင်းခြင်းမင်္ဂလာအတွက် ဖြစ်တဲ့အရာသာ ယခု ဖြစ်ပွားနေတာ။
~ သင်ခန်းစာများ ~
သင်ခန်းစာတွေကို လွယ်ကူအောင်၊ ပျော်စရာဖြစ်အောင် ငါလုပ်လာခဲ့တယ်။
ငါဟာ သင်ယူလေ့လာဖို့ စိတ်ဆန္ဒပြင်းပြတယ်။
သင်ခန်းစာတိုင်းရဲ့ အတွင်းမှာ အမြဲတမ်း ပုန်းအာင်းနေတဲ့ ချစ်ခြင်းမေတ္တာကို ဖွေရှာဖို့ ငါ သင်ယူနေတယ်။ ငါတို့ တစ်ဦးချင်း၊ တစ်ယောက်ချင်းစီတိုင်းဟာ သင်ခန်းစာတွေကို သင်ယူဖို့ ဒီနေရာမှာ ရှိနေတာ။ ငါ့ရဲ့အတွေးတွေနဲ့ ငါ့ရဲ့အတွေ့အကြုံတွေကြားက ဆက်ဆံရေးအကြောင်းကို ငါ သင်ယူနေတယ်။ ပြီးတော့ ငါ့မှာရှိတဲ့ နားလည်ခြင်းတွေ၊ ဗဟုသုတတွေနဲ့ ငါလုပ်နိုင်တဲ့အကောင်းဆုံးကို လုပ်နေတယ်။ သင်ခန်းစာကို သင်ယူလေ့လာခြင်းဆိုတာ ပြောင်းလဲဖို့အလိုဆန္ဒရှိခြင်းနဲ့အတူ တွဲလုပ်ရမှာ။ ငါရဲ့ ပိုမိုမြင့်မားတဲ့ ဝိညာဉ်ရေးရာ အဇ္ဈတ္တဟာ ပြောင်းလဲခြင်းမဲ့တယ်။ အဆုံးမဲ့ထာဝရဖြစ်တယ်။ ဒါကြောင့် အမှန်တကယ်ပြောင်းလဲတဲ့ အရာတွေအားလုံးဟာ ယာယီဖြစ်တဲ့ လူသားအဇ္ဈတ္တပါ။ ပြောင်းလဲဖို့ ခက်ခဲတယ်လို့ ငါဟာ သင်ကြားခံခဲ့ရတယ်။ ကောင်းပြီ၊ အဲဒါကို သဘောတူဖို့ ငါရွေးချယ်နိုင်တယ် (ဒါမှမဟုတ်) ပြောင်းလဲဖို့ လွယ်ကူတယ်လို့ ယုံကြည်ဖို့ ငါရွေးချယ်နိုင်တယ် ဆိုတာ အခု ငါ သိပြီ။ ငါ ခုခံနိုင်တယ်။ ငြင်းပယ်နိုင်တယ်။ ဒေါသထွက်နိုင်တယ်။ နံရံတွေ တည်ဆောက်နိုင်တယ်။ ဒါပေမယ့် အဆုံးမှာ ဘာပဲဖြစ်ဖြစ် ငါဟာ သင်ခန်းစာကို သင်ယူမှာပါ။ ဒါဟာ သင်ယူဖို့ စိတ်ဆန္ဒပြင်းပြအောင် ကူညီပေးတယ်။
 
မှတ်ချက်။.........။ 
အခြားနိုင်ငံသား မိတ်တွေတစ်ယောက်က တစ်နေ့လျှင် ခေါင်းစဉ်တစ်ခုစီ နေ့စဉ်ကူးရေးလာခဲ့ပြီး အမှတ်တရ လက်ဆောင်ပေးသော လက်ရေးမူစာအုပ်မှ ခေါင်းစဉ်တစ်ခုချင်းစီကို နေ့စဉ် ဘာသာပြန်ဖြစ်သည့် အချို့ ဖြစ်ပါသည်။  
အင်္ဂလိပ် - မြန်မာ အဘိဓာန်ကို လှန်တတ်ရုံမျှဖြင့်သာ ညီငယ်များအတွက် လုပ်ငန်းတာဝန်တစ်ရပ်ပမာ ဖျစ်ညှစ်ဘာသာပြန်နေခြင်းမျှသာပါ။ ဒါကြောင့် မူရင်းစာရေးသူ အမှန်တကယ် ဖော်ညွှန်းလိုသော အာဘော်နှင့် ဖြောင့်ဖြောင့်ကြီး လွဲနေတာမျိုးတွေလည်း ပါကောင်းပါနိုင်ပါသည်။  ဘာမှ မမှားဖို့ဆိုတာ ဘာမှ မလုပ်မှသာ။
 
 

Sunday, November 25, 2012

နေစဉ်ဘဝ နေ့စဉ်အလှ (၃)

~ ငြိမ်းချမ်းခြင်း ~
ငြိမ်းချမ်းတဲ့ဘဝနေနည်းကို ငါ ရွေးချယ်တယ်။
ငြိမ်းချမ်းခြင်းတရားဟာ ငါနှင့်အတူ စတင်တယ်။
အကယ်၍ ငြိမ်းချမ်းတဲ့ကမ္ဘာကြီးထဲမှာ ငါနေချင်တယ်ဆိုရင်၊ ငါဟာ ငြိမ်းချမ်းတဲ့လူတစ်ယောက်ဖြစ်နေတာ သေချာဖို့ဆိုတာ ငါ့သဘော၊ ငါ့ဆန္ဒအတိုင်းသာဖြစ်တယ်။ တခြားလူတွေ ဘယ်လိုပဲ ပြုမူပြုမူ၊ ငြိမ်းချမ်းခြင်းတရားကို ငါ့နှလုံးသားထဲမှာ ငါထိန်းသိမ်းထားတယ်။ ယောက်ယက်ခတ်၊ ရူးသွပ်မှုတွေအလယ်မှာ ငြိမ်းချမ်းခြင်းတရားကို ငါ ကြေညာတယ်။ ခက်ခဲတဲ့ အခြေအနေအားလုံးကို ချစ်ခြင်းတရား၊ ငြိမ်းချမ်းခြင်းများနဲ့ ငါ ဝန်းရံတယ်။ ကမ္ဘာကြီးရဲ့ ဘေးဒုက္ခကျရောက်နေတဲ့ အစိတ်အပိုင်းအားလုံးဆီကို ငြိမ်းချမ်းရေးအတွေးတွေ ငါပို့ပေးတယ်။ ကမ္ဘာကြီးကို ပိုမိုကောင်းမွန်လာဖို့အတွက် ပြောင်းလဲစေချင်တယ်ဆိုရင်၊ ကမ္ဘာကြီးကို ငါ ဘယ်လိုမြင်သလဲဆိုတာကို ပြောင်းလဲပစ်ဖို့ လိုတယ်။ ငြိမ်းချမ်းခြင်းတရားဟာ ငါ့ကိုယ်ပိုင်အတွေးများနဲ့ စတင်တယ်ဆိုတာ ငါသိတယ်။ ငါ့မှာ ငြိမ်းချမ်းတဲ့ အတွေးတွေ ဆက်လက်ရှိတာကြောင့် စိတ်တူအတွေးတူ ငြိမ်းချမ်းသူတွေနဲ့ ငါနဲ့ ဆက်စပ်နေတယ်။ ငြိမ်းချမ်းခြင်းတရားနဲ့ ပေါကြွယ်ခြင်းများကို ငါတို့ကမ္ဘာကြီးဆီ ယူဆောင်လာကြဖို့ ငါတို့တွေ အတူတကွ ကူညီကြမယ်။
~ သတိရှိရှိ သိနေခြင်း ~
ငါတို့ကမ္ဘာကြီးထဲမှာ ငါတို့မြင်နေရတာတွေဟာ ငါတို့စိတ်ထဲမှာရှိနေတာတွေရဲ့ ကြေးမှုံပြင်ပါ။
ငါ့တန်ခိုးစွမ်းအားဟာ ငါ့စိတ်ကိုသုံးခြင်းအားဖြင့် ရောက်လာတယ်။
ငါဟာ ပကတိဖြူစင်တဲ့ စိတ်နှလုံးသားဝိညာဉ်လိပ်ပြာ ဖြစ်တယ်။ ငါလိုချင်တောင့်တတဲ့ နည်းလမ်းဟူသမျှမှာ ဒီ သတိရှိရှိ သိနေခြင်းကို ငါ သုံးနိုင်တယ်။ အကန့်အသန့်တွေ၊ လိုအပ်လစ်လပ်နေတာတွေနဲ့ ပတ်သပ်တဲ့နယ်မြေကို သတိရှိရှိ သိနေဖို့ ငါ ရွေးချယ်နိုင်တယ်။ ဒါမှမဟုတ် အဆုံးအစမဲ့ အလုံးစုံသဘော၊ ညီညွတ်မှုသဘော နဲ့ တစ်ခုတည်းဖြစ်ခြင်းသဘောတွေရဲ့ နယ်မြေကို သတိရှိရှိသိနေဖို့ ငါရွေးချယ်နိုင်တယ်။ ဒါဟာ “အနုတ်လက္ခဏာဆောင်တဲ့ အပျက်သဘောအားဖြင့် ဒါမှမဟုတ် အပေါင်းလက္ခဏာဆောင်တဲ့ အပြုသဘောအားဖြင့် တစ်နည်းမဟုတ် တစ်နည်းနည်းနဲ့ ကြည့်မြင်ခံရတဲ့ အဆုံးအစမဲ့တဲ့ သတိရှိရှိ သိနေခြင်းတစ်ခု” ဖြစ်တယ်။ အချိန်အားလုံးမှာ ငါဟာ ဘဝနဲ့ပတ်သပ်သမျှ အလုံးစုံခပ်သိမ်း အားလုံးကိန်းနေသူ တစ်ယောက်ဖြစ်ပြီးတော့ ချစ်ခြင်းမေတ္တာ၊ ညီညွတ်မှု၊ အလှတရား၊ ခွန်အား၊ ဝမ်းမြောက်ပျော်ရွှင်မှု နှင့်တကွ ထို့ထက်မကသော မြောက်များစွာတို့ကို ဖွင့်ဟဖော်ပြဖို့ ငါဟာ လွတ်လပ်တယ်။ ငါဟာ သတိရှိရှိ သိနေတဲ့ စိတ်နှလုံးသားဝိညာဉ်လိပ်ပြာဖြစ်တယ်။ ငါဟာ စွမ်းအင်ဖြစ်တယ်။ ငါဟာ ဘေးကင်လုံခြုံတယ်။ ငါဟာ ငါ့စိတ်နှလုံးသားဝိညာဉ်လိပ်ပြာ နဲ့ ငါ့ဘဝအဖြစ်အပျက်အတွေ့အကြုံတွေကို ပြောင်းလဲစေခြင်း၊ သင်ယူနေခြင်းနဲ့ ကြီးပြင်းရင့်ကျက်စေခြင်းတွေကို ဆောင်ရွက်မြဲဆောင်ရွက်နေတယ်။ အလုံးစုံခပ်သိမ်း အေးငြိမ်းကာင်းမွန်စွာ ဖြစ်ရှိနေကြတာပါ။
~ အိမ် ~
ငါ့ရဲ့ ကိုယ်တွင်း ကိုယ်ပ နှစ်ဌာနလုံးက အိမ်တွေဟာ ငြိမ်းချမ်းခြင်းတရားတွေ၊ အလှတရားတွေနဲ့ ပတ်သပ်ရာ နေရာတွေပါ။
ငါ့နှလုံးသားဟာ ငါ့အိမ်ရာ။
ငါဟာ ငါ့ကိုယ်ပိုင်နှလုံးသာထဲက အိမ်မှာပါ။ ငါနေထိုင်ရာ နေရာဟူသမျှ ငါ့နှလုံးသားကို အတူတကွ သယ်ဆောင်သွားတယ်။ ငါတို့ဟာ ကိုယ့်ကိုယ်ကို စတင်ချစ်လာတာနဲ့၊ ငါတို့အတွက် ဘေးကင်းလုံခြုံတဲ့၊ သက်တောင့်သက်သာရှိတဲ့ အိမ်ဂေဟာကို ထောက်ပံ့ပေးနေတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် တွေ့ရှိလာတယ်။ ကိုယ့်ခန္ဓာအတွင်းမှာရှိတဲ့ ကိုယ့်အိမ်ကိုယ့်ရာမှာလို့ စတင်ခံစားလာရတယ်။ ငါ့တို့အိမ်ဟာ ကိုယ်ထိုက်တန်တယ်လို့ခံစားရတဲ့ အရာတွေ၊ ငါတို့စိတ်တွေရဲ့ ရောင်ပြန်ဟပ်မှုတွေပါ။ အကယ်၍ သင့်အိမ်ဟာ ဘေးဒုက္ခတွေကျရောက်နေရာ အရပ်ဒေသဖြစ်နေပြီးတော့ ဖိစီးမွန်းကြပ်နေတယ်လို့ သင်ခံစားနေရတယ်ဆိုရင်၊ အခန်းတွေအနက်က အခန်းတစ်ခန်းရဲ့ ဒေါင့်တစ်ဒေါင့်နဲ့ စတင်ပါ။ သင့်စိတ်နဲ့စတင်သလိုမျှသာပါပဲ။ တစ်ချိန်မှာ အတွေးတစ်ခုကို ပြောင်းလဲခြင်းနှင့် စတင်ပါ။ အဆုံးမှာ နေရာတစ်ခုလုံးဟာ သပ်ရပ်ကျနနေပါလိမ့်မယ်။ သင် အလုပ်လုပ်နေစဉ်မှာ သင့်စိတ်ရဲ့အခန်းတွေကို သန့်ရှင်းရေးလုပ်နေတာလည်းဖြစ်တယ်ဆိုတာ သင့်ကိုယ်သင် သတိပေးပါ။
~ ထိုက်တန်ခြင်း ~
ငါ့ဟာ ဘဝမှာ အကောင်းဆုံးနဲ့ ထိုက်တန်တယ်။
ငါဟာ အလွန်တရာ ကောင်းမွန်ခမ်းနားတဲ့ အတွေ့အကြုံများနဲ့ ထိုက်တန်တယ်။
လူတိုင်းဟာ ပျော်ရွှင်တဲ့၊ အလိုဆန္ဒတွေပြည့်ဝနေတဲ့ ဘဝတွေနဲ့ ထိုက်တန်တယ်။ ကောင်းတာ အနည်းငယ်လေးနဲ့ပဲ ထိုက်တန်တယ်လို့ လူအများစုလိုပဲ ငါလည်း ယုံကြည်လေ့ရှိခဲ့ပါတယ်။ ကောင်းမွန်သမျှ အရာရာ အလုံးစုံနဲ့ထိုက်တန်တယ်လို့ လူနည်းစုလေးသာ ယုံကြည်ကြတာကိုး။ သင့်ဘဝရဲ့ အကောင်းအမွန်တွေကို မကန့်သတ်ပါနဲ့။ ဆူဆူပူပူ မလုပ်ရင်၊ ဖိနပ်တွေကို ပြောင်လတ်နေအောင်တိုက်ရင်၊ ဆံပင်ကို ကျကျနန ဖြီးရင်၊ သင့်အခန်းကို သန့်ရှင်းရေးလုပ်ရင်၊ အသီးအရွက်ကိုစားရင် ဘဝမှာ အကောင်းအမွန်ဟာ ရနိုင်ရုံသာလို့ ယုံကြည်နေအောင် ငါတို့အများစုဟာ ပုံအသွင်းခံခဲ့ရတယ်။ ဒီအရာတွေဟာ သင်ယူလေ့လာဖို့ အရေးကြီးကောင်းကြီးနိုင်သော်ငြား၊ ကိုယ်စိတ်အတွင်းထဲက ကိုယ့်ကိုယ်ကိုယ် ထိုက်တန်တယ်လို့ခံစားရခြင်းမှာ ဘာမှ မစွမ်းသာပါဘူး။ ငါတို့ဟာ လုံလောက် ပြည့်စုံစွာ ကောင်းမွန်ကြပြီးသားဆိုတာရယ်၊ ဘာဆိုဘာမှ လုံးဝ မပြောင်းလဲဘဲနဲ့ အံ့သြဘနန်း ဘဝကို ထိုက်တန်တယ်ဆိုတာ ငါတို့ သိဖို့ လိုအပ်တယ်။ “ငါဟာ ကောင်းမွန်သမျှ အရာရာ အလုံးစုံနဲ့ ထိုက်တန်တယ်၊ ကောင်းမွန်သမျှ အရာရာ အလုံးစုံကို ငါ လက်ခံတယ်” လို့ ငါ ရင်ခွင်ကို ကျယ်ကျယ်ဖွင့်ပြီးတော့ ချစ်ခြင်းမေတ္တာတွေနဲ့ ငါကြေညာလိုက်တယ်။
~ခံစားမှုဝေဒနာများ ~
ကိုယ် စဉ်းစားတွေးတောဖို့ ရွေးချယ်တဲ့ အတွေးများအားဖြင့် ငါတို့ရဲ့ ကိုယ်ပိုင်ခံစားမှုဝေဒနာတွေကို ငါတို့ ဖန်တီးတယ်။ မတူကွဲပြားတဲ့ ရွေးချယ်မှုများကို ပြုလုပ်ဖို့ နဲ့ ခြားနားတဲ့ အတွေ့အကြုံများကို ဖန်တီးဖို့ စွမ်းရည် ငါတို့မှာ ရှိတယ်။
ငါတို့ ခံစားနိုင်တဲ့ ဝေဒနာတွေကို ငါတို့ ကုသနိုင်တယ်။ ဒါကြောင့် ငါတို့ကို ငါတို့ ခံစားမှုဝေဒနာတွေကို ခံစားခွင့် ပြုကြရမယ်။ လူတော်တော်များများဟာ သူတို့ရဲ့ ခံစားမှုဝေဒနာတွေပေါ်မှာ စီစစ်သုံးသပ်မှုတွေ ပြုလုပ်ကြတယ်။ ဒေါသမထွက်သင့်ဘူးလို့ သူတို့ ခံစားကြတယ်။ ဒါပေမယ့် ဒေါသထွက်ကြတယ်။ သူတို့ဟာ သူတို့ရဲ့ ခံစားမှုဝေဒနာတွေနဲ့ ဆက်ဆံဖို့ နည်းလမ်းကို ရှာဖွေနေကြတယ်။ ခံစားမှုဝေဒနာတွေကို ဖော်ထုတ်ဖွင့်ဟဖို့ ဘေးကင်းလုံခြုံတဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ ခေါင်းအုံးတွေကို ရိုက်နှက်နိုင်တယ်။ ကားထဲမှာ အော်ဟစ်နိုင်တယ်။ ပြေးနိုင်တယ်။ တင်းနစ်ကစားနိုင်တယ်။ သင် ကြောက်နေတဲ့၊ သင့်ကို နာကျင်စေတဲ့၊ သင် ဒေါသထွက်နေတဲ့ လူတွေဟာ သင့်ရှေ့မှာ ရပ်နေကြတယ်လို့ မြင်ယောင်ပြီး မှန်ရှေ့မှာ ပူပူလောင်လောင် စကားအခြေအတင်ပြောနိုင်တယ်။ မှန်ထဲကို ကြည့်ပါ။ ပြီးတော့ သင် ဘယ်လိုခံစားနေရတယ်ဆိုတာ သူတို့ကို ပြောပါ။ အားလုံးကုန်အောင် ပြောပြစ်လိုက်ပါ။ ပြီးတော့ “အိုကေ ဒါဟာ ပြီးသွားပြီ။ မင်းတို့ သွားနိုင်ပြီ။ ငါ မင်းတို့ကို ခွင့်လွှတ်ပေးလိုက်တယ်။ အခု ဒီအဖြစ်အပျက်ကို ဖန်တီးခဲ့တဲ့ ငါ့ကိုယ်ငါမှာ ငါ ဘယ်အရာကို ယုံကြည်တာလဲ။ နောက်ပြီး အချိန်တိုင်းမှာ ဒေါသနဲ့ မတုံ့ပြန်ဖို့ရာ ဘယ်ယုံကြည်မှုကို ငါ ပြောင်းလဲနိုင်မလဲ။” ဒါဟာ သက်ရှိထင်ရှားဖြစ်နေဖို့ရာ ယုံရခက်တဲ့ ကာလပါ။ သင်ဟာ သင့်သင်ခန်းစာတွေကို သင်ယူပြီးတော့ ဘဝတစ်လျောက် ဖြတ်သန်း ရွေ့လျားနေတာမို့ သင့်ကိုယ်သင် ညင်ညင်သာသာ နူးနူးညံ့ညံ့ ဆက်ဆံပါ။
 

မှတ်ချက်။.........။ 
အခြားနိုင်ငံသား မိတ်တွေတစ်ယောက်က တစ်နေ့လျှင် ခေါင်းစဉ်တစ်ခုစီ နေ့စဉ်ကူးရေးလာခဲ့ပြီး အမှတ်တရ လက်ဆောင်ပေးသော လက်ရေးမူစာအုပ်မှ ခေါင်းစဉ်တစ်ခုချင်းစီကို နေ့စဉ် ဘာသာပြန်ဖြစ်သည့် အချို့ ဖြစ်ပါသည်။  
အင်္ဂလိပ် - မြန်မာ အဘိဓာန်ကို လှန်တတ်ရုံမျှဖြင့်သာ ညီငယ်များအတွက် လုပ်ငန်းတာဝန်တစ်ရပ်ပမာ ဖျစ်ညှစ်ဘာသာပြန်နေခြင်းမျှသာပါ။ ဒါကြောင့် မူရင်းစာရေးသူ အမှန်တကယ် ဖော်ညွှန်းလိုသော အာဘော်နှင့် ဖြောင့်ဖြောင့်ကြီး လွဲနေတာမျိုးတွေလည်း ပါကောင်းပါနိုင်ပါသည်။  ဘာမှ မမှားဖို့ဆိုတာ ဘာမှ မလုပ်မှသာ။