လူအများစုဟာ ခက်ခဲဆင်းရဲ လူ့ငရဲမှာ တဝဲလည်လည်ဖြစ်နေကြတာ ဘာကြောင့်ပါလဲ။
အလွယ်ယုံက အပါယ်ဘုံကျ။
(လွယ်တာကိုယုံကြည်တော့ ပင်ပန်းဆင်းရဲ့တဲ့နေရာမှာ နေကြရတယ်။)
အယုံလွယ်က ချုံတွယ်ကျ။
(အလွယ်တကူယုံကြည်တော့ ဟိုးအောက်ခြေချုံတောကြားမှာ ဗျာများနေရတယ်။)
(၁)
ဖြစ်မှာမဟုတ်ပါဘူးလို့ ယုံကြည်ရတာဟာ ဖြစ်ကိုဖြစ်မယ်လို့ ယုံကြည်ရတာထက်
ပိုမိုလွယ်ကူတယ်။
ဒီတော့ လွယ်တာကိုပဲ ယုံကြတယ်။ အလွယ်ယုံတော့ အပါယ်ဘုံကျ။
သွေးထွက်အောင်မှန်ပါတယ်။ ဖြစ်မှာမဟုတ်ပါဘူးဆိုတာကို
ယုံကြည်မိတဲ့ထောက်ချောက်မှာ တော်တော်များများ ကျရောက်နေကြပါတယ်။
အလွယ်လမ်းလိုက်တာနဲ့အမျှ ပင်ပန်းဆင်းရဲကြပါတယ်။
အလုပ်ဖြစ်မှာမဟုတ်ပါဘူးယုံကြည်တာတွေ၊
အကြောင်းပြချက်တွေမှာ ဒွန်တွဲနေရတာဟာ လွယ်ကူပါတယ်။ အောင်မြင်မှုကို
စွဲငင်နိုင်တဲ့အထိ ကိုယ်ကိုယ့်ကိုယ် ယုံကြည်မှုကြီးထွားလာအောင် အချိန်ယူရတာ
ခဲယဉ်းပါတယ်။ အချိန်တန်လာရင်တော့ ကိုယ်ပြောတဲ့အသံ၊ ကိုယ်ပြောတဲ့ဟန်မှာ
အဲဒီယုံကြည်မှုရဲ့အလင်း သူများတွေ ရှင်းရှင်းလင်းလင်း သိမြင်လာကြပါမယ်။
အလွယ်ယုံက အပါယ်ဘုံကျ။
အယုံလွယ်က ချုံတွယ်ကျ။
ကဲ ဖုန်ထူထူ လူဆူဆူ အများနဲ့အတူ အပူလမ်းကို လိုက်ကြမလား … စဉ်းစား မိတ်ဆွေ။
(၂)
ပုံမှန်ဖြစ်ရိုးဖြစ်စဉ်လို့ယူဆရတာကို ယုံကြည်ရတာဟာ ပုံမှန်ဖြစ်ရိုးဖြစ်စဉ်မဟုတ်ဘူးလို့ယူဆရတာကို ယုံကြည်ရတာထက် ပိုမိုလွယ်ကူတယ်။
အောင်မြင်မှုဟာ ပုံမှန်ဖြစ်ရိုးဖြစ်စဉ် မဟုတ်ပါဘူး။
ဘဝမှာ
လူအများစုဟာ မအောင်မြင်ကြပါဘူး။ အများစုဟာ လက်လျှော့အရှုံးပေးကြပါတယ်။
ကံကောင်းတဲ့လူနည်းစုကလေးဟာပဲ ဟိုးထိပ်ဆုံးမှာ အမြဲရှိနေကြတာပါ။ သင်
တကယ်အောင်မြင်တယ်ဆိုရင် ဒါဟာ ပုံမှန်ဖြစ်ရိုးဖြစ်စဉ် မဟုတ်တော့ပါဘူး။
လူအများစုရဲ့ ပင်ကိုယ်သဘာဝနဲ့ ဖြောင့်ဖြောင့်ကြီးဆန့်ကျင်တဲ့သင်းကွဲဟာ
သင်ပဲပေါ့။
အဲဒီလို သင်းကွဲဖြစ်ဖို့ဆိုရင် ကိုယ့်ကို နောက်ပြန်ဆွဲထားတဲ့ အများစုထဲက ခွဲထွက်ရဲရပါမယ်။
ပုံမှန်ဖြစ်ရိုးဖြစ်စဉ်မဟုတ်ဘူးလို့ ယူဆရတာထက် ဖြစ်လေ့ဖြစ်ထရှိတဲ့ ပုံမှန်အရာတွေကို ယုံကြရတာ ပိုမိုလွယ်ကူပါတယ်။
အလွယ်ယုံက အပါယ်ဘုံကျ။
အယုံလွယ်က ချုံတွယ်ကျ။
ကဲ ဖုန်ထူထူ လူဆူဆူ အများနဲ့အတူ အပူလမ်းကို လိုက်ကြမလား … စဉ်းစား မိတ်ဆွေ။
(၃)
အများကြီးအပြောခံခဲ့ရတာကိုယုံကြည်ရတာဟာ အပြောခံရခဲတာကိုယုံကြည်ရတာထက် ပိုမိုလွယ်ကူတယ်။
မင်း လုပ်နိုင်မှာ မဟုတ်ပါဘူး။
မင်းနဲ့ မဖြစ်ပါဘူး။
အဲဒါ လွယ်တဲ့ကိစ္စမဟုတ်ဘူး။
အဲဒီလိုဖြစ်ဖို့ လိုအပ်တာတွေ မင်းမှာ မရှိပါဘူး။
စသဖြင့် … စသဖြင့် … စသဖြင့် …
ကြားနေကျအရာတွေဟာ ဒါတွေပါပဲ။
သင်လုပ်နိုင်တယ်။
အဲဒီအတွက်လိုအပ်တာဟူသမျှ သင့်မှာအပြည့်အဝရှိတယ်။
အောင်မြင်ပြီးသားလူတွေ ပြောတာကိုပဲ နားထောင်ပါ။ လက်လျှော့အရှုံးပေးသွားတဲ့သူတွေစကား နားမယောင်ပါနဲ့။
လူပြောသူပြောများတာကို ယုံကြည်ရတာဟာ သိပ်မကြားဖူးတာကို ယုံကြည်ရတာထက် ပိုမိုလွယ်ကူပါတယ်။

(၄)
သူများတွေကိုယုံကြည်ရတာဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ရတာထက် ပိုမိုလွယ်ကူတယ်။
သူများတွေက ကိုယ့်ထက် ပိုထက်မြက်တယ်၊ ပညာပိုတတ်တယ်။ သူတို့ဟာ ကိုယ်တွေအကြောင်းကို ကိုယ်တွေထက်ပိုသိတယ်။
ကိုယ့်ဘဝမှာ ကိုယ့်ကိုလွှမ်းမိုးတဲ့သူတွေ၊ ကိုယ်က ဂရုထားတဲ့သူတွေ အများကြီးရှိတယ်။
ကဲ ဟောဒီမှာ ထောင်တန်တဲ့စကား ..
အဲဒီသူများတွဟာ ကိုယ်သွားချင်တဲ့နေရာကို ရောက်အောင် သယ်ပို့ပေးနိုင်ကြသလား။
ဒါမှမဟုတ်
ကိုယ်သွားချင်တဲ့နေရာ ကိုယ်သွားနေတာကို တားဆီးနိုင်ကြသလား။
အဖြေနှစ်ခုစလုံးဟာ သဲလွန်စတွေပါ။

(၅)
စွန့်ခွာရတာဟာ စွဲမြဲယုံကြည်ရတာထက် ပိုမိုလွယ်ကူတယ်။
လူအများစုဟာ
သူတို့ဘဝ၊ သူတို့လုပ်သမျှမှာ ကျားကုပ်ကျားခဲ စွဲစွဲမြဲမြဲ နေခဲကြပါတယ်။
စွန့်ခွာတတ်တဲ့ ယုံကြည်မှု အလေ့အကျင့်ကသာ သူတို့တတွေ သွားလေရာ
ခြေဖဝါးထပ်ချပ်မကွာ တကောက်ကောက်ပါလာကြပါတယ်။
အကြောင်းပြချက်တစ်ခုခု ရှာကြံဖန်တီးရတာဟာ ဆက်လက်လုပ်ကိုင်နေရတာထက် ပိုမိုလွယ်ကူတယ်။
အခြေအနေမဟန်ရင် ပြန်လစ်မယ်ဆိုတဲ့လက္ခဏာ ကိုယ့်မျက်လုံးတွေထဲမှာ ပါနေသလား။
လူတွေဟာ အရင်ခံစား၊ ပြီးမှ နားဆင်ကြတာပါ။
ကိုယ့်ဆီက
သူတစ်ပါး ဘာတွေခံစားမိကြသလဲ။ ကိုယ်လုပ်နေတဲ့အလုပ်မှာ
အခိုင်အမာယုံကြည်နေတာကိုလား။ ဖြစ်လာမှာမဟုတ်ပါဘူးဆိုပြီး အများနဲ့အတူ
လွယ်ကူတဲ့လမ်းကို လျှောက်လှမ်းဖို့ တာဆူနေတာကိုလား။
ကိုယ်က လွယ်ကူတယ်လို့ ထင်ရင် အဲဒါဟာ လွယ်ကူမယ်။ ခက်ခဲမယ်ထင်ရင်လည်း အဲဒါဟာ ခက်ခဲမှာပဲ။
ကိုယ်လုပ်နေတာမှာ စွဲစွဲမြဲမြဲ ယုံကြည်ဖို့ရာ လောလောဆယ် အနည်းငယ် ခက်ခဲကောင်းခက်ခဲပါလိမ့်မယ်။
ဒါပေမယ့်
သူလိုကိုယ်လို သာမန်ညောင်ညနဲ့ လက်ကျန်ဘဝတစ်လျှောက်လုံး ပင်းပန်းဆင်းရဲ
ခက်ခဲနေရမှာထက်စာရင် မြောက်မြားစွာ သက်သာလွယ်ကူလှပါတယ်။
ကိုယ်လုပ်နေတဲ့အရာဟာ ကိုယ်ကိုယ်တိုင်နဲ့ ကိုယ့်မိသားစုအတွက် ကိုယ်အမှန်ကတယ် လိုချင်နေတဲ့အရာ သေချာပါသလား။
အလွယ်ယုံက အပါယ်ဘုံကျ။
အယုံလွယ်က ချုံတွယ်ကျ။
ကဲ ဖုန်ထူထူ လူဆူဆူ အများနဲ့အတူ အပူလမ်းကို လိုက်ကြမလား … စဉ်းစား မိတ်ဆွေ။
ကိုးကား ။.........။
“5 Reasons that Folks are Struggling Today” by Doug Firebaugh
(လွယ်တာကိုယုံကြည်တော့ ပင်ပန်းဆင်းရဲ့တဲ့နေရာမှာ နေကြရတယ်။)
အယုံလွယ်က ချုံတွယ်ကျ။
(အလွယ်တကူယုံကြည်တော့ ဟိုးအောက်ခြေချုံတောကြားမှာ ဗျာများနေရတယ်။)
(၁)
ဖြစ်မှာမဟုတ်ပါဘူးလို့ ယုံကြည်ရတာဟာ ဖြစ်ကိုဖြစ်မယ်လို့ ယုံကြည်ရတာထက် ပိုမိုလွယ်ကူတယ်။
ဒီတော့ လွယ်တာကိုပဲ ယုံကြတယ်။ အလွယ်ယုံတော့ အပါယ်ဘုံကျ။
သွေးထွက်အောင်မှန်ပါတယ်။ ဖြစ်မှာမဟုတ်ပါဘူးဆိုတာကို ယုံကြည်မိတဲ့ထောက်ချောက်မှာ တော်တော်များများ ကျရောက်နေကြပါတယ်။ အလွယ်လမ်းလိုက်တာနဲ့အမျှ ပင်ပန်းဆင်းရဲကြပါတယ်။
အလုပ်ဖြစ်မှာမဟုတ်ပါဘူးယုံကြည်တ
အလွယ်ယုံက အပါယ်ဘုံကျ။
အယုံလွယ်က ချုံတွယ်ကျ။
ကဲ ဖုန်ထူထူ လူဆူဆူ အများနဲ့အတူ အပူလမ်းကို လိုက်ကြမလား … စဉ်းစား မိတ်ဆွေ။
ပုံမှန်ဖြစ်ရိုးဖြစ်စဉ်လို့ယူဆရတာကို ယုံကြည်ရတာဟာ ပုံမှန်ဖြစ်ရိုးဖြစ်စဉ်မဟုတ်ဘူးလို့ယူဆရတာကို ယုံကြည်ရတာထက် ပိုမိုလွယ်ကူတယ်။
အောင်မြင်မှုဟာ ပုံမှန်ဖြစ်ရိုးဖြစ်စဉ် မဟုတ်ပါဘူး။
ဘဝမှာ လူအများစုဟာ မအောင်မြင်ကြပါဘူး။ အများစုဟာ လက်လျှော့အရှုံးပေးကြပါတယ်။ ကံကောင်းတဲ့လူနည်းစုကလေးဟာပဲ ဟိုးထိပ်ဆုံးမှာ အမြဲရှိနေကြတာပါ။ သင် တကယ်အောင်မြင်တယ်ဆိုရင် ဒါဟာ ပုံမှန်ဖြစ်ရိုးဖြစ်စဉ် မဟုတ်တော့ပါဘူး။ လူအများစုရဲ့ ပင်ကိုယ်သဘာဝနဲ့ ဖြောင့်ဖြောင့်ကြီးဆန့်ကျင်တဲ့သင်းကွဲဟာ သင်ပဲပေါ့။
အဲဒီလို သင်းကွဲဖြစ်ဖို့ဆိုရင် ကိုယ့်ကို နောက်ပြန်ဆွဲထားတဲ့ အများစုထဲက ခွဲထွက်ရဲရပါမယ်။
ပုံမှန်ဖြစ်ရိုးဖြစ်စဉ်မဟုတ်ဘူးလို့ ယူဆရတာထက် ဖြစ်လေ့ဖြစ်ထရှိတဲ့ ပုံမှန်အရာတွေကို ယုံကြရတာ ပိုမိုလွယ်ကူပါတယ်။
အလွယ်ယုံက အပါယ်ဘုံကျ။
အယုံလွယ်က ချုံတွယ်ကျ။
ကဲ ဖုန်ထူထူ လူဆူဆူ အများနဲ့အတူ အပူလမ်းကို လိုက်ကြမလား … စဉ်းစား မိတ်ဆွေ။
အများကြီးအပြောခံခဲ့ရတာကိုယုံကြည်ရတာဟာ အပြောခံရခဲတာကိုယုံကြည်ရတာထက် ပိုမိုလွယ်ကူတယ်။
မင်း လုပ်နိုင်မှာ မဟုတ်ပါဘူး။
မင်းနဲ့ မဖြစ်ပါဘူး။
အဲဒါ လွယ်တဲ့ကိစ္စမဟုတ်ဘူး။
အဲဒီလိုဖြစ်ဖို့ လိုအပ်တာတွေ မင်းမှာ မရှိပါဘူး။
စသဖြင့် … စသဖြင့် … စသဖြင့် …
ကြားနေကျအရာတွေဟာ ဒါတွေပါပဲ။
သင်လုပ်နိုင်တယ်။
အဲဒီအတွက်လိုအပ်တာဟူသမျှ သင့်မှာအပြည့်အဝရှိတယ်။
အောင်မြင်ပြီးသားလူတွေ ပြောတာကိုပဲ နားထောင်ပါ။ လက်လျှော့အရှုံးပေးသွားတဲ့သူတွေစကား နားမယောင်ပါနဲ့။
လူပြောသူပြောများတာကို ယုံကြည်ရတာဟာ သိပ်မကြားဖူးတာကို ယုံကြည်ရတာထက် ပိုမိုလွယ်ကူပါတယ်။
အလွယ်ယုံက အပါယ်ဘုံကျ။
အယုံလွယ်က ချုံတွယ်ကျ။
ကဲ ဖုန်ထူထူ လူဆူဆူ အများနဲ့အတူ အပူလမ်းကို လိုက်ကြမလား … စဉ်းစား မိတ်ဆွေ။
သူများတွေကိုယုံကြည်ရတာဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ရတာထက် ပိုမိုလွယ်ကူတယ်။
သူများတွေက ကိုယ့်ထက် ပိုထက်မြက်တယ်၊ ပညာပိုတတ်တယ်။ သူတို့ဟာ ကိုယ်တွေအကြောင်းကို ကိုယ်တွေထက်ပိုသိတယ်။
ကိုယ့်ဘဝမှာ ကိုယ့်ကိုလွှမ်းမိုးတဲ့သူတွေ၊ ကိုယ်က ဂရုထားတဲ့သူတွေ အများကြီးရှိတယ်။
ကဲ ဟောဒီမှာ ထောင်တန်တဲ့စကား ..
အဲဒီသူများတွဟာ ကိုယ်သွားချင်တဲ့နေရာကို ရောက်အောင် သယ်ပို့ပေးနိုင်ကြသလား။
ဒါမှမဟုတ်
ကိုယ်သွားချင်တဲ့နေရာ ကိုယ်သွားနေတာကို တားဆီးနိုင်ကြသလား။
အဖြေနှစ်ခုစလုံးဟာ သဲလွန်စတွေပါ။
သူများတွေကိုယုံကြည်ရတာဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ရတာထက် ပိုမိုလွယ်ကူတယ်။
အလွယ်ယုံက အပါယ်ဘုံကျ။
အယုံလွယ်က ချုံတွယ်ကျ။
ကဲ ဖုန်ထူထူ လူဆူဆူ အများနဲ့အတူ အပူလမ်းကို လိုက်ကြမလား … စဉ်းစား မိတ်ဆွေ။
စွန့်ခွာရတာဟာ စွဲမြဲယုံကြည်ရတာထက် ပိုမိုလွယ်ကူတယ်။
လူအများစုဟာ သူတို့ဘဝ၊ သူတို့လုပ်သမျှမှာ ကျားကုပ်ကျားခဲ စွဲစွဲမြဲမြဲ နေခဲကြပါတယ်။ စွန့်ခွာတတ်တဲ့ ယုံကြည်မှု အလေ့အကျင့်ကသာ သူတို့တတွေ သွားလေရာ ခြေဖဝါးထပ်ချပ်မကွာ တကောက်ကောက်ပါလာကြပါတယ်။
အကြောင်းပြချက်တစ်ခုခု ရှာကြံဖန်တီးရတာဟာ ဆက်လက်လုပ်ကိုင်နေရတာထက် ပိုမိုလွယ်ကူတယ်။
အခြေအနေမဟန်ရင် ပြန်လစ်မယ်ဆိုတဲ့လက္ခဏာ ကိုယ့်မျက်လုံးတွေထဲမှာ ပါနေသလား။
လူတွေဟာ အရင်ခံစား၊ ပြီးမှ နားဆင်ကြတာပါ။
ကိုယ့်ဆီက သူတစ်ပါး ဘာတွေခံစားမိကြသလဲ။ ကိုယ်လုပ်နေတဲ့အလုပ်မှာ အခိုင်အမာယုံကြည်နေတာကိုလား။ ဖြစ်လာမှာမဟုတ်ပါဘူးဆိုပြီး အများနဲ့အတူ လွယ်ကူတဲ့လမ်းကို လျှောက်လှမ်းဖို့ တာဆူနေတာကိုလား။
ကိုယ်က လွယ်ကူတယ်လို့ ထင်ရင် အဲဒါဟာ လွယ်ကူမယ်။ ခက်ခဲမယ်ထင်ရင်လည်း အဲဒါဟာ ခက်ခဲမှာပဲ။
ကိုယ်လုပ်နေတာမှာ စွဲစွဲမြဲမြဲ ယုံကြည်ဖို့ရာ လောလောဆယ် အနည်းငယ် ခက်ခဲကောင်းခက်ခဲပါလိမ့်မယ်။
ဒါပေမယ့် သူလိုကိုယ်လို သာမန်ညောင်ညနဲ့ လက်ကျန်ဘဝတစ်လျှောက်လုံး ပင်းပန်းဆင်းရဲ ခက်ခဲနေရမှာထက်စာရင် မြောက်မြားစွာ သက်သာလွယ်ကူလှပါတယ်။
ကိုယ်လုပ်နေတဲ့အရာဟာ ကိုယ်ကိုယ်တိုင်နဲ့ ကိုယ့်မိသားစုအတွက် ကိုယ်အမှန်ကတယ် လိုချင်နေတဲ့အရာ သေချာပါသလား။
အလွယ်ယုံက အပါယ်ဘုံကျ။
အယုံလွယ်က ချုံတွယ်ကျ။
ကဲ ဖုန်ထူထူ လူဆူဆူ အများနဲ့အတူ အပူလမ်းကို လိုက်ကြမလား … စဉ်းစား မိတ်ဆွေ။
ကိုးကား ။.........။
“5 Reasons that Folks are Struggling Today” by Doug Firebaugh
No comments:
Post a Comment