~ ဝန်ထမ်းခန့်အပ်ခြင်း ~
ငါဟာ ဝင်ငွေကောင်းကောင်းနဲ့ ထိုက်တန်ရန်အလို့ငှာ ကြိုးကြိုးစားစား အလုပ်လုပ်ဖို့ မလိုပါ။
အပြုသဘောဆောင် အကောင်းမြင်တဲ့ အတွေးများကို ငါ အလုပ်ခန့်ထားတယ်။
ငါက ငါ့ထက် မြင့်မားတဲ့ “ငါ”ကို အလုပ်ခိုင်းထားတာကြောင့်၊ ငါ့ထက် မြင့်မားတဲ့ “ငါ”က ငါ့ကို အလုပ်ခိုင်းထားတယ်။ ကဲ ငါ့ရဲ့ အတွင်းဝိညာဉ်ဟာ ဘယ်လောက်တောင် အံ့သြဖွယ်ကောင်းလိုက်၊ ထူးချွန်လိုက်၊ တာဝန်ကျေလိုက်၊ သန်စွမ်းလိုက်၊ လှပလိုက်တဲ့ စွမ်းအင်လဲ။ အဲဒါက ငါ့ကို အလိုဆန္ဒပြည့်ဝအောင်ဖြည့်ဆည်းပေးနေတဲ့ အလုပ်နဲ့ ကောင်းချီးပေးတယ်။ တစ်နေ့ချင်းစီတိုင်းဟာ သစ်လွင်ပြီးတော့ မတူကွဲပြားတယ်။ ရှင်သန်ရပ်တည်ဖို့ ရုန်းကန်မနေတာကြောင့် ငါ့ကို ကျွေးမွေးထားတယ်၊ အဝတ်အစားဆင်ထားတယ်၊ အိုးအိမ်ထောက်ပံ့ပေးထားတယ်၊ ပြီးတော့ အလိုဆန္ဒပြည့်ဝအောင် နက်နက်ရှိုင်းရှိုင်း ဖြည့်ဆည်းပေးနေတဲ့ နည်းလမ်းတွေနဲ့ ငါ့ကို ချစ်ခင်နေတယ် ဆိုတာကို ငါတွေ့တယ်။ အလုပ်မှာ ကြိုးကြိုးစားစား မလုပ်ဘဲ ပိုက်ဆံရဖို့ဟာ ငါနဲ့ အခြားလူတွေအတွက် အဆင်ပြေအောင် ငါ လုပ်တယ်။ ရန်ဖြစ်တိုက်ခိုက်နေတဲ့ ယာဉ်ကြော ဒါမှမတုတ် ကြွက်ပြိုင်ပွဲမှာ ရုန်းကန်ခြင်းမရှိဘဲ ပိုက်ဆံကောင်းကောင်း သယ်ယူနေဖို့ ငါဟာ ထိုက်တန်တယ်။ ငါလုပ်သမျှ အလုံးစုံမှာ ငါ့နှလုံးသားကို ငါ နာကြားပြီးတော့ ငါ့ထက် မြင့်မားတဲ့ အလိုလိုသိစိတ်ကို ငါလိုက်နာတယ်။
~ တစ်သီးပုဂ္ဂလအရည်အသွေး ~
ငါဟာ ဘဝရဲ့ တစ်သီးပုဂ္ဂလဖွင့်ဆိုပြချက်တစ်ခု ဖြစ်တယ်။
ငါဟာ ဒီကမ္ဘာကြီးထဲက အလင်းရောင်တစ်ခု ဖြစ်တယ်။
ငါဟာ ဒီကမ္ဘာကြီးထဲက အလင်းရောင်တစ်ခု ဖြစ်တယ်။
ငါဟာ ငါ့အတွင်းထဲက ကြယ်တာရာနဲ့ ထက်ထက်မြက်မြက် အရောင်လင်းလက်နေတာနောက် လိုက်ပြီးတော့၊ ငါ့ကိုယ်ပိုင် သူမတူ တစ်မူထူးတဲ့ နည်းလမ်းနဲ့ တောက်ပနေတယ်။ ငါဟာ အလွန်အင်မတန် တန်ဖိုးရှိလှတဲ့ သက်ရှိတစ်ယောက်ဖြစ်တယ်။ ငါ့မှာ လှပတဲ့ဝိညာဉ်ရှိတယ်။ ငါ့မှာ အပေါ်လွှာခန္ဓာကိုယ်တစ်ခုနဲ့ ကိုယ်ရည်ကိုယ်သွေးရှိတယ်။ ဒါပေမယ့် ငါ့ဝိညာဉ်ဟာ ဗဟိုချက်မဖြစ်တယ်။ ငါ့ဝိညာဉ်ဟာ ငါရဲ့ အလယ်ဗဟိုဖြစ်တဲ့ အစိတ်အပိုင်းဖြစ်တယ်။ အမြဲတမ်းဖြစ်နေခဲ့ပြီးတော့ အမြဲတမ်းဖြစ်နေမယ်။ ငါ့ဝိညာဉ်ဟာ မြောက်မြားစွာသော ကိုယ်ရည်ကိုယ်သွေးတွေကို ရယူခဲ့ပြီးပြီ။ နောက်ထပ်အများကြီး ရယူလိမ့်ဦးမယ်။ ငါ့ဝိညာဉ်ကို မနာကျင်စေနိုင် ဒါမှမဟုတ် မပျက်စီးစေနိုင်ဘူး။ ဘဝအတွေ့အကြုံ အဖုံဖုံက ငါ့ဝိညာဉ်ကို ကြွယ်ဝပြည့်စုံစေရုံပါပဲ။ ငါ နားလည်နိုင်တာထက်ပိုပြီး အလွန်များပြားစွာ ဘဝမှာ ရှိနေကြတယ်။ ငါ အဖြေတွေအားလုံးကို ဘယ်တော့မှ သိမှာမဟုတ်ဘူး။ ဒါပေမယ့် ဘဝအလုပ်လုပ်ပုံကို နားလည်ဖို့ ငါ့ကိုယ်ငါ ပိုမိုခွင့်ပြုလေလေ၊ ငါသုံးဖို့ အားတွေ၊ စွမ်းအင်တွေ ပိုမိုရနိုင်လေ။
~ အဂတိ~
ငါတို့အားလုံးဟာ တစ်ခုတည်းဖြစ်တယ်။
ချစ်ခြင်းမေတ္တာဟာ ကွဲပြားခြားနားမှုတွေထက် နက်ရှိုင်းတယ်။
ဒီကမ္ဘာဂြိုဟ်ပေါ်က စွမ်းအားအသစ်ဟာ ချစ်ခင်ခြင်းပါ။ လူသားတွေအားလုံးနဲ့ ဆွေရင်းမျိုးချာ ခံစားဖို့ရာ ငါ့စိတ်နှလုံးသားကို ဖွင့်ပြီးတော့ ငါ့အချိန်ကို နေ့စဉ်နေ့တိုင်း သုံးတယ်။ ငါ့ကို ဘယ်နေရာမှာမွေးပြီးတော့၊ ဘယ်နေရာမှာပဲ ပြုစုမြှင့်တင်ခဲ့မြှင့်တင်ခဲ့၊ ငါ့မှာ ဘယ်အသားအရောင်ဘယ်ရှိရှိ (ဒါမှမဟုတ်) ဘယ်ဘာသာတရားမှာ သက်ဝင်ယုံကြည်ဖို့ ပြုစုပျိုးထောင်ခံခဲ့ရခံခဲ့ရ၊ အရာရာတိုင်း နဲ့ လူတိုင်းဟာ စွမ်းအင်တစ်ခုထဲမှာ ပလပ်ထိုးထားပြီးတော့ အဲဒါကမှတစ်ဆင့် ငါတို့လိုအပ်ချက်အားလုံးကို တွေ့ဆုံရတာဖြစ်တယ်။ ငါ့ရဲ့မြေကမ္ဘာမိသားစုဝင်တစ်ယောက်ချင်းစီတိုင်းနဲ့ နွေးထွေးတဲ့၊ ချစ်ခင်တဲ့၊ ပွင့်လင်းတဲ့ ဆက်သွယ်ပြောဆိုမှု ငါ့မှာရှိတယ်။ ဘဝကို အလွန်ကွဲပြားခြားနားစွာ ကြည့်တဲ့သူတွေရှိကြတယ်။ ကိုယ့်ထက်ငယ်တဲ့သူတွေရှိကြတယ်။ ကိုယ့်ထက်ကြီးတဲ့သူတွေရှိကြတယ်။ မိန်းမလျှာတွေ၊ ယောင်္ကျားလျှာတွေရှိကြတယ်။ မိန်းမစစ်စစ်၊ ယောင်္ကျားစစ်စစ်တွေရှိကြတယ်။ အသားအရောင်ကွဲပြားသူတွေရှိကြတယ်။ ငါဟာ မြေကမ္ဘာရဲ့အသိုင်းအဝိုင်းက အဖွဲ့ဝင်တစ်ယောက်ဖြစ်တယ်။ ထင်မြင်ယူဆချက်တွေရဲ့ မတူခြားနားမှုတွေဟာ အံ့သြဖွယ်ရာ၊ အရောင်အသွေးစုံလင်တဲ့ ဖွင့်ဆိုပြချက်အမျိုးမျိုးဖြစ်တယ်။ ဘေးဖယ်ထားဖို့ ဒါမှမဟုတ် စစ်ဆင်နွဲဖို့ အကြောင်းရင်းတွေမဟုတ်ဘူး။ ငါ့ကိုယ်တိုင်ရဲ့အထဲမှာ အဂတိတရားကို ဖျက်သိမ်းထားတာကြောင့် ကမ္ဘာဂြိုဟ်တစ်ခုလုံးဟာ ကောင်းချီးပေးခံရတယ်။ တစ်ဦးကို တစ်ဦး ချစ်ခင်ဖို့ ငါတို့အတွက် ဘေးကင်းလုံခြုံတဲ့ ကမ္ဘာကို ဖန်တီးခြင်းအလုပ်ကို ငါစလုပ်တာမို့၊ ဒီကနေ့ ငါ့နှလုံးသားဟာ နည်းနည်းလေး ပိုပွင့်တယ်။
~စွမ်းအင် ~
စွမ်းအင်ရဲ့အခိုက်အတန့်ဟာ ယခုပစ္စုပ္ပန်တစ်ဒင်္ဂမှာ။
စွမ်းအင်ရဲ့ ပိုင်ရှင်ဖြစ်ကြောင်း သိစေပါ။
ငါ့စွမ်းအင်ကို ငါလက်ခံတယ်။
သင့်ဘဝကို
ကုသပျောက်ကင်းစေဖို့ စွမ်းအင် ငါ့မှာရှိပြီးတော့ အဲဒါကို သင်သိဖို့လိုတယ်။
ငါတို့ဟာ ကူရာမဲ့တွေလို့ ငါတို့ မကြာခဏတွေးထင်ကြတယ်။ ဒါပေမယ့် ငါတို့ဟာ
အဲ့သလိုမဟုတ်ကြပါဘူး။ ငါတို့စိတ်တွေရဲ့ စွမ်းအင် ငါတို့မှာ အမြဲရှိတယ်။
သင့်ကိုယ်သင် ဓားစာခံတစ်ယောက်လို တွေးထင်ဖို့ သင့်စိတ်ကို သင်
အသုံးပြုပါသလား။ သင့်ကိုယ်သင် စိတ်တိုင်းမကျခံစားရင်း၊ ဒါမှမဟုတ်
သူများတွေအကြောင်း အပြစ်တင်ရင်း သင်သွားလာနေသလား။ သင့်ဘဝကို
ပြောင်းလဲခြင်းအတွက် တစ်စုံတစ်ရာကိုလုပ်ဖို့ စွမ်းအင်မရှိသလို
ခံစားနေရသလား။ ဒါဟာ သင့်စွမ်းအင်ကို သင် ပေးပစ်နေတာပဲ။ သင့်စိတ်ဟာ
စွမ်းအားကောင်းတဲ့ လက်နက်ကိရိယာတစ်ခုပါ။ စွမ်းအင်ရဲ့ပိုင်ရှင်ဖြစ်ကြောင်း
သိစေပြီးတော့ သိစိတ်ရှိရှိ အသုံးပြုပါ။ အခြင်းအရာတွေဟာ အကောင်းဆုံးအတွက်
လုပ်နေကြတာကို သိမြင်ဖို့ ရွေးချယ်ရန်စွမ်းအင် သင့်မှာ ရှိတယ်။
သင့်ကိုဖန်ဆင်းခဲ့တဲ့ အသိညဏ်တော်ရယ်၊ စွမ်းအင်တစ်ခုရယ်နဲ့ သင်ဟာ အမြဲတမ်း
ဆက်ယှက်ထားတယ်ဆိုတာကို အသိအမှတ်ပြုပါ။ အထောက်အပံ့ကို အာရုံခံစားပြီးတော့
အသုံးပြုပါ။ အဲဒီမှာ ရှိနေတယ်။
~ အမှား ~
အတွေ့အကြုံအားလုံးဖြတ်သန်းပြီးတော့ ငါ့ကိုယ်ငါ ချစ်မြတ်နိုးတယ်။ ပြီးတော့ အားလုံးဟာ ကောင်းမွန်အဆင်ပြေတယ်။
ငါ့ကိုယ်ငါ တန်ဖိုးထားတယ်။
ငါ့ကိုယ်ငါ တန်ဖိုးထားတယ်။
No comments:
Post a Comment