Sunday, November 25, 2012

နေစဉ်ဘဝ နေ့စဉ်အလှ (၃)

~ ငြိမ်းချမ်းခြင်း ~
ငြိမ်းချမ်းတဲ့ဘဝနေနည်းကို ငါ ရွေးချယ်တယ်။
ငြိမ်းချမ်းခြင်းတရားဟာ ငါနှင့်အတူ စတင်တယ်။
အကယ်၍ ငြိမ်းချမ်းတဲ့ကမ္ဘာကြီးထဲမှာ ငါနေချင်တယ်ဆိုရင်၊ ငါဟာ ငြိမ်းချမ်းတဲ့လူတစ်ယောက်ဖြစ်နေတာ သေချာဖို့ဆိုတာ ငါ့သဘော၊ ငါ့ဆန္ဒအတိုင်းသာဖြစ်တယ်။ တခြားလူတွေ ဘယ်လိုပဲ ပြုမူပြုမူ၊ ငြိမ်းချမ်းခြင်းတရားကို ငါ့နှလုံးသားထဲမှာ ငါထိန်းသိမ်းထားတယ်။ ယောက်ယက်ခတ်၊ ရူးသွပ်မှုတွေအလယ်မှာ ငြိမ်းချမ်းခြင်းတရားကို ငါ ကြေညာတယ်။ ခက်ခဲတဲ့ အခြေအနေအားလုံးကို ချစ်ခြင်းတရား၊ ငြိမ်းချမ်းခြင်းများနဲ့ ငါ ဝန်းရံတယ်။ ကမ္ဘာကြီးရဲ့ ဘေးဒုက္ခကျရောက်နေတဲ့ အစိတ်အပိုင်းအားလုံးဆီကို ငြိမ်းချမ်းရေးအတွေးတွေ ငါပို့ပေးတယ်။ ကမ္ဘာကြီးကို ပိုမိုကောင်းမွန်လာဖို့အတွက် ပြောင်းလဲစေချင်တယ်ဆိုရင်၊ ကမ္ဘာကြီးကို ငါ ဘယ်လိုမြင်သလဲဆိုတာကို ပြောင်းလဲပစ်ဖို့ လိုတယ်။ ငြိမ်းချမ်းခြင်းတရားဟာ ငါ့ကိုယ်ပိုင်အတွေးများနဲ့ စတင်တယ်ဆိုတာ ငါသိတယ်။ ငါ့မှာ ငြိမ်းချမ်းတဲ့ အတွေးတွေ ဆက်လက်ရှိတာကြောင့် စိတ်တူအတွေးတူ ငြိမ်းချမ်းသူတွေနဲ့ ငါနဲ့ ဆက်စပ်နေတယ်။ ငြိမ်းချမ်းခြင်းတရားနဲ့ ပေါကြွယ်ခြင်းများကို ငါတို့ကမ္ဘာကြီးဆီ ယူဆောင်လာကြဖို့ ငါတို့တွေ အတူတကွ ကူညီကြမယ်။
~ သတိရှိရှိ သိနေခြင်း ~
ငါတို့ကမ္ဘာကြီးထဲမှာ ငါတို့မြင်နေရတာတွေဟာ ငါတို့စိတ်ထဲမှာရှိနေတာတွေရဲ့ ကြေးမှုံပြင်ပါ။
ငါ့တန်ခိုးစွမ်းအားဟာ ငါ့စိတ်ကိုသုံးခြင်းအားဖြင့် ရောက်လာတယ်။
ငါဟာ ပကတိဖြူစင်တဲ့ စိတ်နှလုံးသားဝိညာဉ်လိပ်ပြာ ဖြစ်တယ်။ ငါလိုချင်တောင့်တတဲ့ နည်းလမ်းဟူသမျှမှာ ဒီ သတိရှိရှိ သိနေခြင်းကို ငါ သုံးနိုင်တယ်။ အကန့်အသန့်တွေ၊ လိုအပ်လစ်လပ်နေတာတွေနဲ့ ပတ်သပ်တဲ့နယ်မြေကို သတိရှိရှိ သိနေဖို့ ငါ ရွေးချယ်နိုင်တယ်။ ဒါမှမဟုတ် အဆုံးအစမဲ့ အလုံးစုံသဘော၊ ညီညွတ်မှုသဘော နဲ့ တစ်ခုတည်းဖြစ်ခြင်းသဘောတွေရဲ့ နယ်မြေကို သတိရှိရှိသိနေဖို့ ငါရွေးချယ်နိုင်တယ်။ ဒါဟာ “အနုတ်လက္ခဏာဆောင်တဲ့ အပျက်သဘောအားဖြင့် ဒါမှမဟုတ် အပေါင်းလက္ခဏာဆောင်တဲ့ အပြုသဘောအားဖြင့် တစ်နည်းမဟုတ် တစ်နည်းနည်းနဲ့ ကြည့်မြင်ခံရတဲ့ အဆုံးအစမဲ့တဲ့ သတိရှိရှိ သိနေခြင်းတစ်ခု” ဖြစ်တယ်။ အချိန်အားလုံးမှာ ငါဟာ ဘဝနဲ့ပတ်သပ်သမျှ အလုံးစုံခပ်သိမ်း အားလုံးကိန်းနေသူ တစ်ယောက်ဖြစ်ပြီးတော့ ချစ်ခြင်းမေတ္တာ၊ ညီညွတ်မှု၊ အလှတရား၊ ခွန်အား၊ ဝမ်းမြောက်ပျော်ရွှင်မှု နှင့်တကွ ထို့ထက်မကသော မြောက်များစွာတို့ကို ဖွင့်ဟဖော်ပြဖို့ ငါဟာ လွတ်လပ်တယ်။ ငါဟာ သတိရှိရှိ သိနေတဲ့ စိတ်နှလုံးသားဝိညာဉ်လိပ်ပြာဖြစ်တယ်။ ငါဟာ စွမ်းအင်ဖြစ်တယ်။ ငါဟာ ဘေးကင်လုံခြုံတယ်။ ငါဟာ ငါ့စိတ်နှလုံးသားဝိညာဉ်လိပ်ပြာ နဲ့ ငါ့ဘဝအဖြစ်အပျက်အတွေ့အကြုံတွေကို ပြောင်းလဲစေခြင်း၊ သင်ယူနေခြင်းနဲ့ ကြီးပြင်းရင့်ကျက်စေခြင်းတွေကို ဆောင်ရွက်မြဲဆောင်ရွက်နေတယ်။ အလုံးစုံခပ်သိမ်း အေးငြိမ်းကာင်းမွန်စွာ ဖြစ်ရှိနေကြတာပါ။
~ အိမ် ~
ငါ့ရဲ့ ကိုယ်တွင်း ကိုယ်ပ နှစ်ဌာနလုံးက အိမ်တွေဟာ ငြိမ်းချမ်းခြင်းတရားတွေ၊ အလှတရားတွေနဲ့ ပတ်သပ်ရာ နေရာတွေပါ။
ငါ့နှလုံးသားဟာ ငါ့အိမ်ရာ။
ငါဟာ ငါ့ကိုယ်ပိုင်နှလုံးသာထဲက အိမ်မှာပါ။ ငါနေထိုင်ရာ နေရာဟူသမျှ ငါ့နှလုံးသားကို အတူတကွ သယ်ဆောင်သွားတယ်။ ငါတို့ဟာ ကိုယ့်ကိုယ်ကို စတင်ချစ်လာတာနဲ့၊ ငါတို့အတွက် ဘေးကင်းလုံခြုံတဲ့၊ သက်တောင့်သက်သာရှိတဲ့ အိမ်ဂေဟာကို ထောက်ပံ့ပေးနေတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် တွေ့ရှိလာတယ်။ ကိုယ့်ခန္ဓာအတွင်းမှာရှိတဲ့ ကိုယ့်အိမ်ကိုယ့်ရာမှာလို့ စတင်ခံစားလာရတယ်။ ငါ့တို့အိမ်ဟာ ကိုယ်ထိုက်တန်တယ်လို့ခံစားရတဲ့ အရာတွေ၊ ငါတို့စိတ်တွေရဲ့ ရောင်ပြန်ဟပ်မှုတွေပါ။ အကယ်၍ သင့်အိမ်ဟာ ဘေးဒုက္ခတွေကျရောက်နေရာ အရပ်ဒေသဖြစ်နေပြီးတော့ ဖိစီးမွန်းကြပ်နေတယ်လို့ သင်ခံစားနေရတယ်ဆိုရင်၊ အခန်းတွေအနက်က အခန်းတစ်ခန်းရဲ့ ဒေါင့်တစ်ဒေါင့်နဲ့ စတင်ပါ။ သင့်စိတ်နဲ့စတင်သလိုမျှသာပါပဲ။ တစ်ချိန်မှာ အတွေးတစ်ခုကို ပြောင်းလဲခြင်းနှင့် စတင်ပါ။ အဆုံးမှာ နေရာတစ်ခုလုံးဟာ သပ်ရပ်ကျနနေပါလိမ့်မယ်။ သင် အလုပ်လုပ်နေစဉ်မှာ သင့်စိတ်ရဲ့အခန်းတွေကို သန့်ရှင်းရေးလုပ်နေတာလည်းဖြစ်တယ်ဆိုတာ သင့်ကိုယ်သင် သတိပေးပါ။
~ ထိုက်တန်ခြင်း ~
ငါ့ဟာ ဘဝမှာ အကောင်းဆုံးနဲ့ ထိုက်တန်တယ်။
ငါဟာ အလွန်တရာ ကောင်းမွန်ခမ်းနားတဲ့ အတွေ့အကြုံများနဲ့ ထိုက်တန်တယ်။
လူတိုင်းဟာ ပျော်ရွှင်တဲ့၊ အလိုဆန္ဒတွေပြည့်ဝနေတဲ့ ဘဝတွေနဲ့ ထိုက်တန်တယ်။ ကောင်းတာ အနည်းငယ်လေးနဲ့ပဲ ထိုက်တန်တယ်လို့ လူအများစုလိုပဲ ငါလည်း ယုံကြည်လေ့ရှိခဲ့ပါတယ်။ ကောင်းမွန်သမျှ အရာရာ အလုံးစုံနဲ့ထိုက်တန်တယ်လို့ လူနည်းစုလေးသာ ယုံကြည်ကြတာကိုး။ သင့်ဘဝရဲ့ အကောင်းအမွန်တွေကို မကန့်သတ်ပါနဲ့။ ဆူဆူပူပူ မလုပ်ရင်၊ ဖိနပ်တွေကို ပြောင်လတ်နေအောင်တိုက်ရင်၊ ဆံပင်ကို ကျကျနန ဖြီးရင်၊ သင့်အခန်းကို သန့်ရှင်းရေးလုပ်ရင်၊ အသီးအရွက်ကိုစားရင် ဘဝမှာ အကောင်းအမွန်ဟာ ရနိုင်ရုံသာလို့ ယုံကြည်နေအောင် ငါတို့အများစုဟာ ပုံအသွင်းခံခဲ့ရတယ်။ ဒီအရာတွေဟာ သင်ယူလေ့လာဖို့ အရေးကြီးကောင်းကြီးနိုင်သော်ငြား၊ ကိုယ်စိတ်အတွင်းထဲက ကိုယ့်ကိုယ်ကိုယ် ထိုက်တန်တယ်လို့ခံစားရခြင်းမှာ ဘာမှ မစွမ်းသာပါဘူး။ ငါတို့ဟာ လုံလောက် ပြည့်စုံစွာ ကောင်းမွန်ကြပြီးသားဆိုတာရယ်၊ ဘာဆိုဘာမှ လုံးဝ မပြောင်းလဲဘဲနဲ့ အံ့သြဘနန်း ဘဝကို ထိုက်တန်တယ်ဆိုတာ ငါတို့ သိဖို့ လိုအပ်တယ်။ “ငါဟာ ကောင်းမွန်သမျှ အရာရာ အလုံးစုံနဲ့ ထိုက်တန်တယ်၊ ကောင်းမွန်သမျှ အရာရာ အလုံးစုံကို ငါ လက်ခံတယ်” လို့ ငါ ရင်ခွင်ကို ကျယ်ကျယ်ဖွင့်ပြီးတော့ ချစ်ခြင်းမေတ္တာတွေနဲ့ ငါကြေညာလိုက်တယ်။
~ခံစားမှုဝေဒနာများ ~
ကိုယ် စဉ်းစားတွေးတောဖို့ ရွေးချယ်တဲ့ အတွေးများအားဖြင့် ငါတို့ရဲ့ ကိုယ်ပိုင်ခံစားမှုဝေဒနာတွေကို ငါတို့ ဖန်တီးတယ်။ မတူကွဲပြားတဲ့ ရွေးချယ်မှုများကို ပြုလုပ်ဖို့ နဲ့ ခြားနားတဲ့ အတွေ့အကြုံများကို ဖန်တီးဖို့ စွမ်းရည် ငါတို့မှာ ရှိတယ်။
ငါတို့ ခံစားနိုင်တဲ့ ဝေဒနာတွေကို ငါတို့ ကုသနိုင်တယ်။ ဒါကြောင့် ငါတို့ကို ငါတို့ ခံစားမှုဝေဒနာတွေကို ခံစားခွင့် ပြုကြရမယ်။ လူတော်တော်များများဟာ သူတို့ရဲ့ ခံစားမှုဝေဒနာတွေပေါ်မှာ စီစစ်သုံးသပ်မှုတွေ ပြုလုပ်ကြတယ်။ ဒေါသမထွက်သင့်ဘူးလို့ သူတို့ ခံစားကြတယ်။ ဒါပေမယ့် ဒေါသထွက်ကြတယ်။ သူတို့ဟာ သူတို့ရဲ့ ခံစားမှုဝေဒနာတွေနဲ့ ဆက်ဆံဖို့ နည်းလမ်းကို ရှာဖွေနေကြတယ်။ ခံစားမှုဝေဒနာတွေကို ဖော်ထုတ်ဖွင့်ဟဖို့ ဘေးကင်းလုံခြုံတဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ ခေါင်းအုံးတွေကို ရိုက်နှက်နိုင်တယ်။ ကားထဲမှာ အော်ဟစ်နိုင်တယ်။ ပြေးနိုင်တယ်။ တင်းနစ်ကစားနိုင်တယ်။ သင် ကြောက်နေတဲ့၊ သင့်ကို နာကျင်စေတဲ့၊ သင် ဒေါသထွက်နေတဲ့ လူတွေဟာ သင့်ရှေ့မှာ ရပ်နေကြတယ်လို့ မြင်ယောင်ပြီး မှန်ရှေ့မှာ ပူပူလောင်လောင် စကားအခြေအတင်ပြောနိုင်တယ်။ မှန်ထဲကို ကြည့်ပါ။ ပြီးတော့ သင် ဘယ်လိုခံစားနေရတယ်ဆိုတာ သူတို့ကို ပြောပါ။ အားလုံးကုန်အောင် ပြောပြစ်လိုက်ပါ။ ပြီးတော့ “အိုကေ ဒါဟာ ပြီးသွားပြီ။ မင်းတို့ သွားနိုင်ပြီ။ ငါ မင်းတို့ကို ခွင့်လွှတ်ပေးလိုက်တယ်။ အခု ဒီအဖြစ်အပျက်ကို ဖန်တီးခဲ့တဲ့ ငါ့ကိုယ်ငါမှာ ငါ ဘယ်အရာကို ယုံကြည်တာလဲ။ နောက်ပြီး အချိန်တိုင်းမှာ ဒေါသနဲ့ မတုံ့ပြန်ဖို့ရာ ဘယ်ယုံကြည်မှုကို ငါ ပြောင်းလဲနိုင်မလဲ။” ဒါဟာ သက်ရှိထင်ရှားဖြစ်နေဖို့ရာ ယုံရခက်တဲ့ ကာလပါ။ သင်ဟာ သင့်သင်ခန်းစာတွေကို သင်ယူပြီးတော့ ဘဝတစ်လျောက် ဖြတ်သန်း ရွေ့လျားနေတာမို့ သင့်ကိုယ်သင် ညင်ညင်သာသာ နူးနူးညံ့ညံ့ ဆက်ဆံပါ။
 

မှတ်ချက်။.........။ 
အခြားနိုင်ငံသား မိတ်တွေတစ်ယောက်က တစ်နေ့လျှင် ခေါင်းစဉ်တစ်ခုစီ နေ့စဉ်ကူးရေးလာခဲ့ပြီး အမှတ်တရ လက်ဆောင်ပေးသော လက်ရေးမူစာအုပ်မှ ခေါင်းစဉ်တစ်ခုချင်းစီကို နေ့စဉ် ဘာသာပြန်ဖြစ်သည့် အချို့ ဖြစ်ပါသည်။  
အင်္ဂလိပ် - မြန်မာ အဘိဓာန်ကို လှန်တတ်ရုံမျှဖြင့်သာ ညီငယ်များအတွက် လုပ်ငန်းတာဝန်တစ်ရပ်ပမာ ဖျစ်ညှစ်ဘာသာပြန်နေခြင်းမျှသာပါ။ ဒါကြောင့် မူရင်းစာရေးသူ အမှန်တကယ် ဖော်ညွှန်းလိုသော အာဘော်နှင့် ဖြောင့်ဖြောင့်ကြီး လွဲနေတာမျိုးတွေလည်း ပါကောင်းပါနိုင်ပါသည်။  ဘာမှ မမှားဖို့ဆိုတာ ဘာမှ မလုပ်မှသာ။

No comments: