Tuesday, October 23, 2012

ကိုယ်ကျင့်သီလ ဝန်ဆောင်ခ

စကားလုံးတွေဟာ သင်္ကေတတွေဖြစ်ပြီး၊ သင်္ကေတတစ်ခုချင်းစီတိုင်းမှာ ဆိုင်ရာ ဆိုင်ရာ ပုံရိပ်တွေရှိကြပါတယ်။ “ကိုယ်ကျင့်သီလ” နဲ့ “ဝန်ဆောင်ခ” - ဒီစကားလုံးနှစ်လုံးကို အတူတူပေါင်းထားလိုက်တဲ့အခါ ကမ္ဘာပေါ်မှာရှိတဲ့ လူအများစုအတွက် တစ်မူထူးခြား ဂြိုဟ်သားလိုလို ဖြစ်နေမှာပဲ။ “ဝန်ဆောင်ခ” ဆိုတဲ့ စကားလုံးက စီးပွားရေးလုပ်ငန်းတစ်ခု၊ အလုပ်အကိုင်တစ်ခု စတာတွေနဲ့ ကိုယ်နောက်ကြောင်းပြန်လို့ရနိုင်သမျှ မိရိုးဖလာ ဝန်ဆောင်ခပေးတဲ့ နည်းလမ်းအဖုံဖုံကို ကိုယ့်စိတ်ထဲမှာ ပုံပေါ်လာစေတယ်။ “ကိုယ်ကျင့်သီလ” ဟာ ကြုံတောင့်ကြုံခဲ ဖြစ်တောင့်ဖြစ်ခဲ “ဝန်ဆောင်ခ”တွေထဲက တစ်ခုပါပဲ။

“ဝန်ဆောင်ခ” ဟာ နှစ်မျိုးနှစ်စားရှိပါတယ်။ တစ်ခုက စိတ်ခံစားမှုပိုင်းဖြစ်ပြီး၊ နောက်တစ်ခုက ရုပ်ဝတ္ထုပိုင်းဖြစ်ပါတယ်။ 

“စိတ်ပိုင်းဆိုင်ရာဝင်ငွေ”က ကိုယ့်ဘဝ ကိုယ့်နေ့၊လတွေကို ကိုယ်အသုံးပြုတဲ့ပုံပေါ်ကနေ ကိုယ်လက်ခံရရှိတဲ့ အားရကျေနပ်မှုပါ။ ကွန်ရက်ဈေးကွက်က အခြားတစ်ပါးသော လူသားတွေကို ကူညီဖို့ ကိုယ့်ဆီမှာ ဓာတ်ကျလာတာဖြစ်ပြီး အဲဒီလူသားတစ်ယောက် ဘဝအရည်အသွေးတွေ မြေတောင်မြှောက်ဖို့ရာ တကယ်စစ်မှန်စွာ ကူညီတာပါ။ ဒီဘဝ ဒီခန္ဓာနဲ့ ဒီကမ္ဘာမှာ ရှိနေရခြင်းရဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်ဟာ လူသားတွေကို ဝန်ဆောင်မှုပေးဖို့ပါပဲလို့ Albert Einstein က အကြံပေးခဲ့ပါတယ်။ 
 
“ရုပ်ဝတ္ထုပိုင်းဝင်ငွေ” ဟာ ကိုယ်ရွေးချယ်ထားတဲ့ ဘဝနေနည်းအတိုင်း နေထိုင်သွားဖို့ လိုအပ်တဲ့အရာတွေကို လုံလုံလောက်လောက် ထောက်ပံ့နိုင်ရပါ့မယ်။ ကွန်ရက်ဈေးကွက်ဟာ လူပုဂ္ဂိုလ်တစ်ယောက်ကို အဲဒီနှစ်ခုစလုံးအတွက် အခွင့်အလမ်းတွေ ကမ်းလှမ်းပါတယ်။

 
ကွန်ရက်ဈေးကွက်မှ ဝန်ဆောင်ခပုံသဏ္ဍာန်ဟာ ကိုယ်ကျင့်သီလနဲ့ ဆီလျော်လှစွာပဲ လူတွေကို သူတို့ ဝင်ငွေဘယ်လောက်ဝင်ချင်သလဲဆိုတာကို သူတို့အတွက် သူတို့ဘာသာ ဆုံးဖြတ်စေတယ်။ အထူးသဖြင့် လုပ်ငန်းစနစ်က ဒီဝန်ဆောင်ခပုံသဏ္ဍာန်ကို (သူတို့အိပ်မက်တွေ၊ သူတို့ဆုတောင်းဆန္ဒတွေကို အစစ်အမှန်အဖြစ် ပြောင်းလဲခွင့်ပေးတဲ့ နိယာမတွေကို သင်ကြားပေးတဲ့) ပညာရေးအစီအစဉ်တစ်ခုနဲ့အတူတူ အစုံလိုက် ထောက်ပံ့ပေးတယ်။


စောင့်ကြည့်လေ့လာရသလောက် ဒီလုပ်ငန်းမှာ အောင်မြင်ကြသူတွေဟာ သူတို့လုပ်နေတာကို သူတို့ တကယ်ပဲ နှစ်နှစ်ကာကာ ချစ်ကြပါတယ်။ လုပ်ငန်းလည်ပတ်ပုံ စနစ်ကို သူတို့နားလည်သွားတာနဲ့ သူများတွေလည်း နားလည်လာအောင် သွားလေရာရာ ကူညီတော့တာပါပဲ။ သူများတွေကို သူတို့အိပ်မက်တွေဆီရောက်အောင် ကူညီခြင်း ဆိုတာဟာ ကွန်ရက်ဈေးကွက်ဟာ ဘာလဲဆိုတာကို အတိအကျ ဖွင့်ဆိုလိုက်တာပါပဲ။

Martin Rutte က တိုင်း၍ယက်သည့် ပက္ကလာ ပြီးပြည့်စုံစွာ ပြောသွားတာကတော့ “ကိုယ်တိုင်လုပ်ကိုလုပ်ရမယ်၊ ဒါပေမယ့် ကိုယ်တစ်ယောက်တည်းတော့ မလုပ်နိုင်ဘူးတဲ့။ သူအဲဒီစကားကို ပြောတုန်းက သူ့စိတ်ထဲမှာ ကွန်ရက်ဈေးကွက်အကြောင်း တွေးပြီး ပြောနေသလိုပါပဲ။ ဒါဟာ အခြေခံအုတ်မြစ်ပါပဲ။ အခြား သူတစ်ပါးကို မကူညီဘဲ ကိုယ်ရှေ့ဆက်လို့ မရပါဘူး။ တစ်ယောက်ချင်းစီတိုင်းဟာ အမှီအခိုကင်းကြတယ်။ ကိုယ့် ကိုယ်ပိုင် ခရီးသွားလက်မှတ် ကိုယ်ရေးလို့ရတယ်။ သို့ပေမယ့် အထက်လိုင်းမိတ်ဆက်တွေ၊ အောက်လိုင်းမိတ်တွေ နဲ့ အခြားလိုင်းစီးပွားရေးလုပ်ဖော်ကိုင်ဖက်တွေ ကြားမှာ တည်ဆောက်ထားတဲ့ ဆက်ဆံရေး နဲ့ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ အပြန်အလှန်အမှီသဟဲပြုကြခြင်းမှာသာ ကိုယ့်ခွန်အားသန်စွမ်းမှုဟာ တည်မှီတယ်။

လူ့သဘာဝ နဲ့ နာမ်တရားရဲ့ ပိုမိုမြင့်မားတဲ့အပိုင်းဟာ ကျယ်ပြန့်ခြင်း နဲ့ ပိုမိုပြည့်ဝတဲ့ ဖွင့်ဆိုဖော်ပြခြင်းအတွက် ထာဝရဖြစ်နေတယ်။ ကိုယ့်ဘဝရဲ့ အရည်အသွေးတွေကို တိုးတက်အောင်လုပ်ချင်တဲ့ မွေးရာပါဆန္ဒ လူတွေမှာ ရှိကြတယ်။ လူ့သဘာဝရဲ့ ဒီအပိုင်းနဲ့ ကွန်ရက်ဈေးကွက်ဟာ ပြည့်ပြည့်ဝဝ ကာရန်ညီ စည်းချက်ကျလှတယ်။

ကွန်ရက်ဈေးကွက်က အသုံးပြုတဲ့ ဝန်ဆောင်ခပုံသဏ္ဍာန်ဟာ ကိုယ်ကျင့်သီလလို့ အတိအကျဆိုနိုင်ပါတယ်။ ဒါကို ရင်ဝယ်ပိုက်ပြီး များနိုင်သမျှ လူများများနဲ့ မျှဝေခြင်းအားဖြင့် ကြွယ်ဝချမ်းသာလာပြီး လာဘ်မိုးရွာတဲ့အနာဂတ်ကို ပိုင်ဆိုင်မှာ မလွဲဧကန်ပါ။
 
“ဝန်ဆောင်ခ” အက်ဆေးထဲမှာ Ralph Waldo Emerson က ဒီနိယာမကို အသေးစိတ်
ဖော်ပြထားတယ်။

၁။ ကိုယ်လုပ်တာအတွက်လိုအပ်မှု
၂။ အဲဒါကို လုပ်နိုင်တဲ့ ကိုယ့်စွမ်းရည်
၃။ ကိုယ့်ကို အစားထိုးဖို့ ရှိနေတဲ့ အခက်အခဲတွေ
အဲဒါတွေနဲ့ ကိုယ်ဝင်တဲ့ဝင်ငွေဟာ အမြဲတမ်း အချိုးကျနေမယ်ဆိုတာကို “ဝန်ဆောင်ခနိယာမ” က ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်။
 
 
 


“ဝန်ဆောင်ခနိယာမ”ကို သေသေချာချာ ကျကျနန ဂရုတစိုက် လေ့လာပြီး ကိုယ့်ဘဝမှာ စတင် အသုံးချဖို့ အခွင့်အလမ်းကို အမိဖမ်းကြစေချင်ပါတယ်။ ဒီလိုလုပ်လို့ရတဲ့  ဆုလာဘ်ဟာ ရင်သပ်ရှုမော အံ့သြ ဝမ်းသာစရာပါ။  


ကိုးကား။..........။
Moral Compensation by Bob Proctor

No comments: